
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အေစီမီလန်အသင်းကို အိမ်ကွင်းတွင် ဝ-၃ ဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက် ဂျူဗင်တပ်စ်အသင်းရဲ့ လာမယ့်နှစ်ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးမှာတော်တော်ကို အခြေအနေဆိုးနေပါပြီ။
အသင်းအခြေအနေ ဘယ်လိုပဲရှိရှိ နည်းပြချုပ် ပီယာလိုကတော့ကလပ်ကနေ ထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ ပြောလိုက်ပါတယ်။
ဂျုဗင်တပ်စ် အသင်းဟာ အေစီမီလန် အသင်းကို (၃) ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီး အဆင့်(၅)နေရာကို ရောက်ရှိသွားခဲ့ပါပြီ။
ဒါကြောင့် ပီယာလို ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီးထုတ်ခံရတော့မယ်၊ နည်းပြအသစ်က ဘယ်သူဖြစ်နိုင်တယ်ဆိုတဲ့ သတင်းတွေ ပွထနေတာပါ။
နည်းပြ ပီယာလို ဟာ ဂျုဗင်တပ်စ် အသင်းကို (၄၈)ပွဲကိုင်တွယ်ခဲ့ရာမှာ ပွဲ(၃၀)အနိုင်ရရှိကာ (၁၀)ပွဲသရေ (၈)ပွဲရှုံးနိမ့်ထားတာဖြစ်ပါတယ်။
နည်းပြ ပီယာလိုက “ကျွန်တော် အသင်းကနုတ်ထွက်မှာ မဟုတ်ပါဘူး။ ဒီအလုပ်ကို ခက်ခဲမှန်းသိပေမယ့် စိတ်ပါလက်ပါ တာဝန်ယူခဲ့တာပါ။
သုံးပွဲကစားဖို့ ကျန်ပါသေးတယ်။ အသင်းက ခွင့်ပြုတဲ့ အချိန်အထိ ကာလရှည်ဆက်လုပ်သွားမှာပါ”လို့ပြောဆိုပါတယ်။
ဂျူဗင်တပ်စ် အသင်းဟာ လက်ကျန်စီးရီးအေ ပွဲစဉ်တွေအဖြစ် ဆက်ဆူအိုလို၊ အင်တာမီလန်၊ဘိုလော့ဂ်နာ တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ပီယာလိုဟာ ပြီးခဲ့တဲ့ နွေရာသီက ဆာရီရဲ့နေရာ ကိုအစားဝင်ခဲ့တာဖြစ်ပြီး၊ ပီယာလိုကိုင်တွယ်စဉ်တွင် အသင်းမှာ ခြေစွမ်းမတည်ငြိမ်ခဲ့ဘဲ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် ပေါ်တိုကို ရှုံးနိမ့်ပြီး နုတ်ထွက်ခဲ့ရပါတယ်။
ဒါ့အပြင် ၉ နှစ်ဆက်တိုက် ရရှိခဲ့တဲ့ စီးရီးအေချန်ပီယံဆုကိုလည်း အင်တာမီလန်ကို လွှဲပြောင်းပေးခဲ့ရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အသင္းကေန မထြက္ဘဲ ေပကပ္ေနမယ့္ ပီယာလုိ
ေအစီမီလန္အသင္းကို အိမ္ကြင္းတြင္ ၀-၃ ျဖင့္ ရွုံးနိမ့္ခဲ့ရၿပီးေနာက္ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ လာမယ့္ႏွစ္ေဘာလုံးရာသီအတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေရးမွာေတာ္ေတာ္ကို အေျခအေနဆိုးေနပါၿပီ။အသင္းအေျခအေန ဘယ္လိုပဲရိွရိွ နည္းျပခ်ဳပ္ ပီယာလိုကေတာ့ကလပ္ကေန ထြက္ခြာဖို့ အစီအစဥ္မရွိဘူးလို့ ေျပာလိုက္ပါတယ္။
ဂ်ဳဗင္တပ္စ္ အသင္းဟာ ေအစီမီလန္ အသင္းကို (၃) ဂိုး-ဂိုးမရွိနဲ႔ အေရးနိမ့္ၿပီး အဆင့္(၅)ေနရာကို ေရာက္ရွိသြားခဲ့ပါၿပီ။ ဒါေၾကာင့္ ပီယာလို ရဲ့အနာဂတ္နဲ႔ ပတ္သက္ၿပီးထုတ္ခံရေတာ့မယ္၊ နည္းျပအသစ္က ဘယ္သူျဖစ္ႏိုင္တယ္ဆုိတဲ့ သတင္းေတြ ပြထေနတာပါ။
နည္းျပ ပီယာလို ဟာ ဂ်ဳဗင္တပ္စ္ အသင္းကို (၄၈)ပြဲကိုင္တြယ္ခဲ့ရာမွာ ပြဲ(၃၀)အနိုင္ရရွိကာ (၁၀)ပြဲသေရ (၈)ပြဲရွုံးနိမ့္ထားတာျဖစ္ပါတယ္။
နည္းျပ ပီယာလိုက “ကၽြန္ေတာ္ အသင္းကႏုတ္ထြက္မွာ မဟုတ္ပါဘူး။ ဒီအလုပ္ကို ခက္ခဲမွန္းသိေပမယ့္ စိတ္ပါလက္ပါ တာဝန္ယူခဲ့တာပါ။ သုံးပြဲကစားဖို့ က်န္ပါေသးတယ္။”
“အသင္းက ခြင့္ျပဳတဲ့ အခ်ိန္အထိ ကာလရွည္ဆက္လုပ္သြားမွာပါ”လို့ေျပာဆိုပါတယ္။ ဂ်ဴဗင္တပ္စ္ အသင္းဟာ လက္က်န္စီးရီးေအ ပြဲစဥ္ေတြအျဖစ္ ဆက္ဆူအိုလို၊ အင္တာမီလန္၊ဘိုေလာ့ဂ္နာ တို့နဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။
ပီယာလိုဟာ ၿပီးခဲ့တဲ့ ေႏြရာသီက ဆာရီရဲ႕ေနရာ ကိုအစား၀င္ခဲ့တာျဖစ္ၿပီး၊ ပီယာလိုကိုင္တြယ္စဥ္တြင္ အသင္းမွာ ေျခစြမ္းမတည္ၿငိမ္ခဲ့ဘဲ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္တြင္ ေပၚတိုကို ရွုံးနိမ့္ၿပီး ႏုတ္ထြက္ခဲ့ရပါတယ္။ဒါ့အျပင္ ၉ ႏွစ္ဆက္တိုက္ ရရွိခဲ့တဲ့ စီးရီးေအခ်န္ပီယံဆုကိုလည္း အင္တာမီလန္ကို လႊဲေျပာင္းေပးခဲ့ရပါတယ္။