အသင်းကနေ ထွက်ခွာခွင့်ရဖို့ ဆန်ချို ဖိအားပေးလာနိုင်တယ်လို့ ဒေါ့မွန်အသင်း ဝန်ခံ

Photo Credit

ဒေါ့မွန်အသင်းအမှုဆောင်အရာရှိချုပ်က တောင်ပံကစားသမား ဆန်ချိုအနေနဲ့ ဥရောပရဲ့ပင်ကိုပါရမီအရှိဆုံးကစားသမားဖြစ်လာနိုင်ကြောင်း ချီးကျူးခဲ့သလို အသင်းကနေ ထွက်ခွာဖို့လည်း ဖိအားပေးကြိုးစားလာနိုင်ကြောင်း ဝန်ခံသွားပါတယ်။

Photo Credit

အသင်းစီအီးအို ဝက်ဇ်ကီက အသက် ၁၉နှစ်အရွယ်ရှိ ဆန်ချိုဟာ အသက် ၂၁နှစ်အောက် ကစားသမားတွေအနက် အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးခဲ့ပြီး လီဗာပူး၊ ချဲလ်ဆီး၊ အသင်းဟောင်း စီးတီးနဲ့ ရီးရဲလ်တို့အပါအဝင် ဥရောပအသင်းကြီးတွေက သူ့ကို ခေါ်ယူဖို့ အနီးကပ်စောင့်ကြည့်နေပါတယ်။

Photo Credit

”ဆန်ချိုက တကယ့်ကိုကြီးကျယ်တဲ့ပါရမီပိုင်ရှင်ဖြစ်ပြီး လက်ရှိ ဥရောပရဲ့ အသက် ၂၁နှစ်အောက်ကစားသမားတွေအနက် အကောင်းဆုံးကစားသမားလည်းဖြစ်ပါတယ်။ ကျွန်တော့်အမြင်ကို ပြောရရင် သူဟာ လာမယ့်နှစ်အနည်းငယ်အတွင်း ကမ္ဘာ့အကောင်းဆုံးထိပ်ဆုံး ၂ဦး၊ ၃ဦးစာရင်းဝင်လာပါလိမ့်မယ်”လို့ ဝက်ဇ်ကီက ပြောပါတယ်။

Photo Credit

အသက် ၆၀အရွယ်ရှိ ဂျာမန်စီးပွားရေးလုပ်ငန်းရှင် ဝက်ဇ်ကီက အသင်းနဲ့ ဆန်ချိုတို့ကြား ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး အတတ်နိုင်ဆုံး သူ့ကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူက ”တကယ်လို့ တစ်နေ့နေ့မှာ သူအသင်းပြောင်းချင်တယ်လို့ လာအသိပေးတဲ့အခါကျရင် အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ”လို့ ဝက်ဇ်ကီက ဝန်ခံပါတယ်။

Photo Credit

ယူနိုက်တက်အသင်းက ဆန်ချိုကို ခေါ်ယူဖို့ ပိုမိုအခြေအနေကောင်းနေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀၀န်းကျင်နဲ့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။ ဆန်ချိုဟာ အင်္ဂလန်အသင်းအတွက် ၁၁ပွဲကစား ၂ဂိုးသွင်းယူထားပြီး ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်လာနိုင်ပါတယ်။

Photo Credit

သူဟာ ဒီရာသီမှာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၇ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၉ကြိမ် ပြုလုပ်ပေးထားပြီး ဒေါ့မွန်က သူ့ရဲ့ပြောင်းရွှေ့ကြေးကို ပေင်သန်း ၁၀၀ သတ်မှတ်ထားပေမယ့် ပရီးမီးယားလိဂ်ကလပ်တွေအတွက် သုံးနိုင်တဲ့ပမာဏဖြစ်နေပါတယ်။

Photo Credit

Zawgyi

အသင္းကေန ထြက္ခြာခြင့္ရဖို႔ ဆန္ခ်ိဳ ဖိအားေပးလာႏုိင္တယ္လုိ႔ ေဒါ့မြန္အသင္း ၀န္ခံ

ေဒါ့မြန္အသင္းအမႈေဆာင္အရာရွိခ်ဳပ္က ေတာင္ပံကစားသမား ဆန္ခ်ိဳအေနနဲ႔ ဥေရာပရဲ႕ပင္ကိုပါရမီအရွိဆုံးကစားသမားျဖစ္လာႏုိင္ေၾကာင္း ခ်ီးက်ဴးခဲ့သလို အသင္းကေန ထြက္ခြာဖို႔လည္း ဖိအားေပးႀကိဳးစားလာႏိုင္ေၾကာင္း ၀န္ခံသြားပါတယ္။
အသင္းစီအီးအို ၀က္ဇ္ကီက အသက္ ၁၉ႏွစ္အရြယ္ရွိ ဆန္ခ်ိဳဟာ အသက္ ၂၁ႏွစ္ေအာက္ ကစားသမားေတြအနက္ အေကာင္းဆုံးကစားသမားတစ္ဦးျဖစ္ေၾကာင္း ခ်ီးက်ဴးခဲ့ၿပီး လီဗာပူး၊ ခ်ဲလ္ဆီး၊ အသင္းေဟာင္း စီးတီးနဲ႔ ရီးရဲလ္တုိ႔အပါအ၀င္ ဥေရာပအသင္းႀကီးေတြက သူ႕ကို ေခၚယူဖုိ႔ အနီးကပ္ေစာင့္ၾကည့္ေနပါတယ္။
”ဆန္ခ်ိဳက တကယ့္ကုိႀကီးက်ယ္တဲ့ပါရမီပိုင္ရွင္ျဖစ္ၿပီး လက္ရွိ ဥေရာပရဲ႕ အသက္ ၂၁ႏွစ္ေအာက္ကစားသမားေတြအနက္ အေကာင္းဆုံးကစားသမားလည္းျဖစ္ပါတယ္။ ကၽြန္ေတာ့္အျမင္ကို ေျပာရရင္ သူဟာ လာမယ့္ႏွစ္အနည္းငယ္အတြင္း ကမၻာ့အေကာင္းဆုံးထိပ္ဆုံး ၂ဦး၊ ၃ဦးစာရင္း၀င္လာပါလိမ့္မယ္”လုိ႔ ၀က္ဇ္ကီက ေျပာပါတယ္။
အသက္ ၆၀အရြယ္ရွိ ဂ်ာမန္စီးပြားေရးလုပ္ငန္းရွင္ ၀က္ဇ္ကီက အသင္းနဲ႔ ဆန္ခ်ိဳတို႔ၾကား ေကာင္းမြန္တဲ့ဆက္ဆံေရးရွိၿပီး အတတ္ႏိုင္ဆုံး သူ႕ကို အသင္းမွာ ဆက္ထိန္းႏိုင္ဖို႔ ႀကိဳးစားသြားမယ္လုိ႔ ဆုိပါတယ္။ ဒါေပမဲ့ သူက ”တကယ္လုိ႔ တစ္ေန႔ေန႔မွာ သူအသင္းေျပာင္းခ်င္တယ္လုိ႔ လာအသိေပးတဲ့အခါက်ရင္ အဲဒီကိစၥနဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ္တုိ႔ ေဆြးေႏြးသြားမွာပါ”လုိ႔ ၀က္ဇ္ကီက ၀န္ခံပါတယ္။
ယူႏုိက္တက္အသင္းက ဆန္ခ်ိဳကို ေခၚယူဖုိ႔ ပိုမိုအေျခအေနေကာင္းေနၿပီး ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၁၀၀၀န္းက်င္နဲ႔ ကမ္းလွမ္းဖြယ္ရိွေနပါတယ္။ ဆန္ခ်ိဳဟာ အဂၤလန္အသင္းအတြက္ ၁၁ပြဲကစား ၂ဂိုးသြင္းယူထားၿပီး ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲ၀င္ အဂၤလန္အသင္းရဲ႕အဓိကကစားသမားတစ္ဦးျဖစ္လာႏိုင္ပါတယ္။
သူဟာ ဒီရာသီမွာ ေဒါ့မြန္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၇ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၁၉ႀကိမ္ ျပဳလုပ္ေပးထားၿပီး ေဒါ့မြန္က သူ႕ရဲ႕ေျပာင္းေရႊ႕ေၾကးကို ေပင္သန္း ၁၀၀ သတ္မွတ္ထားေပမယ့္ ပရီးမီးယားလိဂ္ကလပ္ေတြအတြက္ သုံးႏုိင္တဲ့ပမာဏျဖစ္ေနပါတယ္။