အသင်းကနေဆိုင်းငံ့ထားပေမယ့် ဂရင်းဝုဒ်ကို တစ်ပတ် ပေါင် ၇၅၀၀၀ ပေးနေရဆဲမန်ယူ

ကလပ်ဝန်းကျင်မှာ ဂရင်းဝုဒ်နဲ့ပတ်သက်လို့ ဘာအရိပ်အယောင်မှ

တွေ့ရမှာ မဟုတ်ပေမယ့် မန်ယူဟာ အဲဒီတိုက်စစ်မှုးကို လစာဖြစ်တဲ့

တစ်ပတ် ပေါင် ၇၅၀၀၀ ပေးနေရဆဲပါပဲ။ အသက် ၂၀ အရွယ် ကစားသမားဟာ

ပြီးခဲ့တဲ့ဇန်နရီက ချစ်သူဟောင်းကို အလိုမတူဘဲ သားမယားပြုကျင့်မှု၊

ကိုယ်ထိလက်ရောက်စော်ကားမှုတို့နဲ့ စွဲချက်တင်ခံရပြီး တရားရင်ဆိုင်နေရတာပါ။

အဲဒီအတွက် သူဟာ အချုပ်ထဲမှာ ရက်အနည်းငယ်နေခဲ့ရပေမယ့် အာမခံရခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ဘဝဟာ အရင်လိုမဟုတ်တော့ဘဲ အဖမ်းခံရပြီးကတည်းက

အရပ်ထဲမှာတောင် သိပ်မတွေ့ရဘဲ သိုသိုသိပ်သိပ်သာ နေနေရတာပါ။

မန်ယူအတွက် ဂရင်းဝုဒ်နောက်ဆုံးကစားပေးခဲ့တာက ပြီးခဲ့တဲ့ဇန်နဝါရီ

၂၂ ရက်နေ့က အိုးလ်ထရက်ဖို့ဒ်မှာ ဝက်စ်ဟမ်းနဲ့ကစားခဲ့တဲ့ပွဲဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းက အာမခံသက်တမ်းနှစ်ကြိမ်တိုင်တိုးခဲ့ရပြီး ကလပ်ကလည်း

ဂရင်းဝုဒ်ကို ပရိသတ်တွေမေ့သွားအောင် လုပ်ဆောင်စရာတွေလုပ်ခဲ့ရတာပါ။

အသင်းရဲ့မီဂါစတိုးမှာ ဆိုင်းငံ့ထားတဲ့ကစားသမားရဲ့ဂျာစီအပြင်

သူ့နဲ့ပတ်သက်တဲ့ဘာပစ္စည်းမှ ရောင်းတာမရှိတော့ပါဘူး။

သူအဖမ်းခံရပြီးနောက် ချက်ချင်းပဲ Nike က စပွန်ဆာစာချုပ်ကို

ဖျက်သိမ်းခဲ့ပါတယ်။ မန်ယူကတော့ တရားရုံးရဲ့ဆုံးဖြတ်ချက်

ထွက်မပေါ်မချင်း ၂၀၂၅ အထိ ဂရင်းဝုဒ်ကို တစ်ပတ်ပေါင်း ၇၅၀၀၀

ပေးနေရမှာပါ။ အလားအလာကောင်းတွေရှိတဲ့ အဲဒီမန်ယူအကယ်ဒမီ

ထွက်ဟာ အသင်းကနေ ဆိုင်းငံ့မခံရခင် မန်ယူအတွက် စီနီယာအဆင့်

၁၂၉ ပွဲမှာ ၃၅ ဂိုးသွင်း၊ ၁၂ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

zawgyi

အသင္းကေနဆိုင္းငံ့ထားေပမယ့္ ဂရင္းဝုဒ္ကို တစ္ပတ္ ေပါင္ ၇၅၀၀၀ ေပးေနရဆဲမန္ယူ

ကလပ္ဝန္းက်င္မွာ ဂရင္းဝုဒ္နဲ႔ပတ္သက္လို႔ ဘာအရိပ္အေယာင္မွ

ေတြ႕ရမွာ မဟုတ္ေပမယ့္ မန္ယူဟာ အဲဒီတိုက္စစ္မႈးကို လစာျဖစ္တဲ့

တစ္ပတ္ ေပါင္ ၇၅၀၀၀ ေပးေနရဆဲပါပဲ။ အသက္ ၂၀ အ႐ြယ္ ကစားသမားဟာ

ၿပီးခဲ့တဲ့ဇန္နရီက ခ်စ္သူေဟာင္းကို အလိုမတူဘဲ သားမယားျပဳက်င့္မႈ၊

ကိုယ္ထိလက္ေရာက္ေစာ္ကားမႈတို႔နဲ႔ စြဲခ်က္တင္ခံရၿပီး တရားရင္ဆိုင္ေနရတာပါ။

အဲဒီအတြက္ သူဟာ အခ်ဳပ္ထဲမွာ ရက္အနည္းငယ္ေနခဲ့ရေပမယ့္ အာမခံရခဲ့ပါတယ္။

ဒါေပမဲ့ သူ႔ရဲ႕ဘဝဟာ အရင္လိုမဟုတ္ေတာ့ဘဲ အဖမ္းခံရၿပီးကတည္းက

အရပ္ထဲမွာေတာင္ သိပ္မေတြ႕ရဘဲ သိုသိုသိပ္သိပ္သာ ေနေနရတာပါ။

မန္ယူအတြက္ ဂရင္းဝုဒ္ေနာက္ဆုံးကစားေပးခဲ့တာက ၿပီးခဲ့တဲ့ဇန္နဝါရီ

၂၂ ရက္ေန႔က အိုးလ္ထရက္ဖို႔ဒ္မွာ ဝက္စ္ဟမ္းနဲ႔ကစားခဲ့တဲ့ပြဲျဖစ္ပါတယ္။

အဲဒီေနာက္ပိုင္းက အာမခံသက္တမ္းႏွစ္ႀကိမ္တိုင္တိုးခဲ့ရၿပီး ကလပ္ကလည္း

ဂရင္းဝုဒ္ကို ပရိသတ္ေတြေမ့သြားေအာင္ လုပ္ေဆာင္စရာေတြလုပ္ခဲ့ရတာပါ။

အသင္းရဲ႕မီဂါစတိုးမွာ ဆိုင္းငံ့ထားတဲ့ကစားသမားရဲ႕ဂ်ာစီအျပင္

သူ႔နဲ႔ပတ္သက္တဲ့ဘာပစၥည္းမွ ေရာင္းတာမရွိေတာ့ပါဘူး။

သူအဖမ္းခံရၿပီးေနာက္ ခ်က္ခ်င္းပဲ Nike က စပြန္ဆာစာခ်ဳပ္ကို

ဖ်က္သိမ္းခဲ့ပါတယ္။ မန္ယူကေတာ့ တရား႐ုံးရဲ႕ဆုံးျဖတ္ခ်က္

ထြက္မေပၚမခ်င္း ၂၀၂၅ အထိ ဂရင္းဝုဒ္ကို တစ္ပတ္ေပါင္း ၇၅၀၀၀

ေပးေနရမွာပါ။ အလားအလာေကာင္းေတြရွိတဲ့ အဲဒီမန္ယူအကယ္ဒမီ

ထြက္ဟာ အသင္းကေန ဆိုင္းငံ့မခံရခင္ မန္ယူအတြက္ စီနီယာအဆင့္

၁၂၉ ပြဲမွာ ၃၅ ဂိုးသြင္း၊ ၁၂ ဂိုးဖန္တီးႏိုင္ခဲ့ပါတယ္။