အသင်းကတာဝန်ရှိသူတွေကစိုးရိမ်ပေမယ့် အရမ်းကစားချင်လွန်းလို့ ကွင်းထဲဝင်ခဲ့တဲ့ နေမာ

 

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

အခုရာသီဒဏ်ရာရခဲ့တဲ့ကစားသမားထဲမှာနေမာလည်းပါပါတယ်။ဒဏ်ရာပြဿနာကြောင့် အနားယူနေရတဲ့ PSG တိုက်စစ်မှူးနေမာဟာ ဒေါ့မွန်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ အသင်းအတွက် ပြန်လည်ပွဲထွက် ကစားပေးခဲ့ပါတယ်။

photo internet

နေမာဟာ နဂိုတုန်းကအသင်းနဲ့အဆင်မပြေဖြစ်နေခဲ့ပေမယ့် မြက်ခင်းစိမ်းပေါ် တက်လှမ်းချင်စိတ်ကတော့ပြင်းပြပါတယ်။ ရှေ့ပိုင်းကတည်းက ဒဏ်ရာသက်သာနေပြီးကစားချင်ခဲ့ပေမယ့် အသင်းတာဝန်ရှိသူတွေက တားခဲ့တာဖြစ်ပါတယ်။

photo internet

ဒေါ့မွန်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ နေမာပြန်လည်ပါဝင်လာခဲ့ပြီး အသင်းအတွက် ဂိုးတစ်ဂိုးသွင်းယူ ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် PSG ကတော့ ဒေါ့မွန်အသင်းကို ရှုံးနိမ့်သွားခဲ့ပါတယ်။“ကျွန်တော်အသင်း အတွက် ပြန်ကစားပေးချင်နေတာ ကြာနေပါပြီ။ဒါပေမယ့် အသင်းဖက်က ကျွန်တော့်ဒဏ်ရာအခြေအနေပိုဆိုးသွား မှာစိုးရိမ်တာကြောင့် ကစားခွင့်မပေးခဲ့ပါဘူး။ အခုပြီးခဲ့တဲ့ပွဲမှာတော့ ကျွန်တော်မဖြစ်မနေဝင်ကစားခဲ့ပါ တယ်”ဆိုပြီးနေမာကပြောပါတယ်။

photo internet

ဒါ့အပြင် “ဒီပွဲမှာကစားခွင့်ရတဲ့၊ ဂိုးသွင်းနိုင်ခဲ့တဲ့အတွက်လည်း ကျေနပ်မိပါတယ်။ ဒုတိယအကျော့မှာ အကောင်းဆုံးရလဒ်တစ်ခုရရှိအောင် ကျွန်တော်တို့ကြိုးစားသွားမှာပါ။ လုပ်နိုင်မယ်လို့လည်းယုံကြည်ပါတယ်”ဆိုပြီး နေမာက ပြောကြားပါသေးတယ်။

photo internet

နေမာဟာ ဒဏ်ရာပြဿနာတွေကြောင့် PSG အသင်းရဲ့ပွဲစဉ်တချို့ကို လွဲချော်ခဲ့ရသလို အသင်းဟောင်းဘာစီလိုနာနဲ့ အပြောင်းအရွှေ့သတင်းတွေ လည်းထွက်ပေါ်ထားပါသေးတယ်။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

အသင္းကတာ၀န္ရိွသူေတြကစိုးရိမ္ေပမယ့္ အရမ္းကစားခ်င္လြန္းလို႔ ကြင္းထဲ၀င္ခဲ့တဲ့ ေနမာ

အခုရာသီဒဏ္ရာရခဲ့တဲ့ကစားသမားထဲမွာေနမာလည္းပါပါတယ္။ဒဏ္ရာျပႆနာေၾကာင့္ အနားယူေနရတဲ့ PSG တိုက္စစ္မႉးေနမာဟာ ေဒါ့မြန္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာေတာ့ အသင္းအတြက္ ျပန္လည္ပြဲထြက္ ကစားေပးခဲ့ပါတယ္။ ေနမာဟာ နဂိုတုန္းကအသင္းနဲ႔အဆင္မေျပျဖစ္ေနခဲ့ေပမယ့္ ျမက္ခင္းစိမ္းေပၚ တက္လွမ္းခ်င္စိတ္ကေတာ့ျပင္းျပပါတယ္။ ေရွ႕ပိုင္းကတည္းက ဒဏ္ရာသက္သာေနၿပီးကစားခ်င္ခဲ့ေပမယ့္ အသင္းတာ၀န္ရိွသူေတြက တားခဲ့တာျဖစ္ပါတယ္။

ေဒါ့မြန္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာေတာ့ ေနမာျပန္လည္ပါဝင္လာခဲ့ၿပီး အသင္းအတြက္ ဂိုးတစ္ဂိုးသြင္းယူ ေပးႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ PSG ကေတာ့ ေဒါ့မြန္အသင္းကို ရႈံးနိမ့္သြားခဲ့ပါတယ္။“ကြၽန္ေတာ္အသင္း အတြက္ ျပန္ကစားေပးခ်င္ေနတာ ၾကာေနပါၿပီ။ဒါေပမယ့္ အသင္းဖက္က ကၽြန္ေတာ့္ဒဏ္ရာအေျခအေနပိုဆိုးသြား မွာစုိးရိမ္တာေၾကာင့့္ ကစားခြင့္မေပးခဲ့ပါဘူး။ အခုၿပီးခဲ့တဲ့ပြဲမွာေတာ့ ကၽြန္ေတာ္မျဖစ္မေန၀င္ကစားခဲ့ပါ တယ္”ဆိုၿပီးေနမာကေျပာပါတယ္။

ဒါ့အျပင္ “ဒီပြဲမွာကစားခြင့္ရတဲ့၊ ဂိုးသြင္းႏိုင္ခဲ့တဲ့အတြက္လည္း ေက်နပ္မိပါတယ္။ ဒုတိယအေက်ာ့မွာ အေကာင္းဆုံးရလဒ္တစ္ခုရရွိေအာင္ ကြၽန္ေတာ္တို႔ႀကိဳးစားသြားမွာပါ။ လုပ္ႏိုင္မယ္လို႔လည္းယုံၾကည္ပါတယ္”ဆိုၿပီး ေနမာက ေျပာၾကားပါေသးတယ္။

ေနမာဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ PSG အသင္းရဲ႕ပြဲစဥ္တခ်ိဳ႕ကို လြဲေခ်ာ္ခဲ့ရသလို အသင္းေဟာင္းဘာစီလိုနာနဲ႔ အေျပာင္းအေ႐ႊ႕သတင္းေတြ လည္းထြက္ေပၚထားပါေသးတယ္။