အသင္းေျပာင္းသြားေပမယ့္ ယူႏိုက္တက္မွာ ဆန္းခ်က္ဇ္ရဲ႕အနာဂတ္ရွိေနဆဲလုိ႔ ဆုိးလ္ရွား အခုိင္အမာဆုိ

Photo Credit

Photo Credit

ယူႏုိက္တက္တုိက္စစ္မွဴး ဆန္းခ်က္ဇ္အေနနဲ႔ ယခုေႏြရာသီအတြင္း အသင္းကေန အငွားနဲ႔ ထြက္ခြာသြားေပမယ့္ အုိးလ္ထရက္ဖို႔ဒ္အေျခစိုက္အသင္းမွာ သူ႕အနာဂတ္ ရွိေနဆဲျဖစ္ေၾကာင္း ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားက အခုိင္အမာေျပာၾကားလိုက္ပါတယ္။

Photo Credit ; Getty Images

ခ်ီလီလက္ေရြးစင္ ဆန္းခ်က္ဇ္ဟာ ၂၀၁၈ ဇန္န၀ါရီလက အာဆင္နယ္ကေန ေရာက္ရွိလာၿပီးခ်ိန္ကတည္းက ပုံမွန္ေျခစြမ္းရရွိဖို႔ ႐ုန္းကန္ေနခဲ့ရၿပီး ယခုအခါ အင္တာမီလန္အသင္းနဲ႔အတူ ၂၀၁၉-၂၀ ရာသီမွာ အငွားကစားသမားဘ၀နဲ႔ သူ႕ကစားသမားဘ၀ကို ျပန္လည္တည္ေဆာက္ဖို႔ ႀကိဳးစားေနပါတယ္။

Photo Credit ; Getty Images

ယူႏိုက္တက္ပရိသတ္အမ်ားစုက အငွားနဲ႔ထြက္သြားတဲ့ ဆန္းခ်က္ဇ္ကို အသင္းမွာ ျပန္လည္ျမင္ေတြ႕ရဖုိ႔ မရွိေတာ့ဘူးလုိ႔ ခံစားေနရေပမယ့္ ဆုိးလ္ရွားကေတာ့ ႐ိုးမားကို အငွားနဲ႔ ေရာက္သြားတဲ့ ေနာက္ခံလူစေမာလင္းလို အခုလိုအငွားနဲ႔သြားေရာက္ကစားတာက အသင္းမွာ သူတုိ႔ရဲ႕အနာဂတ္ေတြ ဆက္ရွိဖို႔အတြက္ျဖစ္တယ္လုိ႔ အခုိင္အမာဆုိပါတယ္။

Photo Credit ; Getty Images

”ဆန္းခ်က္ဇ္ရဲ႕အငွားစာခ်ဳပ္က ဒီတစ္ႏွစ္ပဲဆိုတာ သိပ္ကိုေသခ်ာပါတယ္။ ပေရာ္ဖက္ရွင္နယ္ျဖစ္ဖုိ႔လည္း ေမွ်ာ္လင့္ပါတယ္။ အဲဒီကို သြားၿပီး မန္ခ်က္စတာယူႏိုက္တက္ကုိယ္စားအျဖစ္ အေကာင္းဆုံးကစားေပးပါ။ သူတုိ႔ေျခစြမ္းျပႏုိင္ဖို႔လည္း ကၽြန္ေတာ္တို႔ ဆႏၵရွိပါတယ္”လုိ႔ ဆိုးလ္ရွားက ေျပာပါတယ္။

Photo Credit ; Getty Images

ဆန္းခ်က္ဇ္ဟာ ယူႏိုက္တက္အတြက္ စုစုေပါင္း ၄၅ပြဲကစားေပးခဲ့ရာမွာ ၅ဂိုးပဲသြင္းယူႏိုင္ခဲ့ေပမယ့္ အသင္းက သူ႕အေပၚ ဘယ္ေလာက္ေမွ်ာ္လင့္ေနေသးလဲဆုိတာ အင္တာနဲ႔သေဘာတူညီခဲ့တဲ့ အငွားစာခ်ဳပ္မွာ အၿပီးသတ္ေခၚယူခြင့္အခ်က္ မထည့္သြင္းတဲ့အထိ ျဖစ္တယ္လုိ႔ သိရပါတယ္။

Photo Credit ; Getty Images

ယူႏုိက္တက္ဟာ အူဒီးနိစ္နဲ႔ ဘာစီလုိနာတုိက္စစ္မွဴးေဟာင္း ဆန္းခ်က္ဇ္အေနနဲ႔ အင္တာမီလန္္နဲ႔အတူ စီးရီးေအမွာ ပုံစံေကာင္းျပန္ရၿပီး ယူႏုိက္တက္ကို အေကာင္းဆုံးပုံစံနဲ႔ ျပန္ေရာက္ကာ သူ႕အေပၚ ေ၀ဖန္မႈေတြမွားယြင္းေၾကာင္း သက္ေသျပႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

Photo Credit ; Reuters

ယူႏိုက္တက္ဟာ အေစာပိုင္းမွာလည္း တုိက္စစ္မွဴးလူကာကူကုိ အင္တာမီလန္အသင္းထံပဲ ေရာင္းခ်ခဲ့ၿပီးျဖစ္ရာ အခုလိုဆန္းခ်က္ဇ္ကိုပါ အငွားနဲ႔ ထပ္မံထြက္ခြာခြင့္ျပဳခဲ့လုိ႔ တုိက္စစ္ပိုင္းမွာ ဆိုးလ္ရွားအေနနဲ႔ မာရွယ္၊ ရက္ရွ္ဖို႔ဒ္နဲ႔ အသက္ ၁၇ႏွစ္အရြယ္ရွိ အကယ္ဒမီစတား ေမဆင္ဂရင္း၀ုဒ္တုိ႔ကိုသာ အားကုိးရဖြယ္ရိွေနပါတယ္။

Photo Credit ; Getty Images

Unicode

အသင်းပြောင်းသွားပေမယ့် ယူနိုက်တက်မှာ ဆန်းချက်ဇ်ရဲ့အနာဂတ်ရှိနေဆဲလို့ ဆိုးလ်ရှား အခိုင်အမာဆို

ယူနိုက်တက်တိုက်စစ်မှူး ဆန်းချက်ဇ်အနေနဲ့ ယခုနွေရာသီအတွင်း အသင်းကနေ အငှားနဲ့ ထွက်ခွာသွားပေမယ့် အိုးလ်ထရက်ဖို့ဒ်အခြေစိုက်အသင်းမှာ သူ့အနာဂတ် ရှိနေဆဲဖြစ်ကြောင်း ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက အခိုင်အမာပြောကြားလိုက်ပါတယ်။
ချီလီလက်ရွေးစင် ဆန်းချက်ဇ်ဟာ ၂၀၁၈ ဇန်နဝါရီလက အာဆင်နယ်ကနေ ရောက်ရှိလာပြီးချိန်ကတည်းက ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်နေခဲ့ရပြီး ယခုအခါ အင်တာမီလန်အသင်းနဲ့အတူ ၂၀၁၉-၂၀ ရာသီမှာ အငှားကစားသမားဘဝနဲ့ သူ့ကစားသမားဘဝကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။
ယူနိုက်တက်ပရိသတ်အများစုက အငှားနဲ့ထွက်သွားတဲ့ ဆန်းချက်ဇ်ကို အသင်းမှာ ပြန်လည်မြင်တွေ့ရဖို့ မရှိတော့ဘူးလို့ ခံစားနေရပေမယ့် ဆိုးလ်ရှားကတော့ ရိုးမားကို အငှားနဲ့ ရောက်သွားတဲ့ နောက်ခံလူစမောလင်းလို အခုလိုအငှားနဲ့သွားရောက်ကစားတာက အသင်းမှာ သူတို့ရဲ့အနာဂတ်တွေ ဆက်ရှိဖို့အတွက်ဖြစ်တယ်လို့ အခိုင်အမာဆိုပါတယ်။
”ဆန်းချက်ဇ်ရဲ့အငှားစာချုပ်က ဒီတစ်နှစ်ပဲဆိုတာ သိပ်ကိုသေချာပါတယ်။ ပရော်ဖက်ရှင်နယ်ဖြစ်ဖို့လည်း မျှော်လင့်ပါတယ်။ အဲဒီကို သွားပြီး မန်ချက်စတာယူနိုက်တက်ကိုယ်စားအဖြစ် အကောင်းဆုံးကစားပေးပါ။ သူတို့ခြေစွမ်းပြနိုင်ဖို့လည်း ကျွန်တော်တို့ ဆန္ဒရှိပါတယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။
ဆန်းချက်ဇ်ဟာ ယူနိုက်တက်အတွက် စုစုပေါင်း ၄၅ပွဲကစားပေးခဲ့ရာမှာ ၅ဂိုးပဲသွင်းယူနိုင်ခဲ့ပေမယ့် အသင်းက သူ့အပေါ် ဘယ်လောက်မျှော်လင့်နေသေးလဲဆိုတာ အင်တာနဲ့သဘောတူညီခဲ့တဲ့ အငှားစာချုပ်မှာ အပြီးသတ်ခေါ်ယူခွင့်အချက် မထည့်သွင်းတဲ့အထိ ဖြစ်တယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ အူဒီးနိစ်နဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်း ဆန်းချက်ဇ်အနေနဲ့ အင်တာမီလန်နဲ့အတူ စီးရီးအေမှာ ပုံစံကောင်းပြန်ရပြီး ယူနိုက်တက်ကို အကောင်းဆုံးပုံစံနဲ့ ပြန်ရောက်ကာ သူ့အပေါ် ဝေဖန်မှုတွေမှားယွင်းကြောင်း သက်သေပြနိုင်ဖို့ မျှော်လင့်နေပါတယ်။
ယူနိုက်တက်ဟာ အစောပိုင်းမှာလည်း တိုက်စစ်မှူးလူကာကူကို အင်တာမီလန်အသင်းထံပဲ ရောင်းချခဲ့ပြီးဖြစ်ရာ အခုလိုဆန်းချက်ဇ်ကိုပါ အငှားနဲ့ ထပ်မံထွက်ခွာခွင့်ပြုခဲ့လို့ တိုက်စစ်ပိုင်းမှာ ဆိုးလ်ရှားအနေနဲ့ မာရှယ်၊ ရက်ရှ်ဖို့ဒ်နဲ့ အသက် ၁၇နှစ်အရွယ်ရှိ အကယ်ဒမီစတား မေဆင်ဂရင်းဝုဒ်တို့ကိုသာ အားကိုးရဖွယ်ရှိနေပါတယ်။