အသင္းေျပာငး္ဖို႔ အခ်ိန္ဘယ္ေလာက္မွ မက်န္ေတာ႔ဘူးလို႔ ဟယ္ရီကိန္းကို ဖာဒီနန္သတိေပး

Photo- Internet
Photo- Internet

မန္ယူအသင္းေနာက္ခံလူေဟာင္း ရီယိုဖာဒီနန္က စပါးတိုက္စစ္မွဴ း ဟယ္ရီကိန္းအေနနဲ႔ ဆုဖလားေတြရယူလိုတယ္ဆိုရင္ အသင္းေျပာင္းဖို႔လိုေနၿပီး ဒီအတြက္လည္း ကစားသမားဘ၀မွာအခ်ိန္ ဘယ္ေလာက္မွမက်န္ေတာ႔ဘူးလို႔ သတိေပးလိုက္ပါတယ္။

ဟယ္ရီကိန္းဟာ စပါးနဲ႔အတူေျခစြမ္းျပႏိုင္ခဲ့လို႔ အဂၤလန္အသင္းရဲ႕အဓိက တိုက္စစ္မွဴ းအျဖစ္ရပ္တည္ခဲ့ေပမယ္႔ စပါးကစားသမားဘ၀မွာေတာ႔ ေအာင္ျမင္မႈနည္းပါးေနၿပီး ၿပီးခဲ့တဲ႔ ရာသီကခ်န္ပီယံလိဂ္ ဗိုလ္လုပြဲတက္ေရာက္ခဲ့မႈနဲ႔ ၂၀၁၅ မွာလိဂ္ဖလားရရွိခဲ့မႈတို႔ကသာ ရွားပါးတဲ႔ေအာင္ျမင္မႈအျဖစ္ရွိေနတာပါ။ လက္ရွိမွာ စပါးဟာ ပရီးမီးယားလိဂ္မွာထိပ္ဆုံးကဦးေဆာင္ေနတဲ႔ လီဗာပူးနဲ႔ ၁၀ မွတ္ကြာဟေနသလို ၿပီးခဲ့တဲ႔ တစ္ပတ္ကလည္း လိဂ္ဖလားမွာ ကိုခ်က္စတာကိုရႈံးၿပီး ၿပိဳင္ပြဲကေနထြက္ခဲ့ရတာပါ။

Photo- Internet

ဒီအေျခအေနမွာ စပါးဟာမေန႔ညတုန္းက ဘိုင္ယန္ျမဴ းနစ္ကို အိမ္ကြင္းမွာ ၂-၇ နဲ႔ရႈံးခဲ့လို႔ ပိုဆိုးလာဖို႔ဘဲရွိေနပါတယ္။ ဖာဒီနန္ဟာ ၂၀၀၂ တုန္းကလိဒ္ယူႏိုက္တက္ကေန မန္ယူကိုေျပာင္းလာၿပီးေနာက္ ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႔ ၆ ႀကိမ္ နဲ႔ ခ်န္ပီယံလိဂ္တစ္ႀကိမ္တို႔ကို ရယူႏိုင္ခဲ့တဲ႔အထိ ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဖာဒီနန္က လိဒ္ကေန မန္ယူကိုသူေျပာင္းခဲ့ၿပီး ေအာင္ျမင္ခဲ့တဲ႔ အေျခအေနနဲ႔ႏႈိုင္းယွဥ္ကာ ဟယ္ရီကိန္းကို တိုက္တြန္းမႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

Photo- Internet

သူက”ဟယ္ရီကိန္းကို က်ြန္ေတာ္သတိထားမိပါတယ္။ ေဘာလုံးပြဲေတြမွာသူရွိေနတာ ဘာအတြက္လဲ။ ကလပ္တစ္ခုတည္းအတြက္ ကစားလိုတာလား လည္း ဒါမွမဟုတ္ဆုဖလားေတြရယူလိုတာလား။ စပါးကေရာ ဆုဖလားေတြကို ရယူႏိုင္စြမ္းရွိရဲ႕လား။ က်ြန္ေတာ္ကေတာ႔ မထင္ပါဘူး။

Photo- Internet

သူတို႔ဟာၿပီးခဲ့တဲ႔ ၂ ႏွစ္အတြင္းပိုေကာင္းတဲ႔ အသင္းျဖစ္လာတာေတာ႔အမွန္ပါဘဲ။ လိဒ္မွာက်ြန္ေတာ္ရွိတုန္းကဆိုရင္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လုနီးပါးအဆင့္နဲ႔ ခ်န္ပီယံလိဂ္မွာလည္းဆီမီးဖိုင္နယ္ေရာက္ခဲ့တဲ႔အထိပါဘဲ။ ၿပီးခဲ့တဲ႔ရာသီက စပါးလိုမ်ဳိးေပါ့။ ဒါေပမယ္႔ အျခားအသင္းမွာအခြင့္အေရးပိုေကာင္းမယ္လို႔ ေတြးမိလို႔ မန္ယူကကမ္းလွမ္းလာတဲ႔အခ်ိန္မွာ ျမန္ျမန္ဆန္ဆန္ဘဲ ဆုံးျဖတ္ခ်က္ ခ်လိုက္တာပါ။ ဟယ္ရီကိန္းဟာ အသက္ ၂၆ ႏွစ္ရွိၿပီျဖစ္လို႔ ပိုေကာင္းတဲ႔အသင္းကိုေျပာင္းဖို႔အခြင့္အေရးအတြက္ ေစ်းကြက္အနည္းငယ္ဘဲက်န္ေတာ႔တာပါ” လို႔ေျပာသြားပါတယ္။

Photo- Internet

Unicode

အသင်းပြောင်းဖို့ အချိန်ဘယ်လောက်မှ မကျန်တော့ဘူးလို့ ဟယ်ရီကိန်းကို ဖာဒီနန်သတိပေး
မန်ယူအသင်းနောက်ခံလူဟောင်း ရီယိုဖာဒီနန်က စပါးတိုက်စစ်မှူ း ဟယ်ရီကိန်းအနေနဲ့ ဆုဖလားတွေရယူလိုတယ်ဆိုရင် အသင်းပြောင်းဖို့လိုနေပြီး ဒီအတွက်လည်း ကစားသမားဘဝမှာအချိန် ဘယ်လောက်မှမကျန်တော့ဘူးလို့ သတိပေးလိုက်ပါတယ်။

ဟယ်ရီကိန်းဟာ စပါးနဲ့အတူခြေစွမ်းပြနိုင်ခဲ့လို့ အင်္ဂလန်အသင်းရဲ့အဓိက တိုက်စစ်မှူ းအဖြစ်ရပ်တည်ခဲ့ပေမယ့် စပါးကစားသမားဘဝမှာတော့ အောင်မြင်မှုနည်းပါးနေပြီး ပြီးခဲ့တဲ့ ရာသီကချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရောက်ခဲ့မှုနဲ့ ၂၀၁၅ မှာလိဂ်ဖလားရရှိခဲ့မှုတို့ကသာ ရှားပါးတဲ့အောင်မြင်မှုအဖြစ်ရှိနေတာပါ။ လက်ရှိမှာ စပါးဟာ ပရီးမီးယားလိဂ်မှာထိပ်ဆုံးကဦးဆောင်နေတဲ့ လီဗာပူးနဲ့ ၁၀ မှတ်ကွာဟနေသလို ပြီးခဲ့တဲ့ တစ်ပတ်ကလည်း လိဂ်ဖလားမှာ ကိုချက်စတာကိုရှုံးပြီး ပြိုင်ပွဲကနေထွက်ခဲ့ရတာပါ။

ဒီအခြေအနေမှာ စပါးဟာမနေ့ညတုန်းက ဘိုင်ယန်မြူ းနစ်ကို အိမ်ကွင်းမှာ ၂-၇ နဲ့ရှုံးခဲ့လို့ ပိုဆိုးလာဖို့ဘဲရှိနေပါတယ်။ ဖာဒီနန်ဟာ ၂၀၀၂ တုန်းကလိဒ်ယူနိုက်တက်ကနေ မန်ယူကိုပြောင်းလာပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ ၆ ကြိမ် နဲ့ ချန်ပီယံလိဂ်တစ်ကြိမ်တို့ကို ရယူနိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဖာဒီနန်က လိဒ်ကနေ မန်ယူကိုသူပြောင်းခဲ့ပြီး အောင်မြင်ခဲ့တဲ့ အခြေအနေနဲ့နှိုင်းယှဉ်ကာ ဟယ်ရီကိန်းကို တိုက်တွန်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သူက”ဟယ်ရီကိန်းကို ကျွန်တော်သတိထားမိပါတယ်။ ဘောလုံးပွဲတွေမှာသူရှိနေတာ ဘာအတွက်လဲ။ ကလပ်တစ်ခုတည်းအတွက် ကစားလိုတာလား လည်း ဒါမှမဟုတ်ဆုဖလားတွေရယူလိုတာလား။ စပါးကရော ဆုဖလားတွေကို ရယူနိုင်စွမ်းရှိရဲ့လား။ ကျွန်တော်ကတော့ မထင်ပါဘူး။

သူတို့ဟာပြီးခဲ့တဲ့ ၂ နှစ်အတွင်းပိုကောင်းတဲ့ အသင်းဖြစ်လာတာတော့အမှန်ပါဘဲ။ လိဒ်မှာကျွန်တော်ရှိတုန်းကဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လုနီးပါးအဆင့်နဲ့ ချန်ပီယံလိဂ်မှာလည်းဆီမီးဖိုင်နယ်ရောက်ခဲ့တဲ့အထိပါဘဲ။ ပြီးခဲ့တဲ့ရာသီက စပါးလိုမျိုးပေါ့။ ဒါပေမယ့် အခြားအသင်းမှာအခွင့်အရေးပိုကောင်းမယ်လို့ တွေးမိလို့ မန်ယူကကမ်းလှမ်းလာတဲ့အချိန်မှာ မြန်မြန်ဆန်ဆန်ဘဲ ဆုံးဖြတ်ချက် ချလိုက်တာပါ။ ဟယ်ရီကိန်းဟာ အသက် ၂၆ နှစ်ရှိပြီဖြစ်လို့ ပိုကောင်းတဲ့အသင်းကိုပြောင်းဖို့အခွင့်အရေးအတွက် ဈေးကွက်အနည်းငယ်ဘဲကျန်တော့တာပါ” လို့ပြောသွားပါတယ်။