
Photo Credit
Photo Credit
ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူး ရုဒ်ဗန်နစ္စတယ်ရွိုင်းက လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားမှာ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဖြစ်ကြောင်းနဲ့ ဘယ်သူမှလည်း သူ့ကို ဖိအားပေးနိုင်မှာမဟုတ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်
Photo Credit
မက်ဆီဟာ သူ ၅ကြိမ်ရရှိထားတဲ့ Ballon d’Or ဆုအတွက် ယခုနှစ် ဆန်ခါတင်အယောက် ၃၀စာရင်းမှာလည်း ဆက်လက်ပါဝင်လာပြီး နစ္စတယ်ရွိုင်းက ရွှေဘောလုံးဆုနဲ့ ထိုက်တန်သူဆိုလု့ိ မက်ဆီ တစ်ဦးတည်းသာရှိကြောင်း ဆိုပါတယ်။
Photo Credit
”သူ့လောက်ကစားနိုင်တဲ့ကစားသမားမျိုး မထွက်ပေါ်သေးပါဘူး။ သူ့ရဲ့ကစားပုံက တကယ့် Playstation ဘောလုံးသမားတစ်ဦးလိုပါပဲ။ ဘယ်သူမှ သူနဲ့ အနီးကပ်ဆုံးအနေအထားမှာ ရှိမနေပါဘူး။ ရော်နယ်ဒိုက ကြီးကျယ်တဲ့ဂိုးသွင်းဝိဇ္ဇာ၊ အင်နီယေစတာက ဉာဏ်သုံးကစားတတ်သူ၊ ဆာလက်၊ မာနေး၊ ဟာဇက်နဲ့ ဘာပေတို့ကတော့ အံ့အားသင့်စရာကောင်းတဲ့ကစားသမားတွေပါ။ ဒါပေမဲ့ မက်ဆီကတော့ အဲဒီအရည်အချင်းတွေအားလုံး ပိုင်ဆိုင်ထားပါတယ်”လို့ နစ္စတယ်ရွိုင်းက ဆိုပါတယ်။
Photo Credit
ဒီလိုမက်ဆီကို ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်လိုက်တဲ့ ဘာဘာတော့ဗ်ကို ပရိသတ်တချို့နားမလည်နိုင်ဖြစ်သွားခဲ့ရပြီး မက်ဆီရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ ရော်နယ်ဒိုနဲ့အတူ ယူနိုက်တက်မှာရော ရီးရဲလ်မက်ဒရစ်မှာပါ တစ်သင်းတည်းလက်တွဲကစားခဲ့တာဖြစ်ပါတယ်။
Photo Credit
မက်ဆီဟာ ပြီးခဲ့တဲ့စက်တင်ဘာလက ဖီဖာရဲ့ The Best ဆုကိုလည်း ဆွတ်ခူးရရှိထားပြီး ရော်နယ်ဒိုနဲ့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်တို့ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ နစ္စတယ်ရွိုင်းဟာ ဥရောပဘောလုံးလောကမှာ ၅၁၅ ပွဲကစား စုစုပေါင်း ၃၂၄ ဂိုးအထိသွင်းယူထားပြီး လက်ရှိအချိန်မှာ ပီအက်စ်ဗွီအသင်းရဲ့ ယူ-၁၉ အသင်နးည်းပြအဖြစ် တာဝန်ယူနေပါတယ်။
Photo Credit
အသက် ၄၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ နစ္စတယ်ရွိုင်းဟာ ၁၉၉၈ ကနေ ၂၀၀၁ အထိ ဖီယင်နုအသင်းမှာ ၃နှစ်ကြာကစားခဲ့ပြီးနောက် ယူနိုက်တက်ကို ပေါင် ၂၅ သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။
Photo Credit
သူဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲပေါင်း၁၅၀ ကစားခဲ့ရာမှာ ၉၈ ဂိုးသွင်းယူထားသလို ချန်ပီယံလိဂ်မှာလည်း ၇၃ပွဲကစား၊ ၅၆ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၄ ကြိမ်ရရှိခဲ့ရာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစာရင်းမှာ အဆင့် ၅နေရာသာရပ်တည်ခဲ့ပါတယ်။
Photo Credit
Zawgyi
အသင္းေဖာ္ေဟာင္းအပါအ၀င္ ၾကယ္ပြင့္ေတြကို မက္ဆီရဲ႕အေနာက္မွာပဲ ေနရာခ်လုိက္တဲ့ နစၥတယ္႐ြိဳင္း
ယူႏိုက္တက္ဂႏၳ၀င္တုိက္စစ္မွဴး ႐ုဒ္ဗန္နစၥတယ္႐ြိဳင္းက လက္ရွိကမၻာ့အေကာင္းဆုံးကစားသမားမွာ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီျဖစ္ေၾကာင္းနဲ႔ ဘယ္သူမွလည္း သူ႕ကို ဖိအားေပးႏိုင္မွာမဟုတ္ေၾကာင္း အခိုင္အမာေျပာၾကားလုိက္ပါတယ္
မက္ဆီဟာ သူ ၅ႀကိမ္ရရွိထားတဲ့ Ballon d’Or ဆုအတြက္ ယခုႏွစ္ ဆန္ခါတင္အေယာက္ ၃၀စာရင္းမွာလည္း ဆက္လက္ပါ၀င္လာၿပီး နစၥတယ္႐ြိဳင္းက ေရႊေဘာလုံးဆုနဲ႔ ထုိက္တန္သူဆုိလု႔ိ မက္ဆီ တစ္ဦးတည္းသာရွိေၾကာင္း ဆုိပါတယ္။
”သူ႕ေလာက္ကစားႏုိင္တဲ့ကစားသမားမ်ိဳး မထြက္ေပၚေသးပါဘူး။ သူ႕ရဲ႕ကစားပုံက တကယ့္ Playstation ေဘာလုံးသမားတစ္ဦးလုိပါပဲ။ ဘယ္သူမွ သူနဲ႔ အနီးကပ္ဆုံးအေနအထားမွာ ရွိမေနပါဘူး။ ေရာ္နယ္ဒိုက ႀကီးက်ယ္တဲ့ဂိုးသြင္း၀ိဇၨာ၊ အင္နီေယစတာက ဉာဏ္သုံးကစားတတ္သူ၊ ဆာလက္၊ မာေနး၊ ဟာဇက္နဲ႔ ဘာေပတုိ႔ကေတာ့ အံ့အားသင့္စရာေကာင္းတဲ့ကစားသမားေတြပါ။ ဒါေပမဲ့ မက္ဆီကေတာ့ အဲဒီအရည္အခ်င္းေတြအားလုံး ပိုင္ဆုိင္ထားပါတယ္”လုိ႔ နစၥတယ္႐ြိဳင္းက ဆုိပါတယ္။
ဒီလုိမက္ဆီကို ကမၻာ့အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္လုိက္တဲ့ ဘာဘာေတာ့ဗ္ကို ပရိသတ္တခ်ိဳ႕နားမလည္ႏုိင္ျဖစ္သြားခဲ့ရၿပီး မက္ဆီရဲ႕အဓိကၿပိဳင္ဘက္ျဖစ္တဲ့ ေရာ္နယ္ဒိုနဲ႔အတူ ယူႏုိက္တက္မွာေရာ ရီးရဲလ္မက္ဒရစ္မွာပါ တစ္သင္းတည္းလက္တဲြကစားခ့ဲတာျဖစ္ပါတယ္။
မက္ဆီဟာ ၿပီးခဲ့တဲ့စက္တင္ဘာလက ဖီဖာရဲ႕ The Best ဆုကိုလည္း ဆြတ္ခူးရရွိထားၿပီး ေရာ္နယ္ဒိုနဲ႔ လီဗာပူးေနာက္ခံလူ ဗန္ဒုိက္တုိ႔ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။
နစၥတယ္႐ြိဳင္းဟာ ဥေရာပေဘာလုံးေလာကမွာ ၅၁၅ ပြဲကစား စုစုေပါင္း ၃၂၄ ဂိုးအထိသြင္းယူထားၿပီး လက္ရွိအခ်ိန္မွာ ပီအက္စ္ဗီြအသင္းရဲ႕ ယူ-၁၉ အသင္နးည္းျပအျဖစ္ တာ၀န္ယူေနပါတယ္။
အသက္ ၄၃ႏွစ္အရြယ္ရွိၿပီျဖစ္တ့ဲ နစၥတယ္႐ြိဳင္းဟာ ၁၉၉၈ ကေန ၂၀၀၁ အထိ ဖီယင္ႏုအသင္းမွာ ၃ႏွစ္ၾကာကစားခဲ့ၿပီးေနာက္ ယူႏိုက္တက္ကို ေပါင္ ၂၅ သန္းနဲ႔ ေရာက္ရွိလာခ့ဲသူျဖစ္ပါတယ္။
သူဟာ ယူႏိုက္တက္အတြက္ ပရီးမီးယားလိဂ္ပြဲေပါင္း၁၅၀ ကစားခဲ့ရာမွာ ၉၈ ဂိုးသြင္းယူထားသလုိ ခ်န္ပီယံလိဂ္မွာလည္း ၇၃ပြဲကစား၊ ၅၆ဂိုးသြင္းယူကာ ဂုိးဖန္တီးမႈ ၁၄ ႀကိမ္ရရွိခဲ့ရာ ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆုံးစာရင္းမွာ အဆင့္ ၅ေနရာသာရပ္တည္ခဲ့ပါတယ္။