
Photo Credit
Photo Credit
ယူႏုိက္တက္အသင္းတုိက္စစ္မွဴး ရက္ရွ္ဖုိ႔ဒ္က မိမိရဲ႕တစ္ဘ၀လုံးကို အသင္းအတြက္ ေပးဆပ္ရဲေၾကာင္း သစၥာျပဳလုိက္သလို လက္ရွိနည္းျပဆုိးလ္ရွားလက္ေအာက္မွာ အသင္းလည္း ျပန္လည္တည့္မတ္လာလိမ့္မယ္လုိ႔ ယုံၾကည္ေၾကာင္း အခိုင္အမာေျပာၾကားလိုက္ပါတယ္။
Photo Credit
နည္းျပဆိုးလ္ရွားနဲ႔ ယူႏိုက္တက္ကစားသမားေတြဟာ တနဂၤေႏြေန႔မွာခ်ဲလ္ဆီးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားဖို႔အတြက္ စေနေန႔က ကာရင္တန္ေလ့က်င့္ေရးကြင္းမွာ ေလ့က်င့္မႈေတြ ျပဳလုပ္ေနၿပီျဖစ္ပါတယ္။ ရက္ရွ္ဖို႔ဒ္က ဆုိးလ္ရွားတည္ေဆာက္ေနတဲ့ ငယ္ရြယ္ပ်ိဳျမစ္တဲ့အသင္းက ၇ႏွစ္ၾကာရင္ဆုိင္ေနရတဲ့အေျခအေနဆုိးေတြထဲကေန ႐ုန္းထြက္ဖို႔ အေကာင္းဆုံးအခြင့္အေရးျဖစ္လာလိမ့္မယ္လုိ႔ ဆုိပါတယ္။
Photo Credit ; Getty Images
”လက္ရွိလူစာရင္းနဲ႔လည္း ကၽြန္ေတာ္တို႔ဟာ မန္ခ်က္စတာယူႏိုက္တက္ဆိုတာကို ျပသႏိုင္ပါတယ္၊ အခုခ်ိန္ဟာ အရမ္းကိုစိတ္လႈပ္ရွားဖို႔ေကာင္းတဲ့အခ်ိန္ပါ”လို႔ ရက္ရွ္ဖို႔ဒ္ကေျပာပါတယ္။ ”ကၽြန္ေတာ့္ရဲ႕ဘဝကို အသင္းအတြက္ ေပးဆပ္ထားပါတယ္။ ယူႏုိက္တက္မွာ ကစားရျခင္းက ကၽြန္ေတာ့ဘဝမွာ အေရးအပါဆံုးအလုပ္တစ္ခုပါပဲ။ အခုခ်ိန္မွာ အသင္းလူစာရင္းက လူငယ္ေတြနဲ႔ ဖြဲစည္းထားပါတယ္”
Photo Credit ; Getty Images
”တူညီတဲ့ ရည္မွန္းခ်က္နဲ႔ အတူတကြ တိုက္ပြဲဝင္ၾကမွာပါ။ ကၽြန္ေတာ္ကေတာ့ ကၽြန္ေတာ္တို႔ေတြ ေအာင္ျမင္မႈ ရရွိမွာကိုပဲေတြ႕ေနရပါတယ္”လို႔ ရက္ရွ္ဖို႔ဒ္က ဆက္ေျပာပါတယ္။
Photo Credit ; Getty Images
လူကာကူကို အင္တာမီလန္အသင္းထံ ေရာင္းခ်လိုက္ၿပီးေနာက္ နည္းျပဆိုးလ္ရွားက ရက္ရွ္ဖုိ႔ဒ္ကိုေတြ႕ဆံုကာ စကားေျပာခဲ့ပါတယ္။ လူကာကူက ယူႏိုက္တက္မွာကစားစဥ္တုန္းက ပ်မ္းမွ် ၂ပြဲမွာ ၁ ဂိုးႏႈန္းသြင္းယူေပးႏိုင္ခဲ့ၿပီး ရက္ရွ္ဖို႔ဒ္ကေတာ့ ၂ ရာသီမွာ ၁၃ ဂိုးသာသြင္းယူႏိုင္ခဲ့ပါတယ္။
Photo Credit ; Getty Images
ဒါက ၄ ပြဲမွာမွ ပ်မ္းမွ် ၁ ဂိုးႏႈန္းျဖစ္ပါတယ္။ ဒါေပမဲ့ ရက္ရွ္ဖို႔ဒ္က ဂိုးေတြ ပိုမိုသြင္းယူဖို႔ စိန္ေခၚလိုေနပါတယ္။ ”ဒါက ကၽြန္ေတာ့္အတြက္ ေနာက္ထပ္ေျခတစ္လွမ္းပါ။ ကၽြန္ေတ္ာက သြင္းဂိုးေတြ သြင္းယူဖို႔ တာဝန္သိတတ္ၿပီး စိတ္ခ်ရတဲ့တိုက္စစ္မွဴးတစ္ဦး ျဖစ္လာလိမ့္မယ္”လို႔ ရက္ရွ္ဖို႔ဒ္ကေျပာပါတယ္။
Photo Credit ; Getty Images
ဆက္လက္ၿပီး ရက္ရွ္ဖို႔ဒ္က ”လက္ရွိအခ်ိန္မွာ ကၽြန္ေတာ္ စိတ္ပိုင္းဆိုင္ရာေရာ၊ ႐ုပ္ပိုင္းဆိုင္ရာေရာ အတိတ္ကလိုမဟုတ္ေတာ့ဘဲ ျပင္ဆင္မႈေတြ ျပဳလုပ္ၿပီးသြားပါၿပီ၊ အထူးသျဖင့္ ႐ုပ္ပိုင္းဆိုင္ရာေပါ့။ ကၽြန္ေတာ္ ဒီည ခ်ဲလ္ဆီးအသင္းနဲ႔ပြဲစဥ္အတြက္ အဆင္သင့္ျဖစ္ေနပါၿပီ”လို႔ ေျပာၾကားသြားခဲ့ပါတယ္။
Photo Credit ; Getty Images
Unicode
အသင်းအတွက် တစ်ဘဝလုံးပေးဆပ်ဖို့ အသင့်ရှိကြောင်း ရက်ရှ်ဖို့ဒ် သစ္စာပြု
ယူနိုက်တက်အသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က မိမိရဲ့တစ်ဘဝလုံးကို အသင်းအတွက် ပေးဆပ်ရဲကြောင်း သစ္စာပြုလိုက်သလို လက်ရှိနည်းပြဆိုးလ်ရှားလက်အောက်မှာ အသင်းလည်း ပြန်လည်တည့်မတ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။
နည်းပြဆိုးလ်ရှားနဲ့ ယူနိုက်တက်ကစားသမားတွေဟာ တနင်္ဂနွေနေ့မှာချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့အတွက် စနေနေ့က ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်က ဆိုးလ်ရှားတည်ဆောက်နေတဲ့ ငယ်ရွယ်ပျိုမြစ်တဲ့အသင်းက ၇နှစ်ကြာရင်ဆိုင်နေရတဲ့အခြေအနေဆိုးတွေထဲကနေ ရုန်းထွက်ဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။
”လက်ရှိလူစာရင်းနဲ့လည်း ကျွန်တော်တို့ဟာ မန်ချက်စတာယူနိုက်တက်ဆိုတာကို ပြသနိုင်ပါတယ်၊ အခုချိန်ဟာ အရမ်းကိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့အချိန်ပါ”လို့ ရက်ရှ်ဖို့ဒ်ကပြောပါတယ်။ ”ကျွန်တော့်ရဲ့ဘဝကို အသင်းအတွက် ပေးဆပ်ထားပါတယ်။ ယူနိုက်တက်မှာ ကစားရခြင်းက ကျွန်တော့ဘဝမှာ အရေးအပါဆုံးအလုပ်တစ်ခုပါပဲ။ အခုချိန်မှာ အသင်းလူစာရင်းက လူငယ်တွေနဲ့ ဖွဲစည်းထားပါတယ်”
”တူညီတဲ့ ရည်မှန်းချက်နဲ့ အတူတကွ တိုက်ပွဲဝင်ကြမှာပါ။ ကျွန်တော်ကတော့ ကျွန်တော်တို့တွေ အောင်မြင်မှု ရရှိမှာကိုပဲတွေ့နေရပါတယ်”လို့ ရက်ရှ်ဖို့ဒ်က ဆက်ပြောပါတယ်။
လူကာကူကို အင်တာမီလန်အသင်းထံ ရောင်းချလိုက်ပြီးနောက် နည်းပြဆိုးလ်ရှားက ရက်ရှ်ဖို့ဒ်ကိုတွေ့ဆုံကာ စကားပြောခဲ့ပါတယ်။ လူကာကူက ယူနိုက်တက်မှာကစားစဉ်တုန်းက ပျမ်းမျှ ၂ပွဲမှာ ၁ ဂိုးနှုန်းသွင်းယူပေးနိုင်ခဲ့ပြီး ရက်ရှ်ဖို့ဒ်ကတော့ ၂ ရာသီမှာ ၁၃ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။
ဒါက ၄ ပွဲမှာမှ ပျမ်းမျှ ၁ ဂိုးနှုန်းဖြစ်ပါတယ်။ ဒါပေမဲ့ ရက်ရှ်ဖို့ဒ်က ဂိုးတွေ ပိုမိုသွင်းယူဖို့ စိန်ခေါ်လိုနေပါတယ်။ ”ဒါက ကျွန်တော့်အတွက် နောက်ထပ်ခြေတစ်လှမ်းပါ။ ကျွန်တေ်ာက သွင်းဂိုးတွေ သွင်းယူဖို့ တာဝန်သိတတ်ပြီး စိတ်ချရတဲ့တိုက်စစ်မှူးတစ်ဦး ဖြစ်လာလိမ့်မယ်”လို့ ရက်ရှ်ဖို့ဒ်ကပြောပါတယ်။
ဆက်လက်ပြီး ရက်ရှ်ဖို့ဒ်က ”လက်ရှိအချိန်မှာ ကျွန်တော် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော အတိတ်ကလိုမဟုတ်တော့ဘဲ ပြင်ဆင်မှုတွေ ပြုလုပ်ပြီးသွားပါပြီ၊ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာပေါ့။ ကျွန်တော် ဒီည ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပါပြီ”လို့ ပြောကြားသွားခဲ့ပါတယ်။