အသင္းရဲ႕အေျခအေနေတြ ေျပာင္းလဲဖို႔ ေငြေၾကးအမ်ားအျပားသုံးစြဲရလိမ့္မယ္လုိ႔ ဆုိးလ္ရွား မယုံၾကည္

Photo Credit

Photo Credit

ယူႏိုက္တက္အသင္းနည္းျပ ဆုိးလ္ရွားက အသင္းရဲ႕လက္ရွိအေျခအေနေတြ ေျပာင္းလဲတုိးတက္လာေရးအတြက္ ေငြေၾကးအမ်ားအျပားသုံးစြဲမွျဖစ္လိမ့္မယ္ဆုိတဲ့အခ်က္ကို လက္မခံႏိုင္ေၾကာင္း အခိုင္အမာေျပာၾကားလုိက္ပါတယ္။

Photo Credit

ယူႏုိက္တက္ဟာ တနလၤာေန႔မွာ ကစားရမယ့္ အာဆင္နယ္နဲ႔အိမ္ကြင္းပြဲမတုိင္ခင္ အမွတ္ေပးဇယားရဲ႕ေအာက္ဆုံး ၁၀သင္းစာရင္း ၀င္ေနၿပီး ၆ပဲြကစားၿပီးခ်ိန္မွာ ၂ပဲြပဲအႏိုင္ရထားပါတယ္။

Photo Credit

ယူႏုိက္တက္ဟာ ၿပီးခဲ့တဲ့ေႏြရာသီေစ်းကြက္အတြင္း ေနာက္ခံလူ မက္ဂြိဳင္းယားနဲ႔ ညာေနာက္ခံလူ ၀မ္ဘစ္ဆာကာတုိ႔ကို ေျပာင္းေရႊ႕ေၾကးျမင့္မားစြာနဲ႔ ေခၚယူခဲ့ေပမယ့္ ယမန္ႏွစ္ရာသီက အဆင့္ ၆သာရရွိခဲ့တဲ့အေနအထားကို ေျပာင္းလဲႏုိင္ျခင္းမရွိေသးပါဘူး။

Photo Credit

ဆြမ္ဆီးကေန ေရာက္လာတဲ့လူငယ္ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ကေတာ့ အသင္းနဲ႔အတူ ေျခစြမ္းျပေနပါတယ္။ ”ဒန္နီရယ္ဂ်ိမ္းစ္ရဲ႕ျဖစ္ရပ္နဲ႔အတူ ကၽြန္ေတာ္တုိ႔ သက္ေသျပႏုိင္ခဲ့တယ္လုိ႔ ထင္ပါတယ္။ သူ႕အတြက္ ကၽြန္ေတာ္တုိ႔ကုန္က်ခဲ့ရတဲ့ေျပာင္းေရႊ႕ေၾကးက အမ်ားႀကီးမဟုတ္ပါဘူး”

Photo Credit

”သူကေတာ့ ကုိယ့္မွာရွိတဲ့အရည္အေသြးကို ျပသႏိုင္ပါတယ္။ တကယ္လုိ႔ ကုိယ္က ကစားသမားေတြကို ေကာင္းေကာင္းကင္းေထာက္ႏိုင္ရင္ ေျပာင္းေရႊ႕ေၾကးကိုလည္း လိုအပ္တာထက္ ပိုေပးရမွာမဟုတ္ပါဘူး။ ေဘာလုံးေလာကမွာ ေငြေၾကးရဲ႕ပါ၀င္ပတ္သက္မႈက ကဲြျပားလာပါတယ္”

Photo Credit

”ဒါေပမဲ့ ေခၚယူခဲ့တ့ဲကစားသမားေတြနဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ္ကေတာ့ ေက်နပ္ပါတယ္။ ကၽြန္ေတာ္တုိ႔ အေကာင္းဆုံးလုပ္ႏိုင္ခဲ့တယ္ဆုိတာ သူတုိ႔က သက္ေသျပေနပါတယ္”လို႔ ဆုိးလ္ရွားက ေျပာပါတယ္။

Photo Credit

အသင္းရဲ႕ဂႏၳ၀င္တုိက္စစ္မွဴး ဆုိးလ္ရွားဟာ ယာယီနည္းျပအျဖစ္တာ၀န္ယူခဲ့တဲ့ ၁၉ပြဲမွာ ၁၄ပြဲအထိအႏိုင္ရရွိခဲ့ေပမယ့္ အၿမဲတမ္းနည္းျပျဖစ္လာၿပီးေနာက္ပိုင္း ႏိုင္ပြဲေတြရဖုိ႔ ခက္ခက္ခဲခဲႀကိဳးစားေနရပါတယ္။

Photo Credit

ယူႏုိက္တက္ဟာ ေနာက္ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ ၀က္စ္ဟမ္းကို ၂-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့ရၿပီးေနာက္ အေ၀းကြင္းေနာက္ဆုံး ၉ပြဲဆက္ႏိုင္ပြဲေပ်ာက္ေနၿပီျဖစ္ၿပီး ယမန္ႏွစ္ရာသီ ခ်န္ပီယံလိဂ္မွာ ပီအက္စ္ဂ်ီကို ၁-၃ ဂိုးနဲ႔အႏိုင္ရရွိခဲ့ၿပီးေနာက္ပိုင္း အေ၀းကြင္းႏိုင္ပြဲေပ်ာက္ဆုံးေနတာျဖစ္ပါတယ္။

Photo Credit ; Getty Images

Unicode

အသင်းရဲ့အခြေအနေတွေ ပြောင်းလဲဖို့ ငွေကြေးအများအပြားသုံးစွဲရလိမ့်မယ်လို့ ဆိုးလ်ရှား မယုံကြည်

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက အသင်းရဲ့လက်ရှိအခြေအနေတွေ ပြောင်းလဲတိုးတက်လာရေးအတွက် ငွေကြေးအများအပြားသုံးစွဲမှဖြစ်လိမ့်မယ်ဆိုတဲ့အချက်ကို လက်မခံနိုင်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။
ယူနိုက်တက်ဟာ တနင်္လာနေ့မှာ ကစားရမယ့် အာဆင်နယ်နဲ့အိမ်ကွင်းပွဲမတိုင်ခင် အမှတ်ပေးဇယားရဲ့အောက်ဆုံး ၁၀သင်းစာရင်း ဝင်နေပြီး ၆ပွဲကစားပြီးချိန်မှာ ၂ပွဲပဲအနိုင်ရထားပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီဈေးကွက်အတွင်း နောက်ခံလူ မက်ဂွိုင်းယားနဲ့ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာတို့ကို ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ ခေါ်ယူခဲ့ပေမယ့် ယမန်နှစ်ရာသီက အဆင့် ၆သာရရှိခဲ့တဲ့အနေအထားကို ပြောင်းလဲနိုင်ခြင်းမရှိသေးပါဘူး။
ဆွမ်ဆီးကနေ ရောက်လာတဲ့လူငယ်တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ကတော့ အသင်းနဲ့အတူ ခြေစွမ်းပြနေပါတယ်။ ”ဒန်နီရယ်ဂျိမ်းစ်ရဲ့ဖြစ်ရပ်နဲ့အတူ ကျွန်တော်တို့ သက်သေပြနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ သူ့အတွက် ကျွန်တော်တို့ကုန်ကျခဲ့ရတဲ့ပြောင်းရွှေ့ကြေးက အများကြီးမဟုတ်ပါဘူး”
”သူကတော့ ကိုယ့်မှာရှိတဲ့အရည်အသွေးကို ပြသနိုင်ပါတယ်။ တကယ်လို့ ကိုယ်က ကစားသမားတွေကို ကောင်းကောင်းကင်းထောက်နိုင်ရင် ပြောင်းရွှေ့ကြေးကိုလည်း လိုအပ်တာထက် ပိုပေးရမှာမဟုတ်ပါဘူး။ ဘောလုံးလောကမှာ ငွေကြေးရဲ့ပါဝင်ပတ်သက်မှုက ကွဲပြားလာပါတယ်”
”ဒါပေမဲ့ ခေါ်ယူခဲ့တဲ့ကစားသမားတွေနဲ့ပတ်သက်လို့ ကျွန်တော်ကတော့ ကျေနပ်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်ခဲ့တယ်ဆိုတာ သူတို့က သက်သေပြနေပါတယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။
အသင်းရဲ့ဂန္ထဝင်တိုက်စစ်မှူး ဆိုးလ်ရှားဟာ ယာယီနည်းပြအဖြစ်တာဝန်ယူခဲ့တဲ့ ၁၉ပွဲမှာ ၁၄ပွဲအထိအနိုင်ရရှိခဲ့ပေမယ့် အမြဲတမ်းနည်းပြဖြစ်လာပြီးနောက်ပိုင်း နိုင်ပွဲတွေရဖို့ ခက်ခက်ခဲခဲကြိုးစားနေရပါတယ်။
ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ ဝက်စ်ဟမ်းကို ၂-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ရပြီးနောက် အဝေးကွင်းနောက်ဆုံး ၉ပွဲဆက်နိုင်ပွဲပျောက်နေပြီဖြစ်ပြီး ယမန်နှစ်ရာသီ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီကို ၁-၃ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း အဝေးကွင်းနိုင်ပွဲပျောက်ဆုံးနေတာဖြစ်ပါတယ်။