အသင္းမွာမေပ်ာ္ရင္ ဆာနီ ထြက္ခြာႏိုင္တယ္လို႔ မန္စီးတီးနည္းျပ ဂြာဒီယိုလာေျပာ

ေတာင္ပံကစားသမား ဆာနီအေနနဲ႔ အသင္းမွာမေပ်ာ္ဘူးဆိုရင္ သူထြက္ခြာမွာကိုတားဆီးေနမွာမဟုတ္ဖူးလို႔ မန္စီးတီးနည္းျပ ဂြာဒီယိုလာကေျပာလိုက္ပါတယ္။ ဆာနီကို ဘိုင္ယန္ျမဴ းနစ္အသင္းကေခၚယူဖို႔ အျပင္းအထန္စိတ္၀င္စားေနတာပါ။

ဘိုင္ယန္ဟာ ဆာနီကိုေခၚယူဖို႔ စိတ္၀င္စားေၾကာင္းလူသိရွင္ၾကားေျပာၾကားထားသလို သူ႔ကိုေခၚယူဖို႔ကမ္းလွမ္းမႈ ၂ ႀကိမ္ျပဳလုပ္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ္႔ဒီ ၂ ႀကိမ္စလုံးကိုမန္စီးတီးက ပယ္ခ်ခဲ့တာပါ။ ဘိုင္ယန္ျမဴ းနစ္ဟာ ကစားသမားတစ္ဦးတည္းအတြက္ေပါင္သန္း ၇၀ ထပ္ပိုၿပီးအကုန္ခံမွာမဟုတ္ဖူးလို႔ ဆုံးျဖတ္ထားေပမယ္႔ မန္စီးတီးက ဆာနီအတြက္ေပါင္သန္း ၉၀ အထိအလိုရွိေနတာပါ။

အသက္ ၂၃ ႏွစ္ရွိတဲ႔ ဂ်ာမနီလက္ေရြးစင္ ဆာနီဟာမန္စီးတီးနဲ႔ စာခ်ဳပ္သက္တမ္း ၂ ႏွစ္က်န္ေနေသးသူျဖစ္ၿပီး လက္ရွိပုံစံအတိုင္းဆိုရင္ အသင္းကေနသူထြက္ခြာေရးက ျဖစ္ေျမာက္လာႏိုင္တယ္လို႔လည္း ယူဆေနၾကပါတယ္။ ဘိုင္ယန္ဟာ အသင္းနဲ႔လမ္းခြဲသြားၿပီျဖစ္တဲ႔ ရစ္ဘာရီနဲ႔ ေရာ္ဘင္တို႔ေနရာမွာ ေျခစြမ္းထက္တဲ႔ လူငယ္ေတြနဲ႔အစားထိုးလိုေနၿပီး ဆာနီကိုသာမက ခ်ဲလ္ဆီးက အိုဒြိဳင္းကိုပါ စိတ္၀င္စားေနတာပါ။

ဂြာဒီယိုလာက”ဒီမွာ(အသင္းမွာ)ရွိတဲ႔သူေတြအားလုံးကို က်ြန္ေတာ္တို႔ကေပ်ာ္ေစခ်င္တာပါ။ ဆာနီရဲ႕ေျခစြမ္းပိုၿပီးတိုးတက္လာဖို႔အတြက္ က်ြန္ေတာ္တို႔ကူညီေပးေနပါတယ္။ သူနဲ႔အၿမဲတမ္းလက္တြဲလိုတဲ႔ဆႏၵလည္းရွိပါတယ္။ ဒါေပမယ္႔ ကလပ္ကိုက်ြန္ေတာ္ ၁၀ ႀကိမ္မကေျပာထားတဲ႔အတိုင္း အားလုံးကိုေပ်ာ္ေစခ်င္ေပမယ္႔ မေပ်ာ္တဲ႔သူဆိုရင္ သြားပေလ႔ေစ လို႔ဆိုခဲ့တဲ႔အတိုင္းအဆင္မေျပဘူးဆိုရင္ထြက္ႏိုင္ပါတယ္” လို႔ေျပာသြားပါတယ္။

ဆာနီဟာ ၂၀၁၇-၁၈ ေဘာလုံးရာသီမွာ မန္စီးတီးအတြက္ေျခစြမ္းျပႏိုင္ခဲ့လို႔ PFA လူငယ္အေကာင္းဆုံးဆုကိုေတာင္ ဆြတ္ခူးခဲ့ေပမယ္႔ ၿပီးခဲ့တဲ႔ရာသီဒုတိယပိုင္းကစလို႔ ရုန္းကန္ခဲ့ရၿပီး အသင္းမွာလည္းပုံမွန္ေနရာ မရေတာ႔လို႔ မေပ်ာ္မရႊင္ျဖစ္ၿပီး အသင္းေျပာင္းလိုေနသူျဖစ္ပါတယ္။

Unicode

အသင်းမှာမပျော်ရင် ဆာနီ ထွက်ခွာနိုင်တယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာပြော
တောင်ပံကစားသမား ဆာနီအနေနဲ့ အသင်းမှာမပျော်ဘူးဆိုရင် သူထွက်ခွာမှာကိုတားဆီးနေမှာမဟုတ်ဖူးလို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာကပြောလိုက်ပါတယ်။ ဆာနီကို ဘိုင်ယန်မြူ းနစ်အသင်းကခေါ်ယူဖို့ အပြင်းအထန်စိတ်ဝင်စားနေတာပါ။

ဘိုင်ယန်ဟာ ဆာနီကိုခေါ်ယူဖို့ စိတ်ဝင်စားကြောင်းလူသိရှင်ကြားပြောကြားထားသလို သူ့ကိုခေါ်ယူဖို့ကမ်းလှမ်းမှု ၂ ကြိမ်ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်ဒီ ၂ ကြိမ်စလုံးကိုမန်စီးတီးက ပယ်ချခဲ့တာပါ။ ဘိုင်ယန်မြူ းနစ်ဟာ ကစားသမားတစ်ဦးတည်းအတွက်ပေါင်သန်း ၇၀ ထပ်ပိုပြီးအကုန်ခံမှာမဟုတ်ဖူးလို့ ဆုံးဖြတ်ထားပေမယ့် မန်စီးတီးက ဆာနီအတွက်ပေါင်သန်း ၉၀ အထိအလိုရှိနေတာပါ။

အသက် ၂၃ နှစ်ရှိတဲ့ ဂျာမနီလက်ရွေးစင် ဆာနီဟာမန်စီးတီးနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်နေသေးသူဖြစ်ပြီး လက်ရှိပုံစံအတိုင်းဆိုရင် အသင်းကနေသူထွက်ခွာရေးက ဖြစ်မြောက်လာနိုင်တယ်လို့လည်း ယူဆနေကြပါတယ်။ ဘိုင်ယန်ဟာ အသင်းနဲ့လမ်းခွဲသွားပြီဖြစ်တဲ့ ရစ်ဘာရီနဲ့ ရော်ဘင်တို့နေရာမှာ ခြေစွမ်းထက်တဲ့ လူငယ်တွေနဲ့အစားထိုးလိုနေပြီး ဆာနီကိုသာမက ချဲလ်ဆီးက အိုဒွိုင်းကိုပါ စိတ်ဝင်စားနေတာပါ။

ဂွာဒီယိုလာက”ဒီမှာ(အသင်းမှာ)ရှိတဲ့သူတွေအားလုံးကို ကျွန်တော်တို့ကပျော်စေချင်တာပါ။ ဆာနီရဲ့ခြေစွမ်းပိုပြီးတိုးတက်လာဖို့အတွက် ကျွန်တော်တို့ကူညီပေးနေပါတယ်။ သူနဲ့အမြဲတမ်းလက်တွဲလိုတဲ့ဆန္ဒလည်းရှိပါတယ်။ ဒါပေမယ့် ကလပ်ကိုကျွန်တော် ၁၀ ကြိမ်မကပြောထားတဲ့အတိုင်း အားလုံးကိုပျော်စေချင်ပေမယ့် မပျော်တဲ့သူဆိုရင် သွားပလေ့စေ လို့ဆိုခဲ့တဲ့အတိုင်းအဆင်မပြေဘူးဆိုရင်ထွက်နိုင်ပါတယ်” လို့ပြောသွားပါတယ်။

ဆာနီဟာ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ မန်စီးတီးအတွက်ခြေစွမ်းပြနိုင်ခဲ့လို့ PFA လူငယ်အကောင်းဆုံးဆုကိုတောင် ဆွတ်ခူးခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီဒုတိယပိုင်းကစလို့ ရုန်းကန်ခဲ့ရပြီး အသင်းမှာလည်းပုံမှန်နေရာ မရတော့လို့ မပျော်မရွှင်ဖြစ်ပြီး အသင်းပြောင်းလိုနေသူဖြစ်ပါတယ်။