အသင္းနဲ႔အတူ လုိက္ပါဖို႔ ျငင္းဆန္ခဲ့တဲ့ကိုစီရယ္နီကို စည္းကမ္းပုိင္းဆုိင္ရာအေရးယူဖုိ႔ အာဆင္နယ္ျပင္ဆင္

Photo Credit ; Getty Images

Photo Credit ; Sky Sports

အာဆင္နယ္ဟာ ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္အျဖစ္ အေမရိကန္ကို ထြက္ခြာသြားတဲ့အသင္းနဲ႔လုိက္ပါဖို႔ ျငင္းဆန္ခဲ့တဲ့ အသင္းေခါင္းေဆာင္ကိုစီရယ္နီကို စည္းကမ္းပိုင္းဆုိင္ရာအရ အေရးယူဖြယ္ရွိေနေၾကာင္း သိရပါတယ္။ အသက္ ၃၃ႏွစ္အရြယ္ရွိ ျပင္သစ္လက္ေရြးစင္ေဟာင္း ကိုစီရယ္နီဟာ ၂၀၂၀ ေႏြရာသီမွာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး ေမြးရပ္ေျမျပင္သစ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ျပန္လည္ေျပာင္းေရႊ႕ႏိုင္ေရးအတြက္ သူ႕စာခ်ဳပ္ကို အာဆင္နယ္အသင္းက ဖ်က္သိမ္းေပးဖို႔ ဆႏၵရွိေနပါတယ္။

Photo Credit

”ကုိစီရယ္နီဟာ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က အသင္းနဲ႔အတူ အေမရိကန္ကို လုိက္ပါဖို႔ ျငင္းဆန္ခဲ့ပါတယ္။ ကုိစီရယ္နီရဲ႕အျပဳအမူနဲ႔ပတ္သက္လု႔ိ ကၽြန္ေတာ္တို႔ အရမ္းစိတ္ပ်က္မိၿပီး ဒါက အသင္းရဲ႕ညႊန္ၾကားခ်က္ေတြနဲ႔ လုံး၀ကိုဆန္႔က်င္ေနပါတယ္။ ဒီကိစၥကို ေျဖရွင္းႏုိင္ဖို႔ ေမွ်ာ္လင့္ထားၿပီး ဒီအခ်ိန္မွာ ေနာက္ထပ္မွတ္ခ်က္ေပးတာမ်ိဳးလုပ္ဦးမွာမဟုတ္ပါဘူး”လုိ႔ အာဆင္နယ္အသင္းက ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

Photo Credit ; Sky Sports

ကုိစီရယ္နီဟာ နည္းျပအမ္မရီရဲ႕အေရးပါတဲ့ကစားသမားတစ္ဦးအျဖစ္ ဆက္လက္ရပ္တည္ေနၿပီး ယမန္ႏွစ္ရာသီက အသင္းအတြက္ ၿပိဳင္ပြဲစုံ ၂၉ပြဲကစားခြင့္ရရွိခဲ့ရာမွာ ဦးစားေပးကစားသမားအျဖစ္ ၂၄ပြဲကစားခြင့္ရရွိခဲ့ပါတယ္။ သူဟာ ၂၀၁၀ ဇူလုိင္လက ျပင္သစ္ကလပ္ လုိရီယန္႔အသင္းကေန ေပါင္ ၁၀သန္းနဲ႔ ေရာက္ရွိလာၿပီးေနာက္ အာဆင္နယ္အတြက္ ပရီးမီးယားလိဂ္မွာ စုစုေပါင္း ၂၅၅ပြဲကစားေပးထားကာ ၂၂ဂိုးသြင္းယူထားႏိုင္ပါတယ္။

Photo Credit ; Getty Images

အာဆင္နယ္ဟာ ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္ရဲ႕ ပထမဆုံးပဲြအျဖစ္ ဇူလုိင္လ ၁၈ရက္ေန႔ေရာက္ရင္ ကယ္လီဖုိးနီးယားမွာ ဘြန္ဒက္စ္လီဂါခ်န္ပီယံ ဘုိင္ယန္ျမဴးနစ္နဲ႔ရင္ဆိုင္ရမွာျဖစ္ပါတယ္။ အဲဒီေနာက္ အာဆင္နယ္ဟာ ဇူလုိင္လ ၂၀ရက္ေန႔ေရာက္ရင္ ခ်ာေလာ့မွာ ဖီအိုရင္တီးနား၊ ဇူလုိင္လ ၂၄ရက္ေန႔ေရာက္ရင္ ၀ါရွင္တန္ဒီစီမွာ ရီးရဲလ္မက္ဒရစ္တုိ႔နဲ႔ ဆက္လက္ေျခစမ္းမွာျဖစ္ပါတယ္။

Photo Credit ; AP

Unicode

အသင်းနဲ့အတူ လိုက်ပါဖို့ ငြင်းဆန်ခဲ့တဲ့ကိုစီရယ်နီကို စည်းကမ်းပိုင်းဆိုင်ရာအရေးယူဖို့ အာဆင်နယ်ပြင်ဆင်

အာဆင်နယ်ဟာ ရာသီကြိုခြေစမ်းပွဲခရီးစဉ်အဖြစ် အမေရိကန်ကို ထွက်ခွာသွားတဲ့အသင်းနဲ့လိုက်ပါဖို့ ငြင်းဆန်ခဲ့တဲ့ အသင်းခေါင်းဆောင်ကိုစီရယ်နီကို စည်းကမ်းပိုင်းဆိုင်ရာအရ အရေးယူဖွယ်ရှိနေကြောင်း သိရပါတယ်။ အသက် ၃၃နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်ဟောင်း ကိုစီရယ်နီဟာ ၂၀၂၀ နွေရာသီမှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး မွေးရပ်မြေပြင်သစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ပြောင်းရွှေ့နိုင်ရေးအတွက် သူ့စာချုပ်ကို အာဆင်နယ်အသင်းက ဖျက်သိမ်းပေးဖို့ ဆန္ဒရှိနေပါတယ်။
”ကိုစီရယ်နီဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က အသင်းနဲ့အတူ အမေရိကန်ကို လိုက်ပါဖို့ ငြင်းဆန်ခဲ့ပါတယ်။ ကိုစီရယ်နီရဲ့အပြုအမူနဲ့ပတ်သက်လု့ိ ကျွန်တော်တို့ အရမ်းစိတ်ပျက်မိပြီး ဒါက အသင်းရဲ့ညွှန်ကြားချက်တွေနဲ့ လုံးဝကိုဆန့်ကျင်နေပါတယ်။ ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ထားပြီး ဒီအချိန်မှာ နောက်ထပ်မှတ်ချက်ပေးတာမျိုးလုပ်ဦးမှာမဟုတ်ပါဘူး”လို့ အာဆင်နယ်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ကိုစီရယ်နီဟာ နည်းပြအမ်မရီရဲ့အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေပြီး ယမန်နှစ်ရာသီက အသင်းအတွက် ပြိုင်ပွဲစုံ ၂၉ပွဲကစားခွင့်ရရှိခဲ့ရာမှာ ဦးစားပေးကစားသမားအဖြစ် ၂၄ပွဲကစားခွင့်ရရှိခဲ့ပါတယ်။ သူဟာ ၂၀၁၀ ဇူလိုင်လက ပြင်သစ်ကလပ် လိုရီယန့်အသင်းကနေ ပေါင် ၁၀သန်းနဲ့ ရောက်ရှိလာပြီးနောက် အာဆင်နယ်အတွက် ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၂၅၅ပွဲကစားပေးထားကာ ၂၂ဂိုးသွင်းယူထားနိုင်ပါတယ်။
အာဆင်နယ်ဟာ ရာသီကြိုခြေစမ်းပွဲခရီးစဉ်ရဲ့ ပထမဆုံးပွဲအဖြစ် ဇူလိုင်လ ၁၈ရက်နေ့ရောက်ရင် ကယ်လီဖိုးနီးယားမှာ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲဒီနောက် အာဆင်နယ်ဟာ ဇူလိုင်လ ၂၀ရက်နေ့ရောက်ရင် ချာလော့မှာ ဖီအိုရင်တီးနား၊ ဇူလိုင်လ ၂၄ရက်နေ့ရောက်ရင် ဝါရှင်တန်ဒီစီမှာ ရီးရဲလ်မက်ဒရစ်တို့နဲ့ ဆက်လက်ခြေစမ်းမှာဖြစ်ပါတယ်။