အသက် ၅၀အထိ ဒီပုံစံအတိုင်း ကစားနိုင်သေးတယ်…

PC ; Internet

တကယ်လို့ သင့်လျော်မှန်ကန်တဲ့အသင်းတစ်သင်းကိုသာရှာတွေ့ခဲ့ရင် အသက် ၅၀အထိ ဘောလုံးကစားနိုင်စွမ်းသူ့မှာရှိတယ်လို့ တိုက်စစ်မှူးအီဘရာဟီမိုဗစ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အသက် ၃၈နှစ်အရွယ်ဆွီဒင်သားဟာ မေဂျာလိဂ်ဘောလုံးလောကမှာ ၂နှစ်ကြာကျင်လည်ခဲ့ပြီးတဲ့နောက် ဂလက်ဆီအသင်းနဲ့စာချုပ်ပြည့်တော့မှာဖြစ်သလို အနာဂတ်အတွက်ဆုံးဖြတ်ချက်ချဖို့ စောင့်ဆိုင်းနေသူပါ။

PC ; Internet

ကစားသမားဘဝတစ်လျှောက် ဆွီဒင်၊နယ်သာလန်၊အီတလီ၊စပိန်၊ပြင်သစ်နဲ့အင်္ဂလန်နိုင်ငံတွေမှာ အင်တာမီလန်၊ဂျူဗင်တပ်၊ဘာစီလိုနာ၊ပီအက်စ်ဂျီ၊မန်ယူ စတဲ့အသင်းကြီးတွေမှာ ကစားခဲ့ပြီးပါပြီ။ဒါပေမဲ့ အီဘရာဟီမိုဗစ်ကတော့ လက်ရှိအချိန်ထိ သူ့ခြေစွမ်းအပေါ်ယုံကြည်နေဆဲဖြစ်သလို အနားယူဖို့အစီအစဉ်မရှိသေးပါဘူး။

PC ; Internet

” တကယ်လို့ ကျွန်တော့်ကိုတက်ကြွစေမယ့်၊ကျွန်တော်နဲ့သင့်တော်မယ့် အစီအစဉ်မျိုး အဲဒီအသင်းမှာရှိတယ်ဆိုရင် သွားကစားမှာပါ။အခုလို အဆင့်မျိုးမှာ အသက် ၅၀အထိ ကျွန်တော်ကစားနိုင်စွမ်းရှိနေပါသေးတယ်” လို့ အီဘရာဟီမိုဗစ်က Gazzetta dello Sport သတင်းစာကိုပြောသွားခဲ့တာပါ။

PC ; Internet

ဒါ့အပြင် ၁၈၀၀ပြည့်နှစ်လောက်က တောင်အမေရိကကိုရွက်လွှင့်ပြီး ယဉ်ကျေးမှုအသစ်တွေအစပျိုးခဲ့သူ ကမ္ဘာနှစ်ခုရဲ့သူရဲကောင်းလို့ခေါ်ကြတဲ့ အီတလီစစ်ဗိုလ်ချုပ်ဂူဆက်ပီဂါရီဘယ်လ်ဒီနဲ့လည်း သူ့ကိုယ်သူနှိုင်းယှဉ်သွားပါသေးတယ်။“ ကျွန်တော့်ရဲ့ လော့စ်အိန်ဂျယ်လိစ်အတွေ့အကြုံတွေကို ဒီနေရာမှာတင် အဆုံးသတ်လိုက်ပါပြီ။ဒါ တကယ့်ကိုအံ့သြမှင်သက်စရာပါ။အခု ကမ္ဘာနှစ်ခုမှာ သူရဲကောင်းနှစ်ယောက်ဖြစ်သွားပါပြီ။ဂါရီဘယ်လ်ဒီနဲ့ ကျွန်တော်ကိုယ်တိုင်ပဲပေါ့”လို့ ဆွီဒင်သားက ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

တကယ္လို႔ သင့္ေလ်ာ္မွန္ကန္တဲ့အသင္းတစ္သင္းကိုသာရွာေတြ႔ခဲ့ရင္ အသက္ ၅၀အထိ ေဘာလံုးကစားႏိုင္စြမ္းသူ႔မွာရွိတယ္လို႔ တိုက္စစ္မွဴးအီဘရာဟီမိုဗစ္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။အသက္ ၃၈ႏွစ္အရြယ္ဆြီဒင္သားဟာ ေမဂ်ာလိဂ္ေဘာလံုးေလာကမွာ ၂နွစ္ၾကာက်င္လည္ခဲ့ၿပီးတဲ့ေနာက္ ဂလက္ဆီအသင္းနဲ႔စာခ်ဳပ္ျပည့္ေတာ့မွာျဖစ္သလို အနာဂတ္အတြက္ဆံုးျဖတ္ခ်က္ခ်ဖို႔ ေစာင့္ဆိုင္းေနသူပါ။ကစားသမားဘ၀တစ္ေလွ်ာက္ ဆီြဒင္၊နယ္သာလန္၊အီတလီ၊စပိန္၊ျပင္သစ္နဲ႔အဂၤလန္ႏိုင္ငံေတြမွာ အင္တာမီလန္၊ဂ်ဴဗင္တပ္၊ဘာစီလိုနာ၊ပီအက္စ္ဂ်ီ၊မန္ယူ စတဲ့အသင္းႀကီးေတြမွာ ကစားခဲ့ၿပီးပါၿပီ။ဒါေပမဲ့ အီဘရာဟီမိုဗစ္ကေတာ့ လက္ရွိအခ်ိန္ထိ သူ႔ေျခစြမ္းအေပၚယံုၾကည္ေနဆဲျဖစ္သလို အနားယူဖို႔အစီအစဥ္မရွိေသးပါဘူး။” တကယ္လို႔ ကၽြန္ေတာ့္ကိုတက္ၾကြေစမယ့္၊ကၽြန္ေတာ္နဲ႔သင့္ေတာ္မယ့္ အစီအစဥ္မ်ိဳး အဲဒီအသင္းမွာရွိတယ္ဆိုရင္ သြားကစားမွာပါ။အခုလို အဆင့္မ်ိဳးမွာ အသက္ ၅၀အထိ ကၽြန္ေတာ္ကစားႏိုင္စြမ္းရွိေနပါေသးတယ္” လို႔ အီဘရာဟီမိုဗစ္က Gazzetta dello Sport သတင္းစာကိုေျပာသြားခဲ့တာပါ။ဒါ့အျပင္ ၁၈၀၀ျပည့္ႏွစ္ေလာက္က ေတာင္အေမရိကကိုရြက္လႊင့္ၿပီး ယဥ္ေက်းမႈအသစ္ေတြအစပ်ိဳးခဲ့သူ ကမာၻႏွစ္ခုရဲ႕သူရဲေကာင္းလို႔ေခၚၾကတဲ့ အီတလီစစ္ဗိုလ္ခ်ဳပ္ဂူဆက္ပီဂါရီဘယ္လ္ဒီနဲ႔လည္း သူ႔ကိုယ္သူႏိႈင္းယွဥ္သြားပါေသးတယ္။“ ကၽြန္ေတာ့္ရဲ႕ ေလာ့စ္အိန္ဂ်ယ္လိစ္အေတြ႔အႀကံဳေတြကို ဒီေနရာမွာတင္ အဆံုးသတ္လိုက္ပါၿပီ။ဒါ တကယ့္ကိုအံ့ၾသမွင္သက္စရာပါ။အခု ကမာၻႏွစ္ခုမွာ သူရဲေကာင္းႏွစ္ေယာက္ျဖစ္သြားပါၿပီ။ဂါရီဘယ္လ္ဒီနဲ႔ ကၽြန္ေတာ္ကိုယ္တိုင္ပဲေပါ့”လို႔ ဆြီဒင္္သားက ေျပာဆိုသြားခဲ့ပါတယ္။