
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဒါနီအဲလ်ဗက်စ်ဟာကစားသမားဘဝတစ်လျှောက်တွင်၄၃ခုမြောက်ဆုတံဆိပ်အားဆွတ်ခူးနိုင်ခဲ့ပါတယ်။
အသက်၃၈နှစ်ရှိဘာစီလိုနာနှင့်ဂျူဗင်တပ်ကစားသမားဟောင်းဟာတိုကျိုအိုလံပစ်ဗိုလ်လုပွဲတွင်စပိန်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိပြီးနောက်အိုလံပစ်ရွှေတံဆိပ်ဆုကိုထပ်မံဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဒါနီအဲလ်ဗက်စ်ဟာကစားသမားဘဝသက်တမ်း၂၀အတွင်းမှာအိုလံပစ်ရွှေတံဆိပ်ဆုအားအခြားဆုတံဆိပ် ၄၂ခုအားဆွတ်ခူးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
သူဟာစပိန်တွင်ဆီဗီလာ၊ဘာစီလိုနာတို့နှင့်အတူကစားစဉ်အတွင်းလာလီဂါဖလား၆ကြိမ်၊ကိုပါဒယ်ရေးဖလား၅ကြိမ်၊စပိန်စူပါဖလား၅ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာဘာစီလိုနာနှင့်အတူ၂၀၀၉၊၂၀၁၁၊၂၀၁၅ခုနှစ်တို့တွင်ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာဘာစီလိုနာတွင်ရှစ်နှစ်ကြာကစားပြီးနောက်၂၀၁၆ခုနှစ်တွင်ဂျူဗင်တပ်သို့ပြောင်းခဲ့ပါတယ်။
သူဟာဂျူဗင်တပ်တွင်တစ်ရာသီသာကစားခဲ့ပေမယ့်စီးရီးအေဖလားနှင့်ကိုပါအီတာလီယာဖလားဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။
သူဟာဂျူဗင်တပ်မှထွက်ခွာပြီးပီအက်စ်ဂျီသို့ပြောင်းရွှေ့ကစားခဲ့ကာလီဂူး၁ဖလား၂လုံးနှင့်အတူစုစုပေါင်းဆုဖလား၈လုံးဆွတ်ခူးနိုင်ခဲ့ပါတယ်။
၂၀၁၉ခုနှစ်မှာတော့အဲလ်ဗက်စ်ဟာဘရာဇီးသို့ပြန်ကာဆာအိုပေါ်လိုတွင်ကစားခဲ့ကာ Campeonato Paulista League ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါနီအဲလ်ဗက်စ်ဟာဘရာဇီးလက်ရွေးစင်ကစားသမားဘဝ၁၃နှစ်တာကာလအတွင်းတွင်၁၁၈ပွဲကစားခဲ့ပြီး၂၀၇၇နှင့်၂၀၁၉ခုနှစ်တို့တွင်ကိုပါအမေရိကဖလားနှစ်ကြိမ်နှင့်တိုက်ကြီးများဖလားနှစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာဘရာဇီးယူ-၂၀အသင်းနှင့်အတူဖီဖာကမ္ဘာ့လူငယ်ဖလားဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။
အဲဗက်စ်ရဲ့ ကစားသမားဘဝ ရရှိထားသော ဆုဖလားများ —
ချန်ပီယံလိဂ် – ၃ကြိမ်၊ စပိန်လာလီဂါ – ၆ကြိမ်၊ စပိန်ဘုရင့်ဖလား – ၅ကြိမ်၊ စပိန်စူပါဖလား – ၅ကြိမ်၊ အီတလီ စီးရီးအေ – ၁ကြိမ်၊
အီတာလျံဖလား – ၁ကြိမ်၊ ပြင်သစ် လီဂူး – ၂ကြိမ်၊ ပြင်သစ်ဖလား – ၁ကြိမ်၊ ပြင်သစ်လိဂ်ဖလား – ၁ကြိမ်၊ ပြင်သစ်စူပါဖလား – ၂ကြိမ်၊
ကမ္ဘာ့ကလပ်ဖလား – ၃ကြိမ်၊ ယူရိုပါလိဂ် – ၂ကြိမ်၊ ဥရောပစူပါဖလား – ၄ကြိမ်၊ ကွန်ဖက်ဒရေးရှင်းဖလား – ၂ကြိမ်၊ ယူ-၂၀ ကမ္ဘာ့ဖလား – ၁ကြိမ်၊ ကိုပါအမေရိကဖလား – ၂ကြိမ်၊ အိုလံပစ်ပြိုင်ပွဲ ရွှေတံဆိပ်ဆု – ၁ကြိမ်
ဒန်နီအဲဗက်စ်ဟာ ကမ္ဘာ့ဘောလုံး သမိုင်းတလျှောက် ဆုဖလား အများဆုံး ရရှိထားတဲ့ ကစားသမား တဦး အဖြစ် မှတ်တမ်းဝင်ထားသူလည်း ဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အသက် ၃၈ နှစ်မှာတင် ၄၃ ခုမြောက် ဆုတံဆိပ် ဆွတ်ခူးခဲ့တဲ့ အဲလ်ဗက်စ်