အသက် ၂၇ မတိုင်ခင် တူညီတဲ့အရွယ်မှာ အဂူရို၊လီဝန်၊ဆွာရက်ဇ်တို့ထက် ဂိုးပိုသွင်းနိုင်ခဲ့တဲ့ လူကာကူ

photo-gettyimages

photo-gettyimages

မနေ့ညစီးရီးအေ နာပိုလီနဲ့အဝေးကွင်းပွဲစဉ်မှာ ၃-၁ ဂိုးနဲ့အနိုင်ရတော့ အင်တာမီလန်တိုက်စစ်မှုးလူကာကူတစ်ယောက် ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အဲဒီမန်ယူတိုက်စစ်မှုးဟောင်းဟာ ပထမပိုင်းအတွင်းမှာတင် အင်တာအတွက် ၂ ဂိုးသွင်းပေးခဲ့တာဖြစ်ပြီး အဲဒီဂိုးတွေကြောင့်လည်း  ကစားသမားဘ၀ သူ့ရဲ့သွင်းဂိုးအရေအတွက်ဟာ ၂၅၅ ဂိုးတောင် ဖြစ်သွားပါတယ်။ အဲဒီဘယ်လ်ဂျီယံတိုက်စစ်မှုးဟာ အသက် ၂၇ နှစ်မပြည့်ခင်မှာပဲ အဲဒီလောက်အရေအတွက် သွင်းနိုင်ခဲ့တာပါ။

photo-gettyimages

ဒါကြောင့် အသက် ၂၇ မတိုင်ခင် တူညီတဲ့အရွယ်မှာပဲ လက်ရှိကမ္ဘာကျော်တိုက်စစ်မှုးတွေဖြစ်ကြတဲ့ အဂူရို၊လီဝန်ဒေါစကီးနဲ့ လူးဝစ်ဆွာရက်ဇ်တို့ထက် ဂိုးပိုသွင်းနိုင်ခဲ့သူ ဖြစ်လာပါတယ်။ လက်ရှိ ၃၁ နှစ်ရှိပြီဖြစ်တဲ့ အဂူရိုဟာ အဲဒီအရွယ်တုန်းက ၂၅၄ ဂိုးသွင်းနိုင်ခဲ့လို့ လူကာကူထက် ၁ ဂိုးနည်းပါတယ်။ ၃၁ နှစ်ပဲဖြစ်တဲ့ ဘိုင်ယန်တိုက်စစ်မှုးလီဝန်ဒေါစကီးဟာ အဲအရွယ်တုန်းက ၂၃၁ ဂိုးသာရှိခဲ့တာပါ။ ဒီရာသီ ဘာစီလိုနာအတွက် ဂိုးသွင်းခြေစွမ်းပြနေတဲ့ ၃၂ နှစ်အရွယ် ဆာရွက်ဇ်ဆိုလည်း အဲဒီအရွယ်တုန်းက ၂၂၃ ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။

photo-gettyimages

ပြီးခဲ့တဲ့ရာသီက မန်ယူနဲ့အတူ ပရီးမီးယားလိဂ် ၃၂ ပွဲမှာ ၁၂ ဂိုးသာသွင်းနိုင်ခဲ့တဲ့လူကာကူဟာ ဒီရာသီမှာတော့ အင်တာနဲ့အတူ စီးရီးအေ ၁၈ ပွဲသာကစားထားရသေးပေမယ့် ၁၄ ဂိုးတောင် သွင်းထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် လူကာကူဟာ ဒီရာသီအင်တာတိုက်စစ်မှုး အာဂျင်တီးနားသားလော်တိုင်ရိုမာတီနက်ဇ်နဲ့ အတွဲညီနေပြီး သူတို့နှစ်ယောက်ပေါင်း အခုရာသီမှာ ဂိုး ၃၀ သွင်းထားတာပါ။

[Zawgyi]

အသက္ ၂၇ မတိုင္ခင္ တူညီတဲ့အရြယ္မွာ အဂူရို၊လီ၀န္၊ဆြာရက္ဇ္တို႔ထက္ ဂိုးပိုသြင္းႏိုင္ခဲ့တဲ့ လူကာကူ

မေန႔ညစီးရီးေအ နာပိုလီနဲ႔အေ၀းကြင္းပြဲစဥ္မွာ ၃-၁ ဂိုးနဲ႔အႏိုင္ရေတာ့ အင္တာမီလန္တိုက္စစ္မႈးလူကာကူတစ္ေယာက္ ၂ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ အဲဒီမန္ယူတိုက္စစ္မႈးေဟာင္းဟာ ပထမပိုင္းအတြင္းမွာတင္ အင္တာအတြက္ ၂ ဂိုးသြင္းေပးခဲ့တာျဖစ္ၿပီး အဲဒီဂိုးေတြေၾကာင့္လည္း  ကစားသမားဘ၀ သူ႔ရဲ႕သြင္းဂိုးအေရအတြက္ဟာ ၂၅၅ ဂိုးေတာင္ ျဖစ္သြားပါတယ္။ အဲဒီဘယ္လ္ဂ်ီယံတိုက္စစ္မႈးဟာ အသက္ ၂၇ ႏွစ္မျပည့္ခင္မွာပဲ အဲဒီေလာက္အေရအတြက္ သြင္းႏုိင္ခဲ့တာပါ။

ဒါေၾကာင့္ အသက္ ၂၇ မတိုင္ခင္ တူညီတဲ့အရြယ္မွာပဲ လက္ရွိကမာၻေက်ာ္တိုက္စစ္မႈးေတြျဖစ္ၾကတဲ့ အဂူရို၊လီ၀န္ေဒါစကီးနဲ႔ လူး၀စ္ဆြာရက္ဇ္တို႔ထက္ ဂိုးပိုသြင္းႏိုင္ခဲ့သူ ျဖစ္လာပါတယ္။ လက္ရွိ ၃၁ ႏွစ္ရွိၿပီျဖစ္တဲ့ အဂူရိုဟာ အဲဒီအရြယ္တုန္းက ၂၅၄ ဂိုးသြင္းႏိုင္ခဲ့လုိ႔ လူကာကူထက္ ၁ ဂိုးနည္းပါတယ္။ ၃၁ ႏွစ္ပဲျဖစ္တဲ့ ဘုိင္ယန္တိုက္စစ္မႈးလီ၀န္ေဒါစကီးဟာ အဲအရြယ္တုန္းက ၂၃၁ ဂိုးသာရွိခဲ့တာပါ။ ဒီရာသီ ဘာစီလိုနာအတြက္ ဂိုးသြင္းေျခစြမ္းျပေနတဲ့ ၃၂ ႏွစ္အရြယ္ ဆာရြက္ဇ္ဆုိလည္း အဲဒီအရြယ္တုန္းက ၂၂၃ ဂိုးသာသြင္းႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီက မန္ယူနဲ႔အတူ ပရီးမီးယားလိဂ္ ၃၂ ပြဲမွာ ၁၂ ဂိုးသာသြင္းႏိုင္ခဲ့တဲ့လူကာကူဟာ ဒီရာသီမွာေတာ့ အင္တာနဲ႔အတူ စီးရီးေအ ၁၈ ပြဲသာကစားထားရေသးေပမယ့္ ၁၄ ဂိုးေတာင္ သြငး္ထားၿပီး ျဖစ္ပါတယ္။ ဒါ့အျပင္ လူကာကူဟာ ဒီရာသီအင္တာတိုက္စစ္မႈး အာဂ်င္တီးနားသားေလာ္တိုင္ရိုမာတီနက္ဇ္နဲ႔ အတြဲညီေနၿပီး သူတုိ႔ႏွစ္ေယာက္ေပါင္း အခုရာသီမွာ ဂိုး ၃၀ သြင္းထားတာပါ။