အသက် ( ၁၇ ) နှစ်အရွယ်ထိ အမေရဲ့ ကုတင်မှာပဲ အိပ်စက်ခဲ့တဲ့ ပီပီ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘောလုံးလောကရဲ့ လူကြမ်မင်းသားကြီး တစ်ဦးဖြစ်တဲ့ ရီးရဲမက်ဒရစ်ခံစစ်ကစားသမားဟောင်း ပီပီဟာ အသက် ( ၁၇ ) နှစ်အရွယ်ထိ မိခင်ဖြစ်သူရဲ့ ကုတင်မှာ အိပ်စက်ခဲ့ေကြာင်း ထုတ်ေဖာ်ေပြာဆိုခဲ့ပါတယ်။ ပီပီဟာ ေပါ်တူဂီ လက်ေရွးစင် အသင်းအတွက် ( ၁၁၃ ) ပွဲ ကစားေပးထား‌ေပမယ့် ဘရာဇီးနိုင်ငံမှာ ေမွးဖွာကြီးပြင်းခဲ့သူဖြစ်ပြီး ဆယ်ေကျာ်သက်အရွယ်မှာ ေဘာလုံးကစားဖို့အတွက် ဥရောပကိုပြောင်းရွေ့လာခဲ့တာ ဖြစ်ပါတယ်။
ပီပီက ပေါ်တူဂီသတင်းစာ Tribuna Expresso နဲ့တွေ့ဆုံရာမှာ “ ကျွန်တော် ပေါ်တူဂီကို မလာရောက်သေးခင် အသက် ( ၁၇ )နှစ်အရွယ်ထိ အမေနဲ့အတူ အိပ်စက်ခဲ့ပါတယ်။ ဘယ်လိုနေမလဲ စဥ်းစားကြည့်ပေါ့ဗျာ ( ရယ်လျက် )” ဟု ပြောဆိုခဲ့ပါတယ်။ “ ကျွန်တော်က အတော်ထွားနေပါပြီ ။ ဒါပေမယ့် မိဘတွေနဲ့အတူ အိပ်စက်ခဲ့ပါတယ်။ အဖေကတော့ ကျွန်တော် အဲ့ဒီမှာ ရှိနေတာ ကြိုက်မှာမဟုတ်ပါဘူး( ရယ်လျက် )”
ပီပီဟာ ( ၂ ) နှစ်ဆက် ပြည်တွင်းလိဂ် ချန်ပီယံ ရရှိခဲ့တဲ့ ပေါ်တိုအသင်းထံ မပြောင်းရွေ့မီ မာရီတီမို အသင်းနဲ့အတူ ( ၆၄ ) ပွဲ ကစားခဲ့ပါတယ်။ အဲ့ဒီနောက် ရီးရဲမက်ဒရစ်အသင်းမှာ ဘောလုံးရှင်းထုတ်ပုံကြမ်းတဲ့ ခံစစ်သမားအဖြစ် လူသိများလာပြီး ( ၉ ) နှစ်တာကာလအတွင်းမှာ ( ၃၃၄ ) ပွဲ ကစားခဲ့ပြီး လာလီဂါ ( ၃ ) ကြိမ်နှင့် ချန်ပီယံလိဂ် ( ၃ )ကြိမ် ရရှိခဲ့ပါတယ်။
အဲ့ဒီနောက် တူရကီကလပ် ဘက်ဆီးတပ်အသင်းမှာ ကာလတိုကစားခဲ့ပြီး လက်ရှိမှာတော့ အသက် ( ၃၈ )နှစ်အရွယ် ခံစစ်မှူးဟာ ပေါ်တိုအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားလျက်ရှိပြီး ယခင်နှစ်က လိဂ်ချန်ပီယံဆု နှင့် ပြည်တွင်းဖလားတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပေါ်တူဂီအသင်းရဲ့ ယူရို နှင့် Nations League အောင်မြင်မှုတွေမှာလည်း အဓိက ကစားသမားအနေနဲ့ ပါဝင်ခဲ့ပါတယ်။
ပီပီဟာ ကစားသမာဘဝသက်တမ်းတစ်လျှောက် အနီကတ် ( ၁၂ )ကတ် နှင့် အဝါကတ် ( ၁၅၃ ) ကတ်ပြခံခဲ့ရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဘောလုံးလောကရဲ့ လူကြမ်မင်းသားကြီး တစ်ဦးဖြစ်တဲ့ ရီးရဲမက်ဒရစ်ခံစစ်ကစားသမားဟောင်း ပီပီဟာ အသက် ( ၁၇ ) နှစ်အရွယ်ထိ မိခင်ဖြစ်သူရဲ့ ကုတင်မှာ အိပ်စက်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပီပီဟာ ပေါ်တူဂီ လက်ရွေးစင် အသင်းအတွက် ( ၁၁၃ ) ပွဲ ကစားပေးထား‌ပေမယ့် ဘရာဇီးနိုင်ငံမှာ မွေးဖွာကြီးပြင်းခဲ့သူဖြစ်ပြီး ဆယ်ကျော်သက်အရွယ်မှာ ဘောလုံးကစားဖို့အတွက် ဥရောပကိုပြောင်းရွေ့လာခဲ့တာ ဖြစ်ပါတယ်။