အသက်(၂၂)နှစ်အရွယ်မှာ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ထက် စွမ်းဆောင်ရည်ပိုကောင်းတဲ့ ဘာပေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

PSG အသင်းရဲ့ ပြင်သစ်လူငယ်ကြယ်ပွင့်ကစားသမား ဘာပေဟာ အသင်းအတွက် ခြေစွမ်းကောင်းတွေပြသနေပြီး အသက်(၂၂)နှစ်အရွယ်မှာ သူ့ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲစွမ်းဆောင်ရည်မှတ်တမ်းက လက်ရှိကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေဖြစ်တဲ့ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့တုန်းက စွမ်းဆောင်ရည်ထက် ပိုကောင်းနေတာဖြစ်ပါတယ်။

ဘာပေဟာ ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက နူးကမ့်မှာ မက်ဆီရဲ့ ဘာစီလိုနာအသင်းက အပြတ်အသတ်ချေမှုန်းပြခဲ့ပြီး သူ့ရဲ့ဟက်ထရစ်သွင်းဂိုးအပါအဝင် (၄-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့သလို အက်စ်ပရဲလား (နယူးကာဆယ်)၊ ရှက်ဗ်ချင်ကို (ဒိုင်နမိုကိဗ်)တို့နောက်ပိုင်း နူးကမ့်မှာ ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့ တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဘာပေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၄၁)ပွဲကစား၊ (၂၄)ဂိုးသွင်းထားသလို၊ ဂိုးဖန်တီးမှု (၁၆)ကြိမ်ပြုလုပ်ခဲ့ပြီးပါပြီ။

အသက်(၂၂)နှစ်၊ (၅၈)ရက်အရွယ်မှာ ဘာပေရဲ့ ချန်ပီယံလိဂ်စွမ်းဆောင်ရည်က မထင်မှတ်လောက်အောင် ကောင်းမွန်နေပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့တောင် အဲဒီအသက်အရွယ်မှာ ဘာပေလိုမျိုး မလုပ်ပြနိုင်ခဲ့ပါဘူး။ မက်ဆီဟာ အသက်(၂၂)နှစ်၊ (၅၈)ရက်အရွယ်တုန်းက ဘာစီလိုနာအသင်းအတွက် (၃၃)ပွဲကစား၊ (၁၇)ဂိုးသာ သွင်းနိုင်ခဲ့သလို ဂိုးဖန်တီးမှု (၇)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုကတော့ အဲဒီအသက်အရွယ်မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ချန်ပီယံလိဂ်(၂၆)ပွဲကစားခဲ့ပေမယ့် တစ်ဂိုးမှ မသွင်းနိုင်ဘဲ နောက်ထပ်(၄)ပွဲအကြာ ၂၀၀၇ ခုနှစ်တုန်းက ရိုးမားကို (၇-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှ ချန်ပီယံလိဂ်ပွဲဦးထွက်ဂိုး၊ ဒုတိယဂိုးတွေ သွင်းယူခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဘာပေအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် စီရော်နယ်လ်ဒို၊ မက်ဆီတို့ စွမ်းဆောင်ခဲ့တဲ့ မှတ်တမ်းကောင်းတချို့ကို အမီလိုက်နိုင်ဖို့လည်း မျှော်လင့်ချက်ရှိနေပါပြီ။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်ဖလားကို (၅)ကြိမ်ရရှိခဲ့သလို သွင်းဂိုး(၁၃၄)ဂိုးနဲ့ ပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသလို မက်ဆီ(၃၃နှစ်)ကတော့ သွင်းဂိုး(၁၁၉)ဂိုး၊ ချန်ပီယံ(၄)ကြိမ်ဆိုတဲ့ မှတ်တမ်းပိုင်ဆိုင်ထားပါတယ်။

အသက်(၁၉)နှစ်အရွယ်မှာကတည်းက ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ဘာပေဟာ စီရော်နယ်လ်ဒို၊ မက်ဆီတို့ခေတ်ကုန်ဆုံးချိန်မှာ ဘောလုံးလောကရဲ့ အောင်မြင်မှုအများဆုံးကစားသမားဖြစ်လာမယ်ဆိုပြီး သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အသက္(၂၂)ႏွစ္အ႐ြယ္မွာ မက္ဆီ၊ စီေရာ္နယ္လ္ဒိုတို႔ထက္ စြမ္းေဆာင္ရည္ပိုေကာင္းတဲ့ ဘာေပ

PSG အသင္းရဲ႕ ျပင္သစ္လူငယ္ၾကယ္ပြင့္ကစားသမား ဘာေပဟာ အသင္းအတြက္ ေျခစြမ္းေကာင္းေတြျပသေနၿပီး အသက္(၂၂)ႏွစ္အ႐ြယ္မွာ သူ႔ရဲ႕ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲစြမ္းေဆာင္ရည္မွတ္တမ္းက လက္ရွိကမာၻ႔အေကာင္းဆုံးေဘာလုံးသမားေတြျဖစ္တဲ့ မက္ဆီ၊ စီေရာ္နယ္လ္ဒိုတို႔တုန္းက စြမ္းေဆာင္ရည္ထက္ ပိုေကာင္းေနတာျဖစ္ပါတယ္။ ဘာေပဟာ ၿပီးခဲ့တဲ့အဂၤါေန႔တုန္းက ႏူးကမ့္မွာ မက္ဆီရဲ႕ ဘာစီလိုနာအသင္းက အျပတ္အသတ္ေခ်မႈန္းျပခဲ့ၿပီး သူ႔ရဲ႕ဟက္ထရစ္သြင္းဂိုးအပါအဝင္ (၄-၁)ဂိုးနဲ႔ ဂိုးျပတ္အႏိုင္ရခဲ့သလို အက္စ္ပရဲလား (နယူးကာဆယ္)၊ ရွက္ဗ္ခ်င္ကို (ဒိုင္နမိုကိဗ္)တို႔ေနာက္ပိုင္း ႏူးကမ့္မွာ ဟက္ထရစ္သြင္းႏိုင္ခဲ့တဲ့ တတိယေျမာက္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ဒါ့အျပင္ ဘာေပဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ (၄၁)ပြဲကစား၊ (၂၄)ဂိုးသြင္းထားသလို၊ ဂိုးဖန္တီးမႈ (၁၆)ႀကိမ္ျပဳလုပ္ခဲ့ၿပီးပါၿပီ။

အသက္(၂၂)ႏွစ္၊ (၅၈)ရက္အ႐ြယ္မွာ ဘာေပရဲ႕ ခ်န္ပီယံလိဂ္စြမ္းေဆာင္ရည္က မထင္မွတ္ေလာက္ေအာင္ ေကာင္းမြန္ေနၿပီး မက္ဆီ၊ စီေရာ္နယ္လ္ဒိုတို႔ေတာင္ အဲဒီအသက္အ႐ြယ္မွာ ဘာေပလိုမ်ိဳး မလုပ္ျပႏိုင္ခဲ့ပါဘူး။ မက္ဆီဟာ အသက္(၂၂)ႏွစ္၊ (၅၈)ရက္အ႐ြယ္တုန္းက ဘာစီလိုနာအသင္းအတြက္ (၃၃)ပြဲကစား၊ (၁၇)ဂိုးသာ သြင္းႏိုင္ခဲ့သလို ဂိုးဖန္တီးမႈ (၇)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုကေတာ့ အဲဒီအသက္အ႐ြယ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ခ်န္ပီယံလိဂ္(၂၆)ပြဲကစားခဲ့ေပမယ့္ တစ္ဂိုးမွ မသြင္းႏိုင္ဘဲ ေနာက္ထပ္(၄)ပြဲအၾကာ ၂၀၀၇ ခုႏွစ္တုန္းက ႐ိုးမားကို (၇-၁)ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွ ခ်န္ပီယံလိဂ္ပြဲဦးထြက္ဂိုး၊ ဒုတိယဂိုးေတြ သြင္းယူခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဘာေပအေနနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတစ္ေလွ်ာက္ စီေရာ္နယ္လ္ဒို၊ မက္ဆီတို႔ စြမ္းေဆာင္ခဲ့တဲ့ မွတ္တမ္းေကာင္းတခ်ိဳ႕ကို အမီလိုက္ႏိုင္ဖို႔လည္း ေမွ်ာ္လင့္ခ်က္ရွိေနပါၿပီ။

အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒိုဟာ ခ်န္ပီယံလိဂ္ဖလားကို (၅)ႀကိမ္ရရွိခဲ့သလို သြင္းဂိုး(၁၃၄)ဂိုးနဲ႔ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနသလို မက္ဆီ(၃၃ႏွစ္)ကေတာ့ သြင္းဂိုး(၁၁၉)ဂိုး၊ ခ်န္ပီယံ(၄)ႀကိမ္ဆိုတဲ့ မွတ္တမ္းပိုင္ဆိုင္ထားပါတယ္။ အသက္(၁၉)ႏွစ္အ႐ြယ္မွာကတည္းက ကမာၻ႔ဖလားခ်န္ပီယံဆု ဆြတ္ခူးႏိုင္ခဲ့တဲ့ ဘာေပဟာ စီေရာ္နယ္လ္ဒို၊ မက္ဆီတို႔ေခတ္ကုန္ဆုံးခ်ိန္မွာ ေဘာလုံးေလာကရဲ႕ ေအာင္ျမင္မႈအမ်ားဆုံးကစားသမားျဖစ္လာမယ္ဆိုၿပီး သတ္မွတ္ခံထားရသူလည္းျဖစ္ပါတယ္။