အသက်အန္တရာယ် စိုးရိမ်ခဲ့ရတဲ့ အဲရစ်ဆင် ဒိန်းမတ် – ဖင်လန်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒိန်းမတ်ကွင်းလယ်ကစားသမားအဲရစ်ဆင်ဟာဖင်လန်နှင့်ပွဲစဉ်ရဲ့ပထမပိုင်းမတိုင်မီကွင်းအတွင်းမေ့လဲကျခဲ့ပြီးပွဲကိုလည်းအရေးပေါ်ရပ်နားခဲ့ရပါတယ်။

သူဟာကွင်းအတွင်းမှာပဲ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရကာအဲဒီနောက် ဆေးရုံကို ပို့ဆောင်ကုသခဲ့ရပါတယ်။

ယူအီးအက်ဖ်အေဟာအစောပိုင်းတုန်းကပွဲကိုရပ်ဆိုင်းဖို့ဆုံးဖြတ်ခဲ့ပေမယ့်လည်းနှစ်ဖက်ကစားသမားတို့ရဲ့တောင်းဆိုမှုကြောင့်ပြန်ကစားခဲ့ပါတယ်။

အဲရစ်ဆင် ကိုယ်တိုင်ကလည်း ပွဲကိုပြန်ကစားဖို့ ဒိန်းမတ်ကစားဖော်များအားတောင်းဆိုခဲ့ကြောင်းသိရပါတယ်။

အခုအခါအဲရစ်ဆင်ရဲ့အခြေအနေမှာပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီးစကားပြောနိုင်ပြီလည်းဖြစ်ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ဒိန်းမတ် နဲ့ ဖင်လန်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ဒိန်းမတ်ကွင်းလယ်လူအဲရစ်ဆင်ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ကျန်မိနစ်တွေကို ဆက်လက်ကစားခဲ့ရာမှာ ဖင်လန်က ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ဂိုးသွင်းချိန်မှာ အောင်ပွဲခံတာမပြုလုပ်ခဲ့ဘဲ ပြိုင်ဘက်အသင်းနဲ့ ကစားသမားကို လေးစားမှုတွေပြသခဲ့ကာ ယူအီးအက်ဖ်အေကလည်း အဲရစ်ဆင်ကို အကောင်းဆုံးဆုပေးပြီး ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

UEFA ဥက္ကဌ ဆီဖာရင်က“ဒီလိုအချိန်တွေမှာ ဘောလုံးမိသားတွေ စည်းလုံးညီညွှတ်ခဲ့ကြပါတယ်။

နှစ်ဖက်အသင်းပရိသတ်တွေက လည်း သူ့နာမည်ကို အော်ဟစ်ပြီးတော့ အားပေးခဲ့ကြပါတယ်”

“ဘောလုံးအားကစားက ဘယ်လောက်တောင်မှ လှပလိုက်သလဲ။

အဲရစ်ဆင်ရဲ့ကစားပုံကလည်း အရမ်းလှပခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အသက္အႏၲရာယ္ စိုးရိမ္ခဲ့ရတဲ့ အဲရစ္ဆင္ ဒိန္းမတ္ – ဖင္လန္ပြဲရဲ႕ အေကာင္းဆုံးကစားသမားဆုကို ရရွိ

ဒိန္းမတ္ကြင္းလယ္ကစားသမားအဲရစ္ဆင္ဟာဖင္လန္ႏွင့္ပြဲစဥ္ရဲ႕ပထမပိုင္းမတိုင္မီကြင္းအတြင္းေမ့လဲက်ခဲ့ၿပီးပြဲကိုလည္းအေရးေပၚရပ္နားခဲ့ရပါတယ္။ သူဟာကြင္းအတြင္းမွာပဲ အေရးေပၚေဆးကုသမႈခံယူခဲ့ရကာအဲဒီ​ေနာက္ ေဆး႐ုံကို ပို႔ေဆာင္ကုသခဲ့ရပါတယ္။ယူအီးအက္ဖ္ေအဟာအေစာပိုင္းတုန္းကပြဲကိုရပ္ဆိုင္းဖို႔ဆုံးျဖတ္ခဲ့​ေပမယ့္လည္းႏွစ္ဖက္ကစားသမားတို႔ရဲ႕ေတာင္းဆိုမႈေၾကာင့္ျပန္ကစားခဲ့ပါတယ္။

အဲရစ္ဆင္ ကိုယ္တိုင္ကလည္း ပြဲကိုျပန္ကစားဖို႔ ဒိန္းမတ္ကစားေဖာ္မ်ားအားေတာင္းဆိုခဲ့ေၾကာင္းသိရပါတယ္။အခုအခါအဲရစ္ဆင္ရဲ႕အေျခအေနမွာျပန္လည္ေကာင္းမြန္လာၿပီျဖစ္ၿပီးစကားေျပာႏိုင္ၿပီလည္းျဖစ္ပါတယ္။ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ ဒိန္းမတ္ နဲ႔ ဖင္လန္ပြဲရဲ႕ အေကာင္းဆုံးကစားသမားဆုကို ဒိန္းမတ္ကြင္းလယ္လူအဲရစ္ဆင္ကို ေပးအပ္ခဲ့တယ္လို႔ သိရပါတယ္။

လက္က်န္မိနစ္ေတြကို ဆက္လက္ကစားခဲ့ရာမွာ ဖင္လန္က ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီး ဂိုးသြင္းခ်ိန္မွာ ေအာင္ပြဲခံတာမျပဳလုပ္ခဲ့ဘဲ ၿပိဳင္ဘက္အသင္းနဲ႔ ကစားသမားကို ေလးစားမႈေတြျပသခဲ့ကာ ယူအီးအက္ဖ္ေအကလည္း အဲရစ္ဆင္ကို အေကာင္းဆုံးဆုေပးၿပီး ဂုဏ္ျပဳခဲ့တာျဖစ္ပါတယ္။

UEFA ဥကၠဌ ဆီဖာရင္က“ဒီလိုအခ်ိန္ေတြမွာ ေဘာလုံးမိသားေတြ စည္းလုံးညီၫႊတ္ခဲ့ၾကပါတယ္။ ႏွစ္ဖက္အသင္းပရိသတ္ေတြက လည္း သူ႔နာမည္ကို ေအာ္ဟစ္ၿပီးေတာ့ အားေပးခဲ့ၾကပါတယ္။ ေဘာလုံးအားကစားက ဘယ္ေလာက္ေတာင္မွ လွပလိုက္သလဲ။ အဲရစ္ဆင္ရဲ႕ကစားပုံကလည္း အရမ္းလွပခဲ့ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။