အသက်အငယ်ဆုံးပွဲထွက်စာရင်းနဲ့ ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ ချဲလ်ဆီး

PC ; Internet

ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ အဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်မှာကစားတဲ့ပွဲမှာ အိမ်ရှင်ချဲလ်ဆီးက ခရစ္စတယ်ပဲလေ့စ်ကို ၂ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ဒါဟာ လမ်းပတ်ရဲ့အသင်းအတွက် ၂၀၁၆-၁၇ ရာသီမှာ ချန်ပီယံဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ၆ပွဲဆက်အနိုင်ရခြင်းပါ။ဒါ့အပြင် ချဲလ်ဆီးဟာ မန်စီးတီးနဲ့ပွဲကျပ်ကစားရမယ့် ဦးဆောင်သူလီဗာပူးနဲ့ ၅မှတ်အကွာ အမှတ်ပေးဇယား ဒုတိယနေရာကိုရောက်ရှိသွားခဲ့ပါတယ်။

PC ; Internet

ဒီပွဲမှာ ချဲလ်ဆီးအတွက် ဂိုးသွင်းပေးခဲ့ကြသူတွေကတော့ တိုက်စစ်မှူးအေဘရာဟမ်နဲ့ပူလီဆစ်ပါပဲ။လမ်းပတ်ဟာ အေဘရာဟမ်ကိုအထောင်ထားပြီး ပူလီဆစ်၊မေဆန်မောင့်၊ဝီလျံတို့နဲ့ ၄-၂-၃-၁ ပုံစံ ခင်းကျင်းခဲ့ပါတယ်။ထူးခြားတာက ပွဲထွက်လူစာရင်းဟာ ချဲလ်ဆီးရဲ့ပရီးမီးယားလိဂ်သမိုင်းမှာ အသက်အငယ်ဆုံး ဖြစ်နေတာပါပဲ။ကစားသမားတွေရဲ့အသက်က ပျမ်းမျှ ၂၄နှစ်နဲ့၈၈ရက်သာရှိပါသေးတယ်။ဒါဟာ လက်ရှိပရီးမီးယားလိဂ်မှာလည်း အသက်အငယ်ဆုံး လူစာရင်းဖြစ်ခဲ့ပါတယ်။

PC ; Internet

ပဲလေ့စ်ကတော့ ဂျော်ဒန်အေရူးကို တိုက်စစ်မြှားဦးမှာတင်ပြီး ၄-၅-၁ ကစားကွက်နဲ့ကွင်းလယ်အားပြုခဲ့တာပါ။ဒါပေမဲ့ နောက်ဆုံး ၃ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့ ရွိုင်းဟော့ဆန်ရဲ့အသင်းဟာ ပထမပိုင်းတစ်ပိုင်းလုံး အိမ်ရှင်ရဲ့ထိန်းချုပ်မှုခံခဲ့ရပါတယ်။အိမ်ရှင်အသင်းဟာ အခွင့်အရေးတွေရခဲ့ပေမယ့် ပူလီဆစ်ရဲ့ထောင့်ကျဉ်းကန်ချက်ကို ပဲလေ့စ်ဂိုးသမား ဂူရီတာ လက်စွမ်းပြကာကွယ်သွားသလို ဝီလျံရဲ့ဖရီးကစ်ကန်ချက် ဂိုးဘားပေါ်ကကပ်ထွက်သွားခဲ့ပြီး ကံခေနေခဲ့ပါတယ်။

PC ; Internet

ဘရာဇီးတိုက်စစ်မှူးပဲ ပထမပိုင်းပြီးကာနီးမှာ အပိုင်အခွင့်အရေးရခဲ့ပေမယ့် သူ့ရဲ့ပိတ်သွင်းမှုကို အသင်းဖော်ဟောင်းဂယ်ရီကာဟေးလ် ကာကွယ်သွားနိုင်ခဲ့တာကြောင့် ဂိုးမရခဲ့တာပါ။ရွိုင်းဟော့ဆန်ရဲ့ ပရီးမီးယားလ်ဂ် ပွဲ ၃၀၀ပြည့်မှာ ပဲလေ့စ်ဟာ ပထမပိုင်းတစ်ပိုင်းလုံး ချဲလ်ဆီးဂိုးပေါက်ကို တစ်ကြိမ်မှမခြိမ်းခြောက်နိုင်ခဲ့ပါဘူး။

PC ; Internet

ဒုတိယပိုင်းမှာလည်း အိမ်ရှင်ပဲဆက်လက်ဖိကစားနိုင်ခဲ့သလို ၅၂မိနစ်မှာ ဦးဆောင်ဂိုးရသွားခဲ့ပါတယ်။ကိုဗာဆစ်နဲ့ဝီလျံတို့တွဲလုံးကတစ်ဆင့် အေဘရာဟမ်က ဂိုးဧရိယာထဲကနေ ညာခြေနဲ့အပိုင်ကန်သွင်းခဲ့တာပါ။အဲဒီနောက် ချဲလ်ဆီးပဲ အခွင့်အရေးတွေထပ်ရသေးပေမယ့် ပြိုင်ဘက်ဂိုးသမားကာကွယ်မှုတွေကောင်းခဲ့သလို အဆုံးသတ်မသေချာခဲ့ပါဘူး။

PC ; Internet

ပဲလေ့စ်အတွက်လည်း တွမ်ကင်း အကောင်းဆုံးအခွင့်ရခဲ့ပေမယ့် သူ့ရဲ့အပိုင်ခေါင်းတိုက်ချက် ဂိုးပေါက်လွဲခဲ့ပြီး ကံဆိုးခဲ့ပါတယ်။အိမ်ရှင်အတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးကိုတော့ လူစားဝင်တိုက်စစ်မှူးဘက်ရှူအာယီရဲ့ကန်ချက် ပဲလေ့စ်နောက်ခံလူနဲ့ထိပြီးပြန်ကျလာတာကနေ ပူလီဆစ်က ခေါင်းတိုက်သွင်းပေးခဲ့တာပါ။

PC ; Internet

ဒါဟာ အမေရိကန်ကွင်းလယ်လူရဲ့ ချဲလ်ဆီးအတွက်နောက်ဆုံး ၃ပွဲမှာ ၅ဂိုးမြောက်ဖြစ်ခဲ့ပါတယ်။

(zawgyi)

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၂ အျဖစ္ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာကစားတဲ့ပြဲမွာ အိမ္ရွင္ခ်ဲလ္ဆီးက ခရစၥတယ္ပဲေလ့စ္ကို ၂ဂိုးျပတ္အႏိုင္ရခဲ့ပါတယ္။ဒါဟာ လမ္းပတ္ရဲ႕အသင္းအတြက္ ၂၀၁၆-၁၇ ရာသီမွာ ခ်န္ပီယံျဖစ္ၿပီးေနာက္ပိုင္း ပထမဆံုးအႀကိမ္ ပရီးမီးယားလိဂ္ ၆ပြဲဆက္အႏိုင္ရျခင္းပါ။ဒါ့အျပင္ ခ်ဲလ္ဆီးဟာ မန္စီးတီးနဲ႔ပြဲက်ပ္ကစားရမယ့္ ဦးေဆာင္သူလီဗာပူးနဲ႔ ၅မွတ္အကြာ အမွတ္ေပးဇယား ဒုတိယေနရာကိုေရာက္ရွိသြားခဲ့ပါတယ္။ဒီပြဲမွာ ခ်ဲလ္ဆီးအတြက္ ဂိုးသြင္းေပးခဲ့ၾကသူေတြကေတာ့ တိုက္စစ္မွဴးေအဘရာဟမ္နဲ႔ပူလီဆစ္ပါပဲ။လမ္းပတ္ဟာ ေအဘရာဟမ္ကိုအေထာင္ထားၿပီး ပူလီဆစ္၊ေမဆန္ေမာင့္၊၀ီလ်ံတို႔နဲ႔ ၄-၂-၃-၁ ပံုစံ ခင္းက်င္းခဲ့ပါတယ္။ထူးျခားတာက ပြဲထြက္လူစာရင္းဟာ ခ်ဲလ္ဆီးရဲ႕ပရီးမီးယားလိဂ္သမိုင္းမွာ အသက္အငယ္ဆံုး ျဖစ္ေနတာပါပဲ။ကစားသမားေတြရဲ႕အသက္က ပ်မ္းမွ် ၂၄ႏွစ္နဲ႔၈၈ရက္သာရွိပါေသးတယ္။ဒါဟာ လက္ရွိပရီးမီးယားလိဂ္မွာလည္း အသက္အငယ္ဆံုး လူစာရင္းျဖစ္ခဲ့ပါတယ္။ ပဲေလ့စ္ကေတာ့ ေဂ်ာ္ဒန္ေအရူးကို တိုက္စစ္ျမွားဦးမွာတင္ၿပီး ၄-၅-၁ ကစားကြက္နဲ႔ကြင္းလယ္အားျပဳခဲ့တာပါ။ဒါေပမဲ့ ေနာက္ဆံုး ၃ပြဲဆက္ႏိုင္ပြဲေပ်ာက္ထားတဲ့ ရိြဳင္းေဟာ့ဆန္ရဲ႕အသင္းဟာ ပထမပိုင္းတစ္ပိုင္းလံုး အိမ္ရွင္ရဲ႕ထိန္းခ်ဳပ္မႈခံခဲ့ရပါတယ္။အိမ္ရွင္အသင္းဟာ အခြင့္အေရးေတြရခဲ့ေပမယ့္ ပူလီဆစ္ရဲ႕ေထာင့္က်ဥ္းကန္ခ်က္ကို ပဲေလ့စ္ဂိုးသမား ဂူရီတာ လက္စြမ္းျပကာကြယ္သြားသလို ၀ီလ်ံရဲ႕ဖရီးကစ္ကန္ခ်က္ ဂိုးဘားေပၚကကပ္ထြက္သြားခဲ့ၿပီး ကံေခေနခဲ့ပါတယ္။ဘရာဇီးတိုက္စစ္မွဴးပဲ ပထမပိုင္းၿပီးကာနီးမွာ အပိုင္အခြင့္အေရးရခဲ့ေပမယ့္ သူ႔ရဲ႕ပိတ္သြင္းမႈကို အသင္းေဖာ္ေဟာင္းဂယ္ရီကာေဟးလ္ ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ ဂိုးမရခဲ့တာပါ။ရိြဳင္းေဟာ့ဆန္ရဲ႕ ပရီးမီးယားလ္ဂ္ ပြဲ ၃၀၀ျပည့္မွာ ပဲေလ့စ္ဟာ ပထမပိုင္းတစ္ပိုင္းလံုး ခ်ဲလ္ဆီးဂိုးေပါက္ကို တစ္ႀကိမ္မွမၿခိမ္းေျခာက္ႏိုင္ခဲ့ပါဘူး။ဒုတိယပိုင္းမွာလည္း အိမ္ရွင္ပဲဆက္လက္ဖိကစားႏိုင္ခဲ့သလို ၅၂မိနစ္မွာ ဦးေဆာင္ဂိုးရသြားခဲ့ပါတယ္။ကိုဗာဆစ္နဲ႔၀ီလ်ံတို႔တြဲလံုးကတစ္ဆင့္ ေအဘရာဟမ္က ဂိုးဧရိယာထဲကေန ညာေျခနဲ႔အပိုင္ကန္သြင္းခဲ့တာပါ။အဲဒီေနာက္ ခ်ဲလ္ဆီးပဲ အခြင့္အေရးေတြထပ္ရေသးေပမယ့္ ၿပိဳင္ဘက္ဂိုးသမားကာကြယ္မႈေတြေကာင္းခဲ့သလို အဆံုးသတ္မေသခ်ာခဲ့ပါဘူး။ပဲေလ့စ္အတြက္လည္း တြမ္ကင္း အေကာင္းဆံုးအခြင့္ရခဲ့ေပမယ့္ သူ႔ရဲ႕အပိုင္ေခါင္းတိုက္ခ်က္ ဂိုးေပါက္လြဲခဲ့ၿပီး ကံဆိုးခဲ့ပါတယ္။အိမ္ရွင္အတြက္ အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုုးကိုေတာ့ လူစား၀င္တိုက္စစ္မွဴးဘက္ရွဴအာယီရဲ႕ကန္ခ်က္ ပဲေလ့စ္ေနာက္ခံလူနဲ႔ထိၿပီးျပန္က်လာတာကေန ပူလီဆစ္က ေခါင္းတိုက္သြင္းေပးခဲ့တာပါ။ဒါဟာ အေမရိကန္ကြင္းလယ္လူရဲ႕ ခ်ဲလ္ဆီးအတြက္ေနာက္ဆံုး ၃ပြဲမွာ ၅ဂိုးေျမာက္ျဖစ္ခဲ့ပါတယ္။