အသက်ငယ်ငယ်ကောင်လေးနဲ့ မိခင်ဖြစ်သူရဲ့အချစ်ရေးကို ခွင့်ပြုပေးလိုက်တဲ့နေမာ

photo-the sun

photo-AP

ပီအက်စ်ဂျီတိုက်စစ်မှုးနေမာဟာ အသက်ငယ်ငယ်ကောင်လေးနဲ့ မိခင်ဖြစ်သူရဲ့အချစ်ရေးကို ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ နေမာရဲ့မိခင်ဖြစ်တဲ့ ၅၂ နှစ်အရွယ် နာဒင်းဟာ ကွန်ပျူတာဂိမ်မာလည်းဖြစ် မော်ဒယ်တစ်ယောက်လည်းဖြစ်တဲ့ ၂၂ နှစ်အရွယ် သီယာဂိုရာမို့စ်တို့ဟာ ချစ်သူတွေဖြစ်နေကြတာပါ။ မိခင်ဖြစ်သူရဲ့ချစ်သူဟာ နေမာထက် ၆ နှစ်ငယ်သူလည်း ဖြစ်ပါတယ်။

photo-instagram

နာဒင်းက ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်မှာ သူ့ချစ်သူကောင်လေးနဲ့ပုံကိုတင်တော့ နေမာက အဲဒီပို့စ်ရဲ့အောက်မှာ “ပျော်ရွှင်အောင်နေပါ အမေ။ ကျွန်တော် အမေ့ကို ချစ်တယ်”လို့ သားတစ်ယောက်က အသိအမှတ်ပြုပေးတဲ့ ကွန်မန့်မျိုး ရေးခဲ့ပါတယ်။ ၅၂ နှစ်အရွယ် နာဒင်းဟာ နေမာရဲ့အေးဂျင့်လည်းဖြစ်၊ ဖခင်လည်းဖြစ်တဲ့ ဝက်ဂ်နာရီဘိုင်ရိုနဲ အိမ်ထောင်သက်တမ်း ၂၅ နှစ်ရှိခဲ့ပြီး ၂၀၁၆ ကမှ ကွာရှင်းခဲ့ကြတာပါ။

photo-instagram

အခုတော့ နာဒင်းဟာ အချစ်သစ်တွေ့နေပြီး မကြာသေးခင်က သူတို့အကြောင်း ဖော်ကောင်လုပ်ခံရပြီး လူသိရှင်ကြားဖြစ်သွားတော့ ဘရာဇီးမှာ တအံ့တသြတွေ ဖြစ်ကုန်ကြပါတယ်။ သီယာဂိုရာမို့စ်ကိုယ်တိုင်ကလည်း နေမာကို အရူးအမူးအားပေးတဲ့ပရိသတ်တစ်ယောက်ဖြစ်ကာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ကျင်းပတဲ့ အဲဒီပီအက်စ်ဂျီတိုက်စစ်မှုးရဲ့မွေးနေ့ပါတီပွဲကို တက်ရောက်ခွင့်ရခဲ့ကာ နေမာနဲ့တောင် ဓာတ်ပုံအတူတွဲရိုက်ခဲ့ပါသေးတယ်။

[Zawgyi]

အသက္ငယ္ငယ္ေကာင္ေလးနဲ႔ မိခင္ျဖစ္သူရဲ႕အခ်စ္ေရးကို ခြင့္ျပဳေပးလုိက္တဲ့ေနမာ

ပီအက္စ္ဂ်ီတိုက္စစ္မႈးေနမာဟာ အသက္ငယ္ငယ္ေကာင္ေလးနဲ႔ မိခင္ျဖစ္သူရဲ႕အခ်စ္ေရးကို ခြင့္ျပဳေပးလုိက္ၿပီ ျဖစ္ပါတယ္။ ေနမာရဲ႕မိခင္ျဖစ္တဲ့ ၅၂ ႏွစ္အရြယ္ နာဒင္းဟာ ကြန္ပ်ဴတာဂိမ္မာလည္းျဖစ္ ေမာ္ဒယ္တစ္ေယာက္လည္းျဖစ္တဲ့ ၂၂ ႏွစ္အရြယ္ သီယာဂိုရာမို႔စ္တုိ႔ဟာ ခ်စ္သူေတြျဖစ္ေနၾကတာပါ။ မိခင္ျဖစ္သူရဲ႕ခ်စ္သူဟာ ေနမာထက္ ၆ ႏွစ္ငယ္သူလည္း ျဖစ္ပါတယ္။

နာဒင္းက ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram ေပၚမွာ သူ႔ခ်စ္သူေကာင္ေလးနဲ႔ပုံကိုတင္ေတာ့ ေနမာက အဲဒီပုိ႔စ္ရဲ႕ေအာက္မွာ “ေပ်ာ္ရႊင္ေအာင္ေနပါ အေမ။ ကၽြန္ေတာ္ အေမ့ကို ခ်စ္တယ္”လုိ႔ သားတစ္ေယာက္က အသိအမွတ္ျပဳေပးတဲ့ ကြန္မန္႔မ်ိဳး ေရးခဲ့ပါတယ္။ ၅၂ ႏွစ္အရြယ္ နာဒင္းဟာ ေနမာရဲ႕ေအးဂ်င့္လည္းျဖစ္၊ ဖခင္လည္းျဖစ္တဲ့ ၀က္ဂ္နာရီဘိုင္ရိုနဲ အိမ္ေထာင္သက္တမ္း ၂၅ ႏွစ္ရွိခဲ့ၿပီး ၂၀၁၆ ကမွ ကြာရွင္းခဲ့ၾကတာပါ။

အခုေတာ့ နာဒင္းဟာ အခ်စ္သစ္ေတြ႕ေနၿပီး မၾကာေသးခင္က သူတုိ႔အေၾကာင္း ေဖာ္ေကာင္လုပ္ခံရၿပီး လူသိရွင္ၾကားျဖစ္သြားေတာ့ ဘရာဇီးမွာ တအံ့တၾသေတြ ျဖစ္ကုန္ၾကပါတယ္။ သီယာဂိုရာမို႔စ္ကိုယ္တုိင္ကလည္း ေနမာကို အရူးအမူးအားေပးတဲ့ပရိသတ္တစ္ေယာက္ျဖစ္ကာ ၿပီးခဲ့တဲ့ေဖေဖာ္၀ါရီလက က်ငး္ပတဲ့ အဲဒီပီအက္စ္ဂ်ီတိုက္စစ္မႈးရဲ႕ေမြးေန႔ပါတီပြဲကို တက္ေရာက္ခြင့္ရခဲ့ကာ ေနမာနဲ႔ေတာင္ ဓာတ္ပုံအတူတြဲရိုက္ခဲ့ပါေသးတယ္။