အသက်ကြီးမှ တစ်ယောက်တည်း မှတ်တမ်းကောင်းရသွားတဲ့ ကာဗာနီ

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာတော့

နည်းပြဆိုးလ်ရှားရဲ့အသင်းဟာ ရှုံးနိမ့်ခဲ့ပေမယ့် ဖိုင်နယ်ဆီတက်လှမ်းနိုင်ခဲ့ပါတယ်။ ဆီးမီးပြုတ်ဆိုးလ်ရှားဆိုတဲ့ ကျိန်စာလည်း ပျက်ပြယ်သွားခဲ့ရပါပြီ။

ယူနိုက်တက်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ စီးရီးအေကလပ် ရိုးမားအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတာ ဖြစ်ပြီး မနေ့က ဒုတိယအကျော့ ပွဲစဉ်မှာ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးခဲ့ပါတယ်။

ဒါပေမယ့် သရဲနီတို့ဟာ ပထမအကျော့မှာ ၆-၂ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရထားတာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၈-၅နဲ့ ဖိုင်နယ်အဆင့်ကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

ဦးဆိုးလ်ရဲ့အသင်းသားတွေဟာ ဖိုင်နယ်အဆင့်မှာတော့ စပိန် လာလီဂါကလပ် ဗီလာရီးရဲလ်အသင်းနဲ့ ရင်ဆိုင် ကစားရမှာဖြစ်ပါတယ်။

မနေ့က ပွဲစဉ်မှာ အထာကျခဲ့တဲ့ ယူနိုက်တက်အသင်းသားတစ်ယောက်ကတော့ ဝါရင့် တိုက်စစ်မှူး ကာဗာနီဖြစ်ပြီး ကာဗာနီဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ

၂ဂိုးသွင်း ၊ ၂ဂိုး ဖန်တီးပေးနိုင်ခဲ့သလို မနေ့က ကစားခဲ့တဲ့ ဒုတိယအကျော့ ပွဲစဉ်မှာလည်း သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ကာဗာနီတစ်ယောက် အဲဒီလိုခြေစွမ်းကောင်းပြသခဲ့တာကြောင့် ယူရိုပါလိဂ် ပြိုင်ပွဲရဲ့ သမိုင်းမှာ

ဆီမီးဖိုင်နယ်ရဲ့ ပထမအကျော့မှာရော ဒုတိယအကျော့မှာပါ သွင်းဂိုး ၂ဂိုးစီ သွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး ကာဗာနီဟာ

ယခုနှစ် ဘောလုံးရာသီမှာ ယူနိုက်တက်အသင်း အတွက် ပြိုင်ပွဲစုံ ၃၄ပွဲအထိ ပါဝင် ကစားပေးထားကာ

သွင်းဂိုး ၁၄ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ထားနိုင် ပါတယ်။

အခြားတစ်ဖက်က ကြည့်မယ်ဆိုရင် တိုက်စစ်မှူး ကာဗာနီဟာ သူနောက်ဆုံးကစားခဲ့တဲ့ ဥရောပပြိုင်ပွဲ (15)ပွဲမှာ (16)ဂိုးအထိသွင်းယူထားပါတယ်။

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အသက္ႀကီးမွ တစ္ေယာက္တည္း မွတ္တမ္းေကာင္းရသြားတဲ့ ကာဗာနီ

မေန႔ညက ကစားခဲ့တဲ့ ယူရိုပါလိဂ္ၿပိဳင္ပြဲ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ ပြဲစဥ္မွာေတာ့ နည္းျပဆိုးလ္ရွားရဲ႕အသင္းဟာ ရွံဳးနိမ့္ခဲ့ေပမယ့္ ဖိုင္နယ္ဆီတက္လွမ္းႏိုင္ခဲ့ပါတယ္။ ဆီးမီးျပဳတ္ဆိုးလ္ရွားဆိုတဲ့ က်ိန္စာလည္း ပ်က္ျပယ္သြားခဲ့ရပါၿပီ။

ယူနိုက္တက္အသင္းဟာ ဆီမီးဖိုင္နယ္အဆင့္မွာ စီးရီးေအကလပ္ ရိုးမားအသင္းနဲ႔ ရင္ဆိုင္ကစားခဲ့ရတာ ျဖစ္ၿပီး မေန႔က ဒုတိယအေက်ာ့ ပြဲစဥ္မွာ ၃-၂ ဆိုတဲ့ ရလဒ္နဲ႔ ရွံဳးခဲ့ပါတယ္။

ဒါေပမယ့္ သရဲနီတို႔ဟာ ပထမအေက်ာ့မွာ ၆-၂ဆိုတဲ့ ရလဒ္နဲ႔ အနိုင္ရထားတာေၾကာင့္ ႏွစ္ေက်ာ့ေပါင္း ရလဒ္ ၈-၅နဲ႔ ဖိုင္နယ္အဆင့္ကို ေရာက္ရွိသြားခဲ့တာျဖစ္ပါတယ္။ ဦးဆိုးလ္ရဲ႕အသင္းသားေတြဟာ ဖိုင္နယ္အဆင့္မွာေတာ့ စပိန္ လာလီဂါကလပ္ ဗီလာရီးရဲလ္အသင္းနဲ႔ ရင္ဆိုင္ ကစားရမွာျဖစ္ပါတယ္။

မေန႔က ပြဲစဥ္မွာ အထာက်ခဲ့တဲ့ ယူနိုက္တက္အသင္းသားတစ္ေယာက္ကေတာ့ ဝါရင့္ တိုက္စစ္မွူး ကာဗာနီျဖစ္ၿပီး ကာဗာနီဟာ အိုးထရက္ဖို့ဒ္မွာ ကစားခဲ့တဲ့ ပထမအေက်ာ့ပြဲစဥ္မွာ ၂ဂိုးသြင္း ၊ ၂ဂိုး ဖန္တီးေပးနိုင္ခဲ့သလို မေန႔က ကစားခဲ့တဲ့ ဒုတိယအေက်ာ့ ပြဲစဥ္မွာလည္း သြင္းဂိုး ၂ဂိုး သြင္းယူနိုင္ခဲ့ပါတယ္။

ကာဗာနီတစ္ေယာက္ အဲဒီလုိေျခစြမ္းေကာင္းျပသခဲ့တာေၾကာင့္ ယူရိုပါလိဂ္ ၿပိဳင္ပြဲရဲ့ သမိုင္းမွာ ဆီမီးဖိုင္နယ္ရဲ့ ပထမအေက်ာ့မွာေရာ ဒုတိယအေက်ာ့မွာပါ သြင္းဂိုး ၂ဂိုးစီ သြင္းယူနိုင္ခဲ့တဲ့ ပထမဦးဆုံး ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

အသက္ ၃၄ႏွစ္ အရြယ္ ဥ႐ုေဂြး လက္ေရြးစင္ ဝါရင့္ တိုက္စစ္မွူး ကာဗာနီဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ယူနိုက္တက္အသင္း အတြက္ ၿပိဳင္ပြဲစုံ ၃၄ပြဲအထိ ပါဝင္ ကစားေပးထားကာ သြင္းဂိုး ၁၄ဂိုး သြင္းယူထားနိုင္ၿပီး ဂိုးဖန္တီးမွု ၅ႀကိမ္ ျပဳလုပ္ထားနိုင္ ပါတယ္။

အျခားတစ္ဖက္က ၾကည့္မယ္ဆိုရင္ တိုက္စစ္မွူး ကာဗာနီဟာ သူေနာက္ဆုံးကစားခဲ့တဲ့ ဥေရာပၿပိဳင္ပြဲ (15)ပြဲမွာ (16)ဂိုးအထိသြင္းယူထားပါတယ္။