အသက်ကြီးပေမယ့် မပျက်စီးသေးဘဲ အကောင်းဆုံးဆုရခဲ့တဲ့ ရစ်ဘာရီ

Photo- Internet
Photo- Internet

ဖီအိုရင်တီးနားအသင်း ဝါရင့်တောင်ပံကစားသမား ရစ်ဘာရီဟာ စက်တင်ဘာလအတွက် စီရီးအေရဲ့အကောင်းဆုံးဆုကိုရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီဆုကို တစ်လတာတန်ဖိုးအရှိဆုံးဆု(Most Valuable Player) အဖြစ်လည်းခေါ်ဆိုပါတယ်။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ရစ်ဘာရီဟာ ပြီးခဲ့တဲ့ရာသီကုန်ချိန်က ဘိုင်ယန်မြူ းနစ်အသင်းနဲ့ ၁၂ နှစ်ကြာလက်တွဲခဲ့မှုကို အဆုံးသတ်ပြီး ဖီအိုရင်တီးနားကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူဟာ ဒီရာသီဖီအိုရင်တီးနားအတွက် စီးရီးအေ ၆ ပွဲစလုံးမှာပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ဖီအိုရင်တီးနားဟာ ရာသီအစပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာ ရစ်ဘာရီရဲ့ခြေစွမ်းပြမှုနဲ့အတူ လမ်းကြောင်းမှန်ပေါ်ပြန်ရောက် လာခဲ့ပါတယ်။

Photo- Internet

သူဟာ အသင်းရဲ့နောက်ဆုံး ၃ ပွဲဖြစ်တဲ့ အတ္တလန္တာ၊ ဆမ်ဒိုးရီးယား၊ အေစီမီလန်တို့နဲ့ပွဲတွေမှာ ခြေစွမ်းပြပြီး ၂ ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။ အရင်တစ်ပတ်က အေစီမီလန်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ သူခြေစွမ်းပြနိုင်ခဲ့လို့ လူစားလဲခံရချိန်မှာ အေစီပရိသတ်တွေက သူ့ကိုမတ်တပ်ရပ် လက်ခုပ်တီးကာ ဂုဏ်ပြုမှု ပြုလုပ်ခဲ့ပါသေးတယ်။

Photo- Internet

ဒါကြောင့်လည်း ဂျူ ဗင်တပ်က စီရော်နယ်ဒို၊ အင်တာမီလန်က မာတီနက်ဇ် တို့ကိုကျော်ဖြတ်ကာ တစ်လတာအကောင်းဆုံး ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဆုကို ဒီကနေ့ညနေ အူဒီးနီးစ်နဲ့ ကစားမယ့် စီးရီးအေ အိမ်ကွင်းပွဲစဉ်မတိုင်ခင်မှာ ပေးအပ်သွားမယ်လို့ လည်းသိရပါတယ်။

Photo- Internet

စီးရီးအေ အမှုဆောင်အရာရှိ ဒီဆီယာဗိုက ရစ်ဘာရီဟာသူ့ရဲ့စွမ်းဆောင်ရည်ကို အသက်ရနေတဲ့အထိ ဆက်လက်ပြသနေကြောင်း၊ နည်းစနစ်နဲ့ နည်းဗျူ ဟာပိုင်းမြင့်မားတဲ့ စီးရီးအေလိုပြိုင်ပွဲကို လာရောက်ဖို့ ဆုံးဖြတ်ခဲ့တာဟာ ပြိုင်ပွဲရဲ့ အရည်အသွေးကို ပိုမိုမြင့်မားစေခဲ့ကြောင်း၊ ရစ်ဘာရီအတွက် အများကြီး ဂုဏ်ယူမိကြောင်းပြောသွားပါတယ်။

Photo- Internet

Zawgyi

အသက္ႀကီးေပမယ္႔ မပ်က္စီးေသးဘဲ အေကာင္းဆုံးဆုရခဲ့တဲ႔ ရစ္ဘာရီ

ဖီအိုရင္တီးနားအသင္း ၀ါရင့္ေတာင္ပံကစားသမား ရစ္ဘာရီဟာ စက္တင္ဘာလအတြက္ စီရီးေအရဲ႕အေကာင္းဆုံးဆုကိုရရွိခဲ့တယ္လို႔ သိရပါတယ္။ ဒီဆုကို တစ္လတာတန္ဖိုးအရွိဆုံးဆု(Most Valuable Player) အျဖစ္လည္းေခၚဆိုပါတယ္။

အသက္ ၃၆ ႏွစ္ရွိၿပီျဖစ္တဲ႔ ရစ္ဘာရီဟာ ၿပီးခဲ့တဲ႔ရာသီကုန္ခ်ိန္က ဘိုင္ယန္ျမဴ းနစ္အသင္းနဲ႔ ၁၂ ႏွစ္ၾကာလက္တြဲခဲ့မႈကို အဆုံးသတ္ၿပီး ဖီအိုရင္တီးနားကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ သူဟာ ဒီရာသီဖီအိုရင္တီးနားအတြက္ စီးရီးေအ ၆ ပြဲစလုံးမွာပါ၀င္ခဲ့သူလည္းျဖစ္ပါတယ္။ ဖီအိုရင္တီးနားဟာ ရာသီအစပိုင္းမွာ ရုန္းကန္ခဲ့ရေပမယ္႔ ေနာက္ပိုင္းမွာ ရစ္ဘာရီရဲ႕ေျခစြမ္းျပမႈနဲ႔အတူ လမ္းေၾကာင္းမွန္ေပၚျပန္ေရာက္ လာခဲ့ပါတယ္။

သူဟာ အသင္းရဲ႕ေနာက္ဆုံး ၃ ပြဲျဖစ္တဲ႔ အတၱလႏၱာ၊ ဆမ္ဒိုးရီးယား၊ ေအစီမီလန္တို႔နဲ႔ပြဲေတြမွာ ေျခစြမ္းျပၿပီး ၂ ဂိုးသြင္းကာ တစ္ဂိုးဖန္တီးေပးခဲ့ပါတယ္။ အရင္တစ္ပတ္က ေအစီမီလန္ကို ၃-၁ နဲ႔အႏိုင္ရခဲ့တဲ႔ အေ၀းကြင္းပြဲစဥ္မွာ သူေျခစြမ္းျပႏိုင္ခဲ့လို႔ လူစားလဲခံရခ်ိန္မွာ ေအစီပရိသတ္ေတြက သူ႔ကိုမတ္တပ္ရပ္ လက္ခုပ္တီးကာ ဂုဏ္ျပဳမႈ ျပဳလုပ္ခဲ့ပါေသးတယ္။

ဒါေၾကာင့္လည္း ဂ်ဴ ဗင္တပ္က စီေရာ္နယ္ဒို၊ အင္တာမီလန္က မာတီနက္ဇ္ တို႔ကိုေက်ာ္ျဖတ္ကာ တစ္လတာအေကာင္းဆုံး ဆုကို ရရွိခဲ့တာျဖစ္ပါတယ္။ ဒီဆုကို ဒီကေန႔ညေန အူဒီးနီးစ္နဲ႔ ကစားမယ္႔ စီးရီးေအ အိမ္ကြင္းပြဲစဥ္မတိုင္ခင္မွာ ေပးအပ္သြားမယ္လို႔ လည္းသိရပါတယ္။

စီးရီးေအ အမႈေဆာင္အရာရွိ ဒီဆီယာဗိုက ရစ္ဘာရီဟာသူ႔ရဲ႕စြမး္ေဆာင္ရည္ကို အသက္ရေနတဲ႔အထိ ဆက္လက္ျပသေနေၾကာင္း၊ နည္းစနစ္နဲ႔ နည္းဗ်ဴ ဟာပိုင္းျမင့္မားတဲ႔ စီးရီးေအလိုၿပိဳင္ပြဲကို လာေရာက္ဖို႔ ဆုံးျဖတ္ခဲ့တာဟာ ၿပိဳင္ပြဲရဲ႕ အရည္အေသြးကို ပိုမိုျမင့္မားေစခဲ့ေၾကာင္း၊ ရစ္ဘာရီအတြက္ အမ်ားႀကီး ဂုဏ္ယူမိေၾကာင္းေျပာသြားပါတယ္။