
photo-gettyimages
photo-reuters
မန္ယူနည္းျပေဟာင္းေမာ္ရင္ဟိုဟာ သူနဲ႔တစ္ႏိုင္ငံတည္းသားျဖစ္တဲ့ ဂ်ဴဗင္တပ္ၾကယ္ပြင့္စီေရာ္နယ္ဒိုကို ခ်ီးက်ဴးေျပာၾကားမႈ ျပဳလုပ္လိုက္ပါတယ္။ ေမာ္ရင္ဟိုခ်ီးက်ဴးရေအာင္လည္း စီေရာ္နယ္ဒိုဟာ အသက္အရြယ္နဲ႔မလိုက္ေအာင္ ေျခစြမ္းျပႏိုင္ေနဆဲျဖစ္ကာ စံခ်ိန္ေတြတစ္ခုၿပီးတစ္ခုတင္ႏိုင္ေနတာပါ။ Ballond’Or ၅ ႀကိမ္ရဖူးတဲ့စီေရာ္နယ္ဒိုဟာ မၾကာေသးခင္ရက္ပိုင္းကပဲ လစ္္သူေရးနီးယားကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ယူရိုေျခစစ္ပြဲစဥ္မွာ တစ္ေယာက္တည္း ၄ ဂိုးသြင္းၿပီး ယူရိုေျခစစ္ပြဲသမိုင္းမွာ ဂိုးအမ်ားဆုံးသြင္းသူအျဖစ္ ေရာ္ဘီကိန္းရဲ႕စံခ်ိန္ကို ခ်ိဳးႏိုင္ခဲ့ပါတယ္။
photo-gettyimages
အခုဆိုရင္ အဲဒီေပၚတူဂီလက္ေရြးစင္ၾကယ္ပြင့္ဟာ ႏိုင္ငံအသင္းအတြက္ ပြဲေပါင္း ၁၆၀ မွာ ၉၄ ဂိုးသြင္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ေနာက္ထပ္လည္း စံခ်ိန္ေတြခ်ဳိးႏိုင္ဦးမယ့္ ေျခစြမး္မ်ိဳးကို ထိန္းထားႏိုင္ဆဲျဖစ္ပါတယ္။ ၂၀၁၀ ကေန ၂၀၁၃ အတြင္း ရီးရဲလ္နည္းျပဘ၀မွာ ေမာ္ရင္ဟိုဟာ စီေရာ္နယ္ဒိုကိုကိုင္တြယ္ခဲ့ရၿပီး သူ႔နဲ႔တစ္ႏိုင္ငံတည္းသားကို အံ့ဖြယ္ပုဂၢိဳလ္တစ္ေယာက္လို႔ ကင္ပြန္းတပ္ခဲ့ကာ အသက္ ၅၀ တိုင္ေအာင္ ဂိုးသြင္းႏိုင္မယ့္သူလုိ႔လည္း ခ်ီးက်ဴးခဲ့တာ ျဖစ္ပါတယ္။
photo-gettyimages
”စီေရာ္နယ္ဒုိစြမ္းေဆာင္ခဲ့တာေတြက ကၽြန္ေတာ့္ကို အံ့အားသင့္ေစျခင္းမရွိပါဘူး။ အသက္ ၃၄ ႏွစ္အရြယ္မွာ သူဟာ ထိပ္တန္းကစားသမားတစ္ေယာက္ျဖစ္ေနကာ ထိပ္တန္းအသင္းတစ္သင္းမွာကစားၿပီး ထိပ္တန္းရည္မွန္းခ်က္ေတြရွိေနတာပါ။ ကၽြန္ေတာ္ဘာေၾကာင့္မအံ့ၾသသလဲဆုိေတာ့ သူက မ်ိဳးရိုးဗီဇနဲ႔ပတ္သက္ရင္ ေလ့လာရမယ့္ကိစၥတစ္ခုျဖစ္ၿပီး စိတ္ပိုင္းဆိုင္ရာအရလည္း အားေကာင္းပါတယ္။ သူဟာ အံ့ဖြယ္ပုဂၢိဳလ္တစ္ေယာက္ပါ။ အႏိုင္ရဖို႔နဲ႔ ပိုပိုေကာင္းေအာင္လုပ္ဖို႔ကိုပဲ စဥ္းစားတဲ့တစ္စုံတစ္ေယာက္ပါ။ ဒါေၾကာင့္ သူလုပ္ခဲ့တာေတြအားလုံးကို ကၽြန္ေတာ္မအံ့ၾသတာပါ။ အသက္ ၅၀ ေရာက္ရင္ သူအိမ္မွာရွိေနမွာျဖစ္ကာ ၿပီးေတာ့ ဖီဖာက သူ႔ကို ဂႏၳ၀င္ေတြရဲ႕ပြဲစဥ္တစ္ပြဲကစားဖို႔ ဖိတ္ေခၚပါလိမ့္မယ္။ အဲဒီက်ရင္ သူကစားမွာျဖစ္သလုိ ဂိုးလည္းသြင္း္မွာပါ။ အဲဒီလိုျဖစ္လိမ့္မယ္လို႔ ကၽြန္ေတာ္ေသခ်ာေျပာရဲပါတယ္”လို႔ ေမာ္ရင္ဟိုက စီေရာ္နယ္ဒိုနဲ႔ပတ္သက္ၿပီး ေပၚတူဂီရုပ္သံတစ္ခုကို ေျပာၾကားခဲ့တာပါ။
[Unicode]
မန်ယူနည်းပြဟောင်းမော်ရင်ဟိုဟာ သူနဲ့တစ်နိုင်ငံတည်းသားဖြစ်တဲ့ ဂျူဗင်တပ်ကြယ်ပွင့်စီရော်နယ်ဒိုကို ချီးကျူးပြောကြားမှု ပြုလုပ်လိုက်ပါတယ်။ မော်ရင်ဟိုချီးကျူးရအောင်လည်း စီရော်နယ်ဒိုဟာ အသက်အရွယ်နဲ့မလိုက်အောင် ခြေစွမ်းပြနိုင်နေဆဲဖြစ်ကာ စံချိန်တွေတစ်ခုပြီးတစ်ခုတင်နိုင်နေတာပါ။ Ballond’Or ၅ ကြိမ်ရဖူးတဲ့စီရော်နယ်ဒိုဟာ မကြာသေးခင်ရက်ပိုင်းကပဲ လစ်သူရေးနီးယားကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ယူရိုခြေစစ်ပွဲစဉ်မှာ တစ်ယောက်တည်း ၄ ဂိုးသွင်းပြီး ယူရိုခြေစစ်ပွဲသမိုင်းမှာ ဂိုးအများဆုံးသွင်းသူအဖြစ် ရော်ဘီကိန်းရဲ့စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။
အခုဆိုရင် အဲဒီပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့်ဟာ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၁၆၀ မှာ ၉၄ ဂိုးသွင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ နောက်ထပ်လည်း စံချိန်တွေချိုးနိုင်ဦးမယ့် ခြေစွမ်းမျိုးကို ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ ၂၀၁၀ ကနေ ၂၀၁၃ အတွင်း ရီးရဲလ်နည်းပြဘဝမှာ မော်ရင်ဟိုဟာ စီရော်နယ်ဒိုကိုကိုင်တွယ်ခဲ့ရပြီး သူ့နဲ့တစ်နိုင်ငံတည်းသားကို အံ့ဖွယ်ပုဂ္ဂိုလ်တစ်ယောက်လို့ ကင်ပွန်းတပ်ခဲ့ကာ အသက် ၅၀ တိုင်အောင် ဂိုးသွင်းနိုင်မယ့်သူလို့လည်း ချီးကျူးခဲ့တာ ဖြစ်ပါတယ်။
”စီရော်နယ်ဒိုစွမ်းဆောင်ခဲ့တာတွေက ကျွန်တော့်ကို အံ့အားသင့်စေခြင်းမရှိပါဘူး။ အသက် ၃၄ နှစ်အရွယ်မှာ သူဟာ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်နေကာ ထိပ်တန်းအသင်းတစ်သင်းမှာကစားပြီး ထိပ်တန်းရည်မှန်းချက်တွေရှိနေတာပါ။ ကျွန်တော်ဘာကြောင့်မအံ့သြသလဲဆိုတော့ သူက မျိုးရိုးဗီဇနဲ့ပတ်သက်ရင် လေ့လာရမယ့်ကိစ္စတစ်ခုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာအရလည်း အားကောင်းပါတယ်။ သူဟာ အံ့ဖွယ်ပုဂ္ဂိုလ်တစ်ယောက်ပါ။ အနိုင်ရဖို့နဲ့ ပိုပိုကောင်းအောင်လုပ်ဖို့ကိုပဲ စဉ်းစားတဲ့တစ်စုံတစ်ယောက်ပါ။ ဒါကြောင့် သူလုပ်ခဲ့တာတွေအားလုံးကို ကျွန်တော်မအံ့သြတာပါ။ အသက် ၅၀ ရောက်ရင် သူအိမ်မှာရှိနေမှာဖြစ်ကာ ပြီးတော့ ဖီဖာက သူ့ကို ဂန္ထဝင်တွေရဲ့ပွဲစဉ်တစ်ပွဲကစားဖို့ ဖိတ်ခေါ်ပါလိမ့်မယ်။ အဲဒီကျရင် သူကစားမှာဖြစ်သလို ဂိုးလည်းသွင်းမှာပါ။ အဲဒီလိုဖြစ်လိမ့်မယ်လို့ ကျွန်တော်သေချာပြောရဲပါတယ်”လို့ မော်ရင်ဟိုက စီရော်နယ်ဒိုနဲ့ပတ်သက်ပြီး ပေါ်တူဂီရုပ်သံတစ်ခုကို ပြောကြားခဲ့တာပါ။