
Photo Credit
Photo Credit
တူရကီကလပ္ အက္ဒါနာဒီမီယာစေပါအသင္းက မန္ခ်က္စတာယူႏိုက္တက္ ကြင္းလယ္လူေဟာင္း အန္ဒါဆန္ဟာကစားသမားဘဝကေန အနားယူသြားၿပီလို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဘရာဇီးသားဟာ ၂၀၁၈ ခုႏွစ္မွာ တူရကီကလပ္ကိုေျပာင္းေရႊ႕လာခဲ့တယ္လို႔ သိရၿပီး လက္ရွိရာသီ သူ႔အသက္ ၃၁ ႏွစ္အရြယ္မွာေတာ့ ယခုလိုဆံုးျဖတ္ခ်က္ခ်လို္က္တာ ျဖစ္ပါတယ္။
Photo Credit
အန္ဒါနာဒီမီယာစေပါ ဥကၠဌမူရတ္ဆန္ကက္ခ္ကေတာ့ အန္ဒါဆန္ဟာ အသင္းမွာ ကြင္းျပင္ပရာထူးတစ္ေနရာအျဖစ္ ဆက္ရွိေနၿပီး လစာေငြေတြကိုေလွ်ာ႔ယူမွာျဖစ္ေၾကာင္း ဆိုပါတယ္။ ဆန္ကက္ခ္က ”အန္ဒါဆန္က အသင္းရဲ႕ေလ့က်င့္ေရးမွာ ေကာင္းမြန္စြာေလ့က်င့္ေနပါေသးတယ္၊ ဒါေပမဲ့ အသင္းရဲ႕ပြဲထြက္လူစာရင္းမွာေတာ့ ပါဝင္ပတ္သက္ျခင္းမရွိေတာ့ပါဘူး”
Photo Credit
”သူအလုပ္ရခဲ့တယ္၊ အဲဒီအလုပ္ေၾကာင့္ ေဘာလံုးကစားတာကို စြန္႔လႊတ္ဖို႔ ဆံုးျဖတ္လိုက္တာပါ။ အန္ဒါဆန္ဟာ ဒီရာသီ သူ႕ရဲ႕စာခ်ဳပ္အရ ယူ႐ို ၆ သိန္းရရွိမွာကို ယူ႐ို ၂ သိန္းအထိ ေလွ်ာ့ယူခဲ့ပါတယ္။ ကၽြန္ေတ္ာတို႔အသင္းမွာ သူအလုပ္လုပ္ေနတုန္းပါ”
Photo Credit ; Getty Images / AFP
”ဒါက ကၽြန္ေတာ္တို႔ရဲ႕ျပည္ပဆက္ဆံေရးမွာေတာ့ ႏွစ္လိုဖြယ္ကိစၥရပ္တစ္ခုပါပဲ“လို႔ ဆက္ေျပာပါတယ္။ အန္ဒါဆန္ဟာ ဂရီမီယိုအသင္းကေန ထြက္ခြာခဲ့ၿပီး အသက္ ၁၈ ႏွစ္အရြယ္ ၂၀၀၆ ခုႏွစ္မွာ ေပၚတိုအသင္းကို ေျပာင္းေရႊ႕ခဲ့ပါတယ္။
Photo Credit
ထုိရာသီမွာ ေျခေထာက္က်ိဳးခဲ့ေပမယ့္ သူ႕ရဲ႕စြမ္းေဆာင္ရည္ေတြက ယူႏိုက္တက္အသင္းက ေခၚယူဖို႔ အရည္အခ်င္း ျပည့္မီခဲ့ပါတယ္။ ၂၀၀၇ ခုႏွစ္မွာေတာ့ ေျပာင္းေရႊ႕ေၾကး ယူ႐ိုသန္း ၃၀ နဲ႔ အန္ဒါဆန္ ယူႏိုက္တက္ကစားသမား ျဖစ္လာခဲ့ပါတယ္။
Photo Credit
ဘရာဇီးသားဟာ ယူႏိုက္တက္ကြင္းလယ္ပိုင္းမွာ အေကာင္းဆံုးေျခစြမ္းေတြ ျပသႏိုင္ခဲ့ၿပီး ၂၀၀၈ ခုႏွစ္ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာလည္း ဝက္စ္ ဘေရာင္းအစားလူစားဝင္လာခ့ဲျပီး ၆ ဂိုးေျမာက္ ပင္နယ္တီကိုသြင္းယူေပးခဲ့ပါတယ္။
Photo Credit
အဆိုပါ အန္ဒါဆန္ရဲ႕ပင္နယ္တီအႏိုင္ဂိုးေၾကာင့္ ယူႏိုက္တက္လည္း ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ ထိုရာသီမွာပဲ အန္ဒါဆန္က ဂုဏ္သိကၡာႀကီးမားတဲ့ Golden Boy ဆုကိုရခဲ့ပါတယ္။ အဆိုပါ ဆုကိုေတာ့ ယခင္ လီယိုနယ္မက္ဆီ၊ ဖာဘရီဂတ္စ္နဲ႔ ဆာဂ်ီယိုအဂူ႐ိုတို႔သာ သူ႕ရဲ႕ေရွ႕မွာရရွိထားခဲ့တာျဖစ္ပါတယ္။
Photo Credit
Unicode
အသက် ၃၁ အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူသွားတဲ့ ယူနိုက်တက်ကွင်းလယ်လူဟောင်း(သို့) တစ်ခါက Golden Boy လေး
တူရကီကလပ် အက်ဒါနာဒီမီယာစပေါအသင်းက မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း အန်ဒါဆန်ဟာကစားသမားဘဝကနေ အနားယူသွားပြီလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘရာဇီးသားဟာ ၂၀၁၈ ခုနှစ်မှာ တူရကီကလပ်ကိုပြောင်းရွှေ့လာခဲ့တယ်လို့ သိရပြီး လက်ရှိရာသီ သူ့အသက် ၃၁ နှစ်အရွယ်မှာတော့ ယခုလိုဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်ပါတယ်။
အန်ဒါနာဒီမီယာစပေါ ဥက္ကဌမူရတ်ဆန်ကက်ခ်ကတော့ အန်ဒါဆန်ဟာ အသင်းမှာ ကွင်းပြင်ပရာထူးတစ်နေရာအဖြစ် ဆက်ရှိနေပြီး လစာငွေတွေကိုလျှော့ယူမှာဖြစ်ကြောင်း ဆိုပါတယ်။ ဆန်ကက်ခ်က ”အန်ဒါဆန်က အသင်းရဲ့လေ့ကျင့်ရေးမှာ ကောင်းမွန်စွာလေ့ကျင့်နေပါသေးတယ်၊ ဒါပေမဲ့ အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ပါဝင်ပတ်သက်ခြင်းမရှိတော့ပါဘူး”
”သူအလုပ်ရခဲ့တယ်၊ အဲဒီအလုပ်ကြောင့် ဘောလုံးကစားတာကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အန်ဒါဆန်ဟာ ဒီရာသီ သူ့ရဲ့စာချုပ်အရ ယူရို ၆ သိန်းရရှိမှာကို ယူရို ၂ သိန်းအထိ လျှော့ယူခဲ့ပါတယ်။ ကျွန်တေ်ာတို့အသင်းမှာ သူအလုပ်လုပ်နေတုန်းပါ”
”ဒါက ကျွန်တော်တို့ရဲ့ပြည်ပဆက်ဆံရေးမှာတော့ နှစ်လိုဖွယ်ကိစ္စရပ်တစ်ခုပါပဲ“လို့ ဆက်ပြောပါတယ်။ အန်ဒါဆန်ဟာ ဂရီမီယိုအသင်းကနေ ထွက်ခွာခဲ့ပြီး အသက် ၁၈ နှစ်အရွယ် ၂၀၀၆ ခုနှစ်မှာ ပေါ်တိုအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။
ထိုရာသီမှာ ခြေထောက်ကျိုးခဲ့ပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်တွေက ယူနိုက်တက်အသင်းက ခေါ်ယူဖို့ အရည်အချင်း ပြည့်မီခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ နဲ့ အန်ဒါဆန် ယူနိုက်တက်ကစားသမား ဖြစ်လာခဲ့ပါတယ်။
ဘရာဇီးသားဟာ ယူနိုက်တက်ကွင်းလယ်ပိုင်းမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာလည်း ဝက်စ် ဘရောင်းအစားလူစားဝင်လာခဲ့ပြီး ၆ ဂိုးမြောက် ပင်နယ်တီကိုသွင်းယူပေးခဲ့ပါတယ်။
အဆိုပါ အန်ဒါဆန်ရဲ့ပင်နယ်တီအနိုင်ဂိုးကြောင့် ယူနိုက်တက်လည်း ချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့ပါတယ်။ ထိုရာသီမှာပဲ အန်ဒါဆန်က ဂုဏ်သိက္ခာကြီးမားတဲ့ Golden Boy ဆုကိုရခဲ့ပါတယ်။ အဆိုပါ ဆုကိုတော့ ယခင် လီယိုနယ်မက်ဆီ၊ ဖာဘရီဂတ်စ်နဲ့ ဆာဂျီယိုအဂူရိုတို့သာ သူ့ရဲ့ရှေ့မှာရရှိထားခဲ့တာဖြစ်ပါတယ်။