
Photo Credit-getty
ၿပီးခဲ့တဲ့ ရက္ေတြတုန္းက ရီးရဲ မက္ဒရစ္ နဲ႔ အသက္လက္တီကို မက္ဒရစ္တို႔ရဲ႕ပြဲမွာ အသက္လက္တီကို က 7 ဂိုးေတာင္သြင္းယူႏိုင္ခ့ဲတာေၾကာင့္ ပရိသတ္ေတြ အံ့အားသင့္ခဲ့ၾကရပါတယ္။ ဒီလုိအသက္လက္တီကို ေအာင္ျမင္ တာဟာနည္းျပျဖစ္သူ ဒီေရဂိုနဲ႔လည္းအမ်ားႀကီးသက္ဆုိင္ပါတယ္။
Photo Credit-as english
အဲဒီၿပိဳင္ပြဲမွာ နည္းျပဒီေရဂိုအေနနဲ႔ ေနာက္တန္းအျပင္ကြင္းလယ္နဲ႔ေရွ႕တန္းေတြမွာပါ ကစားသမားအသစ္ေတြကို ထုတ္သုံးခဲ့ပါတယ္။ အသက္လက္တီကို မက္ဒရစ္ဟာ ဒီႏွစ္မွာ ေပါင္သန္း ၂၀၀ ေက်ာ္အထိ အသံုးျပဳၿပီး ကစားသမားသစ္ေတြကို ေခၚယူထားခဲ့ပါတယ္။
Photo Credit-daily star
အခုႏွစ္ရာသီဟာအသက္လက္တီကိုအတြက္ ကစားသမားအစုလုိက္အၿပံဳလိုက္ေျပာင္းလဲမႈလို႔ဆုိလုိ႔ရပါတယ္။ ဒီလုိျပဳျပင္ေျပာင္းလဲမႈေတြေၾကာင့္ အသက္လက္တီကိုဟာ ယူရိုပါလိဂ္ကို ေမွ်ာ္မွန္းထားတဲ့အသင္းဆုိရင္ေတာ့ မွားပါလိမ့္မယ္။ အဲဒီအသင္းဟာ လာလီဂါ၊ခ်န္ပီယံလိဂ္ဖလားေတြကိုသာ စိတ္၀င္စားႏႈန္းမ်ားသာျဖစ္ပါတယ္။
Photo Credit-as english
ကစားသမားအေျပာင္းအေရႊ႕ၾကမ္းေပမယ့္ ကစားသမားေရာင္းတာနဲ႔၀ယ္တာရဲ႕စာရင္းဇယားဟာ အသင္းရဲ႕ ေငြေၾကးအပိုင္း ကိုေတာ့မထိခုိက္ေသးပါဘူး။ ကစားသမားအသစ္ေတြထဲမွာ ပရိသတ္စိတ္၀င္စားႏႈန္းမ်ားတာ ကေတာ့ အသက္19 ႏွစ္အရြယ္ ဂ်ာအုိဖိလစ္ပဲျဖစ္ပါတယ္။ စီရိုနယ္ဒိုလုိျဖစ္လာႏိုင္တဲ့ စတားေလးမို႔ ပရိသတ္စိတ္၀င္ စားႏႈန္းျမင့္တာျဖစ္ႏိုင္ပါတယ္။ ဒီလုိအေျပာင္းအေရႊ႕ခပ္ၾကမ္းၾကမ္းနဲ႔ အသင္းကို ကိုင္တြယ္ ေရြ႕လ်ားေနတဲ့ ဆီျမြန္နီဟာ သိပ္မၾကာခင္ စတင္ေတာ့မယ့္ လာလီဂါမွာ သူ႔အသင္းကိုေအာင္ျမင္ေအာင္ လုပ္ႏိုင္ပါ့မလားဆိုတာေစာင့္ၾကည့္ရပါမယ္။
Photo Credit-internet
(Unicode Version)
အသက်လက်တီကိုမက်ဒရစ် ကိုအောင်မြင်အောင်လုပ်နိုင်မှာလား ဒီရေဂို ဆီမြွန်နီ
ပြီးခဲ့တဲ့ ရက်တွေတုန်းက ရီးရဲ မက်ဒရစ် နဲ့ အသက်လက်တီကို မက်ဒရစ်တို့ရဲ့ပွဲမှာ အသက်လက်တီကို က 7 ဂိုးတောင်သွင်းယူနိုင်ခဲ့တာကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ကြရပါတယ်။ ဒီလိုအသက်လက်တီကို အောင်မြင်တာဟာနည်းပြဖြစ်သူ ဒီရေဂိုနဲ့လည်းအများကြီးသက်ဆိုင်ပါတယ်။
အဲဒီပြိုင်ပွဲမှာ နည်းပြဒီရေဂိုအနေနဲ့ နောက်တန်းအပြင်ကွင်းလယ်နဲ့ရှေ့တန်းတွေမှာပါ ကစားသမားအသစ်တွေကို ထုတ်သုံးခဲ့ပါတယ်။ အသက်လက်တီကို မက်ဒရစ်ဟာ ဒီနှစ်မှာ ပေါင်သန်း ၂၀၀ ကျော်အထိ အသုံးပြုပြီး ကစားသမားသစ်တွေကို ခေါ်ယူထားခဲ့ပါတယ်။
အခုနှစ်ရာသီဟာအသက်လက်တီကိုအတွက် ကစားသမားအစုလိုက်အပြုံလိုက်ပြောင်းလဲမှုလို့ဆိုလို့ရပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲမှုတွေကြောင့် အသက်လက်တီကိုဟာ ယူရိုပါလိဂ်ကို မျှော်မှန်းထားတဲ့အသင်းဆိုရင်တော့ မှားပါလိမ့်မယ်။ အဲဒီအသင်းဟာ လာလီဂါ၊ချန်ပီယံလိဂ်ဖလားတွေကိုသာ စိတ်ဝင်စားနှုန်းများသာဖြစ်ပါတယ်။
ကစားသမားအပြောင်းအရွှေ့ကြမ်းပေမယ့် ကစားသမားရောင်းတာနဲ့ဝယ်တာရဲ့စာရင်းဇယားဟာ အသင်းရဲ့ ငွေကြေးအပိုင်း ကိုတော့မထိခိုက်သေးပါဘူး။ ကစားသမားအသစ်တွေထဲမှာ ပရိသတ်စိတ်ဝင်စားနှုန်းများတာ ကတော့ အသက်19 နှစ်အရွယ် ဂျာအိုဖိလစ်ပဲဖြစ်ပါတယ်။ စီရိုနယ်ဒိုလိုဖြစ်လာနိုင်တဲ့ စတားလေးမို့ ပရိသတ်စိတ်ဝင်စားနှုန်းမြင့်တာဖြစ်နိုင်ပါတယ်။ ဒီလိုအပြောင်းအရွှေ့ခပ်ကြမ်းကြမ်းနဲ့ အသင်းကို ကိုင်တွယ် ရွေ့လျားနေတဲ့ ဆီမြွန်နီဟာ သိပ်မကြာခင် စတင်တော့မယ့် လာလီဂါမှာ သူ့အသင်းကိုအောင်မြင်အောင် လုပ်နိုင်ပါ့မလားဆိုတာစောင့်ကြည့်ရပါမယ်။