အဝေးရောက်နေပေမယ့် ပြည်သူများနဲ့ အတူ ရပ်တည်ပေး ၊ လက်သုံးချောင်းထောင်ခဲ့တဲ့ ဟိန်းထက်အောင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယမန်နေ့က မလေးရှားစူပါလိဂ်ပွဲစဉ်တွေကို ပြန်လည်စတင်ကစားခဲ့ပါပြီ။ မလေးရှားလိဂ်မှာတော့ မြန်မာကစားသမားဖြစ်တဲ့ ဟိန်းထက်အောင်ဟာ ဆီလန်ဂေါအသင်းကို သွားရောက်ကစားနေပါတယ်။ မတ်လ ၆ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ဆီလန်ဂေါလူငယ်အသင်း နှင့် PDRM အသင်းတို့ပွဲစဉ်တွင် ဟိန်းထက်အောင် တစ်ယောက် အနိုင်ဂိုးတစ် ဂိုးသွင်းယူခဲ့ပါတယ်။အဲဒီပွဲစဉ်မှာ ဟိန်းထက်အောင်ရဲ့ အသင်းက ပြိုင်ဘက်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဟိန်းထက်အောင်ဟာ အသင်းအတွက် ဂိုးသွင်းယူပေးပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး သင်္ကေတဖြစ်တဲ့ လက်သုံးချောင်းထောင်တဲ့ပုံစံနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။ အဝေးကို ရောက်နေပေမယ့် ပြည်တွင်းက မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်းရှိနေတယ်ဆိုတာဟိန်းထက်အောင်တစ်ယောက် အားလုံးသိအောင် ထုတ်ဖော်ပြသခဲ့တာပါ။

အဲဒီပွဲမှာ ဟိန်းထက်အောင်ဟာ ဆီလန်ဂေါ လူငယ်အသင်းအ တွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ၄၂ မိနစ်မှာ ပြစ်ဒဏ် ဘောကနေတစ်ဆင့် တိုက်ရိုက်ဂိုး သွင်းခဲ့တာဖြစ်ပါတယ်။ ဟံသာဝတီယူနိုက်တက်အသင်းအတွက် ပြီးခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ဘောလုံးရာသီမှာ ခြေစွမ်းပြခဲ့တဲ့နောက် ဟိန်းထက်အောင်ကို မလေးရှားကလပ်က ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဟိန်းထက်အောင်ဟာ ပထမဆုံးလိဂ်ပွဲ တွင် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဟိန်းထက် အောင်ဟာ မလေးရှားစူပါလိဂ် ကလပ် ဆီလန်ဂေါအသင်းနှင့် ၂၀၂၃ ရာသီအထိ သုံးနှစ်စာချုပ် ချုပ်ဆိုထားတာပါ။ ဟိန်းထက်အောင်ရဲ့ ခြေစွမ်းအပေါ် မူတည်ပြီး ဆီလန်ဂေါအသင်းက စီနီယာအသင်းကြီးဆီခေါ်ဆောင်မယ့် အစီအစဉ်ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အေဝးေရာက္ေနေပမယ့္ ျပည္သူမ်ားနဲ႔ အတူ ရပ္တည္ေပး ၊ လက္သုံး​ေခ်ာင္း​ေထာင္ခဲ့တဲ့ ဟိန္းထက္ေအာင္

ယမန္ေန႔က မေလးရွားစူပါလိဂ္ပြဲစဥ္ေတြကို ျပန္လည္စတင္ကစားခဲ့ပါၿပီ။ မေလးရွားလိဂ္မွာေတာ့ ျမန္မာကစားသမားျဖစ္တဲ့ ဟိန္းထက္ေအာင္ဟာ ဆီလန္ေဂါအသင္းကို သြားေရာက္ကစားေနပါတယ္။ မတ္လ ၆ ရက္က ယွဥ္ၿပိဳင္ခဲ့တဲ့ ဆီလန္ေဂါလူငယ္အသင္း ႏွင့္ PDRM အသင္းတို႔ပြဲစဥ္တြင္ ဟိန္းထက္ေအာင္ တစ္ေယာက္ အႏိုင္ဂိုးတစ္ ဂိုးသြင္းယူခဲ့ပါတယ္။အဲဒီပြဲစဥ္မွာ ဟိန္းထက္ေအာင္ရဲ႕ အသင္းက ၿပိဳင္ဘက္အသင္းကို ၃ ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ဟိန္းထက္ေအာင္ဟာ အသင္းအတြက္ ဂိုးသြင္းယူေပးၿပီးေနာက္ စစ္အာဏာရွင္ဆန႔္က်င္ေရး သေကၤတျဖစ္တဲ့ လက္သုံးေခ်ာင္းေထာင္တဲ့ပုံစံနဲ႔အတူ ေအာင္ပြဲခံခဲ့ပါတယ္။ အေဝးကို ေရာက္ေနေပမယ့္ ျပည္တြင္းက ျမန္မာျပည္သူေတြနဲ႔အတူ တစ္သားတည္းရွိေနတယ္ဆိုတာဟိန္းထက္ေအာင္တစ္ေယာက္ အားလုံးသိေအာင္ ထုတ္ေဖာ္ျပသခဲ့တာပါ။

အဲဒီပြဲမွာ ဟိန္းထက္ေအာင္ဟာ ဆီလန္ေဂါ လူငယ္အသင္းအ တြက္ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ခဲ့ၿပီး ၄၂ မိနစ္မွာ ျပစ္ဒဏ္ ေဘာကေနတစ္ဆင့္ တိုက္႐ိုက္ဂိုး သြင္းခဲ့တာျဖစ္ပါတယ္။ ဟံသာဝတီယူႏိုက္တက္အသင္းအတြက္ ၿပီးခဲ့တဲ့ ျမန္မာေနရွင္နယ္လိဂ္ေဘာလုံးရာသီမွာ ေျခစြမ္းျပခဲ့တဲ့ေနာက္ ဟိန္းထက္ေအာင္ကို မေလးရွားကလပ္က ေခၚယူခဲ့တာျဖစ္ပါတယ္။ ဟိန္းထက္ေအာင္ဟာ ပထမဆုံးလိဂ္ပြဲ တြင္ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဟိန္းထက္ ေအာင္ဟာ မေလးရွားစူပါလိဂ္ ကလပ္ ဆီလန္ေဂါအသင္းႏွင့္ ၂၀၂၃ ရာသီအထိ သုံးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုထားတာပါ။ ဟိန္းထက္​​ေအာင္ရဲ႕ ေျခစြမ္းအေပၚ မူတည္ၿပီး ဆီလန္ေဂါအသင္းက စီနီယာအသင္းႀကီးဆီ​ေခၚ​ေဆာင္မယ့္ အစီအစဥ္ရွိပါတယ္။