အဝေးကွင်းမှာ မန်စီးတီးကိုနိုင်ခဲ့တဲ့ယူနိုက်တက်ပွဲစဉ်က သတိပြုမိတဲ့အချက်တွေ
photo internet
အီတီဟတ် ကွင်းမှာ မန်စီးတီး နဲ့ ယူနိုက်တက် အသင်း တို့ဟာ ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ် ကစားခဲ့ ကြပြီး 0 – 1 ဆိုတဲ့ ရလဒ် ထွက်ပေါ် ခဲ့ပါတယ် ။ အဲဒီပွဲမှာ ယူနိုက်တက်တို့ မန်စီးတီးကိုနိုင်ခဲ့ပေမယ့် နှစ်ပွဲပေါင်းရလဒ်ကြောင့် ရှုံးနိမ့်ခဲ့ပါပြီ။ ယူနိုက်တက် အတွက် တစ်လုံး တည်းသော သွင်းဂိုး ကို ကွင်းလယ်လူ မာတစ် က အဝေး ကန်ချက် နဲ့ သွင်းယူခဲ့ပါတယ်။ အဲဒီပွဲနဲ့ပတ်သက်တဲ့ သတိပြုမိတဲ့အချက်တွေကိုတင်ဆက်ပေးပါမယ်။ မန်စီးတီးအသင်းဟာ 3 – 4 – 2 – 1 ကစားကွက် နဲ့ ပွဲထွက် လာခဲ့တာကိုတွေ့ရပြီး၊ ဒါဟာ ဂွာဒီယိုလာ လက်ထက် မှာ တစ်ကြိမ် မှ မြင်တွေ့ ခဲ့ရခြင်း မရှိတဲ့ ကစားကွက် ပုံစံတစ်ခု ပါပဲ ။
photo internet
မာတစ်ဟာသူ့ရဲ့အရည်အချင်းတွေကိုအခုပွဲမှာပရိသတ်တွေကျေနပ်အောင်ပြသနိုင်ခဲ့ပါတယ်။ အဝေးကန်ချက်နဲ့အဖွင့်ဂိုးရအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ယူနိုက်တက်ပရိသတ်တွေအနေနဲ့ နိုင်ပေမယ့်ရှုံးတဲ့အပေါ်မှာ ကျေနပ်အားရခဲ့ရပါတယ်။ မာတစ်ဟာ ထရန်မီးယား အသင်း နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ် မှာလည်း အသင်း အတွက် ပုံစံကောင်းကို ပြသ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အတွက် ဟီးရိုး ဖြစ်နေခဲ့တုန်းမှာပဲ နှစ်ဝါ တစ်နီ ထိခဲ့ ရပြီး ကွင်းထဲကနေထွက်ခဲ့ရပါတယ်။ သူ့ရဲ့ လတ်တလော ခြေစွမ်း ကြောင့် ယူနိုက်တက် ဖက်ကနေ စာချုပ် သက်တမ်း တစ်နှစ် ဆက်တိုးချင်တာကတော့ အသိအမှတ်ပြုခံရတာပါပဲ။
photo internet
အဲဒီပွဲမှာနည်းပြဆိုးလ်ရှားတစ်ယောက် လင်ဂတ်ကိုဆဲဆိုခဲ့တာလည်း သတိပြုစရာပါပဲ။ လင်ဂတ်ဟာ ပြီးခဲ့တဲ့ FA ဖလား ပွဲစဉ် တုန်းက ထရန်မီးယား အသင်း နဲ့ ရင်ဆိုင် ခဲ့ရာမှာ တစ်ဂိုး သွင်းယူ ပြီး ပုံစံ ကောင်း ပြသ နိုင်ခဲ့ ပါတယ်။ ဒါပေမယ့်အခုပွဲမှာတော့ စိတ်ပျက်စရာ အနေအထားကိုသာလင်ဂတ်ပြသခဲ့ပါတယ်။ ၂၇ နှစ်အရွယ် လင်ဂတ်ဟာ မန်စီးတီးကွင်းဘက်ခြမ်းမှာ အသင်းဖော်ဖရက်ဒ်ဆီ ဘောလုံးပေးဖို့လုပ်ရာမှာ မအောင်မြင်ခဲ့ဘဲ ဆိုးရွားတဲ့ဘောလုံးထိချက်ကြောင့် အဲဒီဘောလုံးကနေ မန်စီးတီးဟာ တန်ပြန်တိုက်စစ်ဆင်ခွင့်ရသွားခဲ့ပြီး စတာလင်းတစ်ယောက် အပိုင်ကန်ခွင့်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့သာ သက်သာရာရသွားခဲ့တာပါ။ ဒါပေမယ့် အဲဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ဆိုးလ်ရှားဟာ ကွင်းဘေးကနေ လင်ဂတ်ကို ဒေါသတကြီးဆဲဆိုခဲ့ပါတယ်။ ကင်မရာရိုက်ချက်တွေမှာတော့ နည်းပြဆိုးလ်ရှားဟာ လင်ဂတ်ကို “F”နဲ့စတဲ့စကားလုံးနဲ့ ဆဲဆိုတာကိုတွေ့ခဲ့ရပါတယ်။
photo internet
ယူနိုက်တက်ပရိသတ်တွေဟာ ဂိုးသမားဒီဂီယာကိုတော့ အခုပွဲမှာချီးကျူးနေကြပါတယ်။ အချို့ရှေ့ပွဲတွေ မှာတော့ ဒီဂီယာကိုပြစ်တင်ဝေဖန်ပြီးလူလဲဖို့အထိတောင်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂီယာဟာ ယူနိုက်တက် အသင်း ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဆုကို အကြိမ် အများဆုံးရယူနိုင်ခဲ့သူဖြစ်ပါတယ်။ မန်စီးတီး အသင်းနဲ့ကစားခဲ့တဲ့ ပွဲစဉ်မှာ တစ်ဂိုး၊ဂိုးမရှိရလဒ်ကို ဒီဂီယာအနေနဲ့ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ သူဟာ ဒီပွဲ မှာ သေချာပေါက် ဂိုး ဖြစ်နိုင်တဲ့မန်စီးတီးကစားသမားတွေရဲ့ကန်ချက်တွေကို 4 – 5 ကြိမ် လောက်တားဆီးနိုင်ခဲ့ပါတယ်။
photo internet
ဒီပွဲ မှာ မန်စီးတီး တို့ နှစ်ဂိုး ရရှိ ခဲ့ ပေမယ့် နှစ်ကြိမ်လုံး လူကျွံ နေခဲ့တာကြောင့် အကျိုးမရှိခဲ့ပါဘူး။ ဒီပွဲမှာစတာလင်းတစ်ယောက်ကံဆိုးတယ်လို့လည်း ပြောနိုင်ပါတယ်။ သူဟာ အခြား အခွင့်အရေး ကောင်းတွေ ရယူ နိုင်ခဲ့ ပေမယ့် ဂိုး အဖြစ် မပြောင်းလဲ နိုင်ခဲ့ ပါဘူး ။ စတာလင်းတစ်ယောက် လီဗာပူူး မှာ ကစားပေး ခဲ့တဲ့ အချိန် က စပြီး လက်ရှိ အချိန်ထိ တွက်ကြည့် လိုက်မယ် ဆိုရင် ယူနိုက်တက် အသင်း ဖက်ကို ပြိုင်ပွဲစုံ ဂိုး မသွင်းနိုင် ခဲ့တာ 19 ပွဲ အထိ ရှိလာခဲ့ပါပြီ။
photo internet
ယူနိုက်တက်ဟာဖလားပွဲဖိုင်နယ်မတက်ရပေမယ့် နည်းပြဆိုးလ်ရှားဟာ ဂွာဒီယိုလာကို အဝေးကွင်းနှစ်ပွဲ အနိုင်ယူနိုင်တဲ့ တတိယမြောက်နည်းပြဖြစ်လာခဲ့ပါပြီ။ သူ့ရှေ့ကနှစ်ယောက်ကတော့ လီဗာပူးနည်းပြ ကလော့ပ်နဲ့ ယူနိုက်တက်နည်းပြဟောင်းဖြစ်သူ မော်ရင်ဟိုတို့ဖြစ်ပါတယ်။ မန်စီးတီး ဟာ ဖိုင်နယ် မှာ အက်စတွန် ဗီလာ အသင်း နဲ့ ရင်ဆိုင် ရပါ တော့မယ် ။ဒါဟာ ဂွာဒီယိုလာ အတွက် တော့ သုံးနှစ်ဆက်တိုက် ဖိုင်နယ် တက်ရောက် နိုင်ခဲ့ခြင်း ပါပဲ ။ ယူနိုက်တက်တို့ကတော့ အဝေးကွင်းမှာနိုင်ပေမယ့် ဝမ်းသာ၊ဝမ်းနည်းနဲ့ဖလားကိုနှုတ်ဆက်ခဲ့ရပါပြီ။
photo internet
(Zawgyi Version)