အဝေးကွင်းမှာနိုင်ခဲ့တဲ့ ယူနိုက်တက်ပွဲနဲ့ပတ်သက်ပြီးသူတို့တွေရဲ့ပြောစကားများ……

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

ယူနိုက်တက်အသင်းဟာ FA ဖလား ပွဲစဉ်ကို အဝေးကွင်းမှာ ဒါဘီအသင်းကို ၃ ဂိုးပြတ်အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ဘယ်နောက်ခံလူ လုခ်ရှောကအကောင်းဆုံး ခြေစွမ်းပြခဲ့ပါတယ်။ ပွဲအပြီးမှာတော့ လုခ်ရှောရဲ့ ခြေစွမ်းကို ယူနိုက်တက်ဂန္တဝင် ဖာဒီနန်နဲ့ ဘောလုံးပွဲသုံးသပ်သူ ရော်ဘီဆာဗေ့တို့က အထူးတလည် ချီးကျူးသွားခဲ့ကြပါတယ်။ “လုခ်ရှောက ရွေးချယ်မှုတွေအများကြီးထဲ ကမှ ယူနိုက်တက်ဆီကိုရောက်လာခဲ့တာပါ။ သူ့အတွက် မော်ရင်ဟိုက အဓိကအစိတ်အပိုင်းဖြစ်ခဲ့တာပေါ့။

photo internet

သူ့ရဲ့ စိတ်ဓါတ်ပိုင်းကို ကျွန်တော်တို့တွေ စဉ်းစားစရာဖြစ်ခဲ့ကြပါတယ်။ ပြန်လည် သန်မာလာပါ့မလားဆိုပြီးပေါ့။ ဒါပေမယ့် လူတွေ ထင်တာမှားကြောင်း သူ သက်သေပြန်ပြနိုင် ခဲ့ပါတယ်။ အခု ကောင်းမွန်တဲ့ ပုံစံရနေပါပြီ။ ဒီနေ့ပွဲမှာဆိုရင် အီဟာလိုနဲ့ သူက အကောင်းဆုံး ကစားသမားတွေပါပဲ။ သူ့ရဲ့ပွဲဖြစ်အောင် ပွဲကိုလုပ်ဆောင်နိုင်ခဲ့ပါတယ်။ တချို့အချိန်တွေမှာတော့ သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းက ဝေဖန်မှုအချို့နဲ့ထိုက်တန်ခဲ့ပါတယ်။ အခုတော့ သူက ထူးခြားတဲ့ ကစားသမားပါပဲ။ အရင်က ခံစစ်ပိုင်းပဲ ကစားပေမယ့် အခုတော့ တိုက်စစ်ကိုပါအကောင်းဆုံးလုပ်ဆောင် နိုင်ပါပြီ။ နည်းပြဆိုလ်းရှားတစ်ယောက်လေ့ကျင့်ရေးကွင်းကိုအစောကြီး ရောက်နေတဲ့တစ်ရက် ကျွန်တော် သွားတွေ့ခဲ့ပါတယ်။ လုခ်ရှောဆီက အကောင်းဆုံးအနေအထား ကို ဘယ်လိုရခဲ့သလဲလို့ မေးခဲ့ပါတယ်။ သူကသေသေချာချာကောင်းကောင်းမွန်မွန်ပဲ ပြန်ဖြေခဲ့ပါတယ်။ သူ့အနေနဲ့ ကလေးတွေရဲ့ အကောင်းဆုံးအရည်အသွေးကို ရယူမယ်ဆိုတဲ့အကြောင်း၊ လုခ်ရှောက တစ်ခုခုလုပ်ဆောင်ပြခဲ့ပြီ ဆိုတဲ့အကြောင်း၊ အချိန်တိုအတွင်း အကောင်းဆုံးခြေစွမ်းကိုပြသနိုင်ကြောင်း တွေကိုပြောဆိုခဲ့ပါတယ်။”ဆိုပြီး ဖာဒီနန်က ပြောပါတယ်။

photo internet

ရော်ဘီဆာဗေ့ချ်ကတော့အခုလိုပြောပါတယ်။ “လုခ်ရှောက ပြိုင်ဆိုင်မှုကြောင့်တိုးတက်လာတာပါ။ ဝီလီယမ်က လုခ်ရှောထက်ငယ်တယ်လေ။ ပြီးတော့ ပြိုင်ဆိုင်မှုဆိုတာ လိုအပ်ပါတယ်။ဒဏ်ရာအခြေအနေက ဘယ်လောက်ဆိုးရွားမလဲဆိုတာ မခန့်မှန်းနိုင်ဘူးလေ။ အခုတော့ သူက အဆင့်မှီတဲ့ ဘယ်နောက်ခံလူအဖြစ် ပြေးလွားနိုင်နေပါပြီ။ အခုဆိုရင် သူဟာ အင်္ဂလန်အသင်းမှာလည်း ပါဝင်ကစားချင်နေမှာပါ။” ဆိုပြီး ရော်ဘီဆာဗေ့ချ်က ပြောပါတယ်။

photo internet

လုခ်ရှောကတော့ပွဲအပြီးမှာအခုလိုပြောဆိုခဲ့ပါတယ်။ “ဘယ်လို ပဲ ဖြစ်ဖြစ် ကျွန်တော် တို့ အတွက် အရေး အကြီးဆုံး အရာ က နိုင်ပွဲ ရယူ နိုင်ဖို့ နဲ့ အသင်းဖော်တွေ အတွက် Clean Sheet ရယူ ပေးနိုင် ဖို့ ပါပဲ ။ ကျွန်တော် တို့ဟာ အခု အချိန် ယုံကြည်မှု အရမ်း ပြင်းထန် နေတဲ့ အခိုက်အတန့် တစ်ခု ပိုင်ဆိုင် နေကြ ပါတယ်။ ကျွန်တော် တို့ဟာ ဂိုးတွေ သွင်းယူ နိုင်ခဲ့ ကြ သလို ပေးဂိုး တွေလည်း နည်းပါး ခဲ့ကြ ပါတယ် ။ အခုတော့လာမယ့် တနင်္ဂနွေ နေ့မှာ ပွဲကြီး ပွဲကောင်း တစ်ပွဲ ကစား ရပါ တော့မယ် ။ ကျွန်တော် တို့ အခု အဲ့ဒီ ပွဲစဉ် ကို အာရုံစိုက် နေကြ ပါတယ် ။ ဝိန်းရွန်းနီဟာ ယူနိုက်တက် ရဲ့ အထူး ဂန္ဓဝင် တစ်ဦး ဖြစ်တယ် ဆိုတာ လူတိုင်း သိကြ ပါတယ် ။ ကျွန်တော် ဒီကို ရောက်ရှိ ခဲ့ပြီး အရံ ခုံတန်း ပေါ်မှာ ထိုင်နေ ခဲ့စဉ် ကတည်းက သူ့ကို အမြဲလို စောင့်ကြည့် ခဲ့ ပါတယ် ။ သူဟာ အခုထိ စပါယ်ရှယ် ကစား သမား တစ်ဦး ပါပဲ ။ ဝိန်းဟာ ဒီနေ့ ပွဲစဉ် မှာ ကြီးမားတဲ့ အကျိုး သက်ရောက်မှု တွေကို လုပ်ဆောင် နိုင်ခဲ့ ပါတယ် ။ သူ့ကို အခုလို ပြန်မြင် ရတာ အရမ်း ကို ကောင်းလှ ပါတယ် ။ သူဟာ တကယ့် ကို ပုံစံ ကောင်း ပြနိုင် ခဲ့ ပါတယ်”ဆိုပြီးလုခ်ရှောကပြောဆိုပါတယ်။

photo internet

အီဟာလိုဟာ ယူနိုက်တက်အသင်းအတွက် ၂ ပွဲကစားပြီးချိန်မှာ သွင်းဂိုး (၃) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ ဒါဘီအသင်းနဲ့ပွဲမှာလည်း အသင်းကပေးအပ်တဲ့ MOTM ဆုကိုလည်း ရရှိခဲ့ပါတယ်။ အဲဒီပွဲအပြီးမှာတော့ အီဟာလိုက အခုလိုပြောဆိုပါတယ်။ “ကျွန်တော်အရမ်းပျော်ပါတယ်။ ခက်ခဲတဲ့ပြိုင်ပွဲတစ်ပွဲမှာ အနိုင်ရခဲ့လို့ ကျွန်တော့်ရဲ့အသင်းကိုလည်း ဂုဏ်ပြုလိုပါတယ်။ အသင်းဖော် ၊ နည်းပြနဲ့ ပရိသတ်တွေအနေနဲ့ ကျွန်တော့်အပေါ် ယုံကြည်နေသရွေ့ ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းသွားမှာပါ။ဘယ်သူတွေ ဘာပဲပြောပြောကျွန်တော် ဂရုမစိုက်ပါဘူး။ အကောင်းဆုံးနည်းပြ၊ အကောင်းဆုံးကစားသမားတွေနဲ့ အတူ ကွင်းထဲမှာပါဝင်ကစားခွင့်ရတာနဲ့ အလုပ်ကြိုးစားခွင့် ရနေတဲ့အပေါ်ကိုပဲကျွန်တော် အရမ်းကိုပျော်ရွှင်နေပါပြီ။ ဒီနှစ်ဘောလုံးရာသီအတွက် နိုင်ပွဲတွေနဲ့ ဖြတ်သန်းတာဟာ ကျွန်တော်တို့အတွက်ကောင်းတယ်ဆိုတာကို ကျွန်တော်တို့သိ ထားပါတယ်။ နောက်ပြီး ရာသီအဆုံးမှာလည်း အကောင်းဆုံးဖြစ်ချင်ပါတယ်။ အခုဒီပွဲမှာကျွန်တော်တို့ရဲ့စတင်မှုကအကောင်းဆုံးမဖြစ်ခဲ့ ပေမယ့် မိနစ် 20ကျော် လောက်မှာတော့ အကောင်းဆုံးပြန် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပထမအလုံးတုန်းကဆိုရင် ပြိုင်ပွဲတွေကကျွန်တော့် ကိုဝိုင်း တားကြပေမယ့်ကျွန်တော်ကအကောင်းဆုံးကန်သွင်းယူနိုင်ခဲ့ပါတယ်။

photo internet

နောက်ထပ်ကန်ချက်တွေ ကျွန်တော့်မှာရှိခဲ့ပါသေးတယ်။ဒါပေမယ့်ဂိုးပေါက်တွေမတည့်ခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ပွဲတွေရဖို့က ပိုပြီးတော့အရေးကြီးပါတယ်။ဒီအရှိန်ကို ကျွန်တော့်အနေနဲ့ဆက်လက်ထိန်းသိမ်းသွားချင်ပြီး၊ ကောင်းမွန်တဲ့ဘောလုံးရာသီတစ်ခုအဖြစ် လုပ်ဆောင်သွားလိုပါတယ်။”ဆိုပြီး အီဟာလိုက ပြောဆိုပါတယ်။

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)

အေဝးကြင္းမွာႏိုင္ခဲ့တဲ့ ယူႏိုက္တက္ပြဲနဲ႔ပတ္သက္ၿပီးသူတို႔ေတြရဲ႕ေျပာစကားမ်ား……

ယူႏိုက္တက္အသင္းဟာ FA ဖလား ပြဲစဥ္ကို အေဝးကြင္းမွာ ဒါဘီအသင္းကို ၃ ဂိုးျပတ္အႏိုင္ရခဲ့ၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့ပါတယ္။ အဲဒီပြဲမွာ ဘယ္ေနာက္ခံလူ လုခ္ေရွာကအေကာင္းဆုံး ေျခစြမ္းျပခဲ့ပါတယ္။ ပြဲအၿပီးမွာေတာ့ လုခ္ေရွာရဲ႕ ေျခစြမ္းကို ယူႏိုက္တက္ဂႏၲဝင္ ဖာဒီနန္နဲ႔ ေဘာလုံးပြဲသုံးသပ္သူ ေရာ္ဘီဆာေဗ့တို႔က အထူးတလည္ ခ်ီးက်ဴးသြားခဲ့ၾကပါတယ္။ “လုခ္ေရွာက ေ႐ြးခ်ယ္မႈေတြအမ်ားႀကီးထဲ ကမွ ယူႏိုက္တက္ဆီကိုေရာက္လာခဲ့တာပါ။ သူ႔အတြက္ ေမာ္ရင္ဟိုက အဓိကအစိတ္အပိုင္းျဖစ္ခဲ့တာေပါ့။ သူ႔ရဲ႕ စိတ္ဓါတ္ပိုင္းကို ကြၽန္ေတာ္တို႔ေတြ စဥ္းစားစရာျဖစ္ခဲ့ၾကပါတယ္။ ျပန္လည္ သန္မာလာပါ့မလားဆိုၿပီးေပါ့။ ဒါေပမယ့္ လူေတြ ထင္တာမွားေၾကာင္း သူ သက္ေသျပန္ျပႏိုင္ ခဲ့ပါတယ္။ အခု ေကာင္းမြန္တဲ့ ပုံစံရေနပါၿပီ။ ဒီေန႔ပြဲမွာဆိုရင္ အီဟာလိုနဲ႔ သူက အေကာင္းဆုံး ကစားသမားေတြပါပဲ။ သူ႔ရဲ႕ပြဲျဖစ္ေအာင္ ပြဲကိုလုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ တခ်ိဳ႕အခ်ိန္ေတြမွာေတာ့ သူ႔ရဲ႕စြမ္းေဆာင္ရည္ပိုင္းက ေဝဖန္မႈအခ်ိဳ႕နဲ႔ထိုက္တန္ခဲ့ပါတယ္။ အခုေတာ့ သူက ထူးျခားတဲ့ ကစားသမားပါပဲ။ အရင္က ခံစစ္ပိုင္းပဲ ကစားေပမယ့္ အခုေတာ့ တိုက္စစ္ကိုပါအေကာင္းဆုံးလုပ္ေဆာင္ ႏိုင္ပါၿပီ။ နည္းျပဆိုလ္းရွားတစ္ေယာက္ေလ့က်င့္ေရးကြင္းကိုအေစာႀကီး ေရာက္ေနတဲ့တစ္ရက္ ကြၽန္ေတာ္ သြားေတြ႕ခဲ့ပါတယ္။ လုခ္ေရွာဆီက အေကာင္းဆုံးအေနအထား ကို ဘယ္လိုရခဲ့သလဲလို႔ ေမးခဲ့ပါတယ္။ သူကေသေသခ်ာခ်ာေကာင္းေကာင္းမြန္မြန္ပဲ ျပန္ေျဖခဲ့ပါတယ္။ သူ႔အေနနဲ႔ ကေလးေတြရဲ႕ အေကာင္းဆုံးအရည္အေသြးကို ရယူမယ္ဆိုတဲ့အေၾကာင္း၊ လုခ္ေရွာက တစ္ခုခုလုပ္ေဆာင္ျပခဲ့ၿပီ ဆိုတဲ့အေၾကာင္း၊ အခ်ိန္တိုအတြင္းအေကာင္းဆုံးေျခစြမ္းကိုျပသႏိုင္ေၾကာင္း ေတြကိုေျပာဆိုခဲ့ပါတယ္။”ဆိုၿပီး ဖာဒီနန္က ေျပာပါတယ္။
ေရာ္ဘီဆာေဗ့ခ်္ကေတာ့အခုလိုေျပာပါတယ္။ “လုခ္ေရွာက ၿပိဳင္ဆိုင္မႈေၾကာင့္တိုးတက္လာတာပါ။ ဝီလီယမ္က လုခ္ေရွာထက္ငယ္တယ္ေလ။ ၿပီးေတာ့ ၿပိဳင္ဆိုင္မႈဆိုတာ လိုအပ္ပါတယ္။ဒဏ္ရာအေျခအေနက ဘယ္ေလာက္ဆိုး႐ြားမလဲဆိုတာ မခန႔္မွန္းႏိုင္ဘူးေလ။ အခုေတာ့ သူက အဆင့္မွီတဲ့ ဘယ္ေနာက္ခံလူအျဖစ္ ေျပးလြားႏိုင္ေနပါၿပီ။ အခုဆိုရင္ သူဟာ အဂၤလန္အသင္းမွာလည္း ပါဝင္ကစားခ်င္ေနမွာပါ။” ဆိုၿပီး ေရာ္ဘီဆာေဗ့ခ်္က ေျပာပါတယ္။
လုခ္ေရွာကေတာ့ပြဲအၿပီးမွာအခုလိုေျပာဆိုခဲ့ပါတယ္။ “ဘယ္လို ပဲ ျဖစ္ျဖစ္ ကြၽန္ေတာ္ တို႔ အတြက္ အေရး အႀကီးဆုံး အရာ က ႏိုင္ပြဲ ရယူ ႏိုင္ဖို႔ နဲ႔ အသင္းေဖာ္ေတြ အတြက္ Clean Sheet ရယူ ေပးႏိုင္ ဖို႔ ပါပဲ ။ ကြၽန္ေတာ္ တို႔ဟာ အခု အခ်ိန္ ယုံၾကည္မႈ အရမ္း ျပင္းထန္ ေနတဲ့ အခိုက္အတန႔္ တစ္ခု ပိုင္ဆိုင္ ေနၾက ပါတယ္။ ကြၽန္ေတာ္ တို႔ဟာ ဂိုးေတြ သြင္းယူ ႏိုင္ခဲ့ ၾက သလို ေပးဂိုး ေတြလည္း နည္းပါး ခဲ့ၾက ပါတယ္ ။ အခုေတာ့လာမယ့္ တနဂၤေႏြ ေန႔မွာ ပြဲႀကီး ပြဲေကာင္း တစ္ပြဲ ကစား ရပါ ေတာ့မယ္ ။ ကြၽန္ေတာ္ တို႔ အခု အဲ့ဒီ ပြဲစဥ္ ကို အာ႐ုံစိုက္ ေနၾက ပါတယ္ ။ ဝိန္း႐ြန္းနီဟာ ယူႏိုက္တက္ ရဲ႕ အထူး ဂႏၶဝင္ တစ္ဦး ျဖစ္တယ္ ဆိုတာ လူတိုင္း သိၾက ပါတယ္ ။ ကြၽန္ေတာ္ ဒီကို ေရာက္ရွိ ခဲ့ၿပီး အရံ ခုံတန္း ေပၚမွာ ထိုင္ေန ခဲ့စဥ္ ကတည္းက သူ႔ကို အၿမဲလို ေစာင့္ၾကည့္ ခဲ့ ပါတယ္ ။ သူဟာ အခုထိ စပါယ္ရွယ္ ကစား သမား တစ္ဦး ပါပဲ ။ ဝိန္းဟာ ဒီေန႔ ပြဲစဥ္ မွာ ႀကီးမားတဲ့ အက်ိဳး သက္ေရာက္မႈ ေတြကို လုပ္ေဆာင္ ႏိုင္ခဲ့ ပါတယ္ ။ သူ႔ကို အခုလို ျပန္ျမင္ ရတာ အရမ္း ကို ေကာင္းလွ ပါတယ္ ။ သူဟာ တကယ့္ ကို ပုံစံ ေကာင္း ျပႏိုင္ ခဲ့ ပါတယ္”ဆိုၿပီးလုခ္ေရွာကေျပာဆိုပါတယ္။
အီဟာလိုဟာ ယူႏိုက္တက္အသင္းအတြက္ ၂ ပြဲကစားၿပီးခ်ိန္မွာ သြင္းဂိုး (၃) ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ကာ ဒါဘီအသင္းနဲ႔ပြဲမွာလည္း အသင္းကေပးအပ္တဲ့ MOTM ဆုကိုလည္း ရရွိခဲ့ပါတယ္။ အဲဒီပြဲအၿပီးမွာေတာ့ အီဟာလိုက အခုလိုေျပာဆိုပါတယ္။ “ကြၽန္ေတာ္အရမ္းေပ်ာ္ပါတယ္။ ခက္ခဲတဲ့ၿပိဳင္ပြဲတစ္ပြဲမွာ အႏိုင္ရခဲ့လို႔ ကြၽန္ေတာ့္ရဲ႕အသင္းကိုလည္း ဂုဏ္ျပဳလိုပါတယ္။ အသင္းေဖာ္ ၊ နည္းျပနဲ႔ ပရိသတ္ေတြအေနနဲ႔ ကြၽန္ေတာ့္အေပၚ ယုံၾကည္ေနသေ႐ြ႕ ေျခစြမ္းကို ဆက္လက္ထိန္းသိမ္းသြားမွာပါ။ဘယ္သူေတြ ဘာပဲေျပာေျပာကြၽန္ေတာ္ ဂ႐ုမစိုက္ပါဘူး။ အေကာင္းဆုံးနည္းျပ၊ အေကာင္းဆုံးကစားသမားေတြနဲ႔ အတူ ကြင္းထဲမွာပါဝင္ကစားခြင့္ရတာနဲ႔ အလုပ္ႀကိဳးစားခြင့္ ရေနတဲ့အေပၚကိုပဲကြၽန္ေတာ္ အရမ္းကိုေပ်ာ္႐ႊင္ေနပါၿပီ။ ဒီႏွစ္ေဘာလုံးရာသီအတြက္ ႏိုင္ပြဲေတြနဲ႔ ျဖတ္သန္းတာဟာ ကြၽန္ေတာ္တို႔အတြက္ေကာင္းတယ္ဆိုတာကို ကြၽန္ေတာ္တို႔သိ ထားပါတယ္။ ေနာက္ၿပီး ရာသီအဆုံးမွာလည္း အေကာင္းဆုံးျဖစ္ခ်င္ပါတယ္။ အခုဒီပြဲမွာကြၽန္ေတာ္တို႔ရဲ႕စတင္မႈကအေကာင္းဆုံးမျဖစ္ခဲ့ ေပမယ့္ မိနစ္ 20ေက်ာ္ ေလာက္မွာေတာ့ အေကာင္းဆုံးျပန္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ပထမအလုံးတုန္းကဆိုရင္ ၿပိဳင္ပြဲေတြကကြၽန္ေတာ့္ကိုဝိုင္း တားၾကေပမယ့္ကြၽန္ေတာ္ကအေကာင္းဆုံးကန္သြင္းယူႏိုင္ခဲ့ပါတယ္။ ေနာက္ထပ္ကန္ခ်က္ေတြ ကြၽန္ေတာ့္မွာရွိခဲ့ပါေသးတယ္။ဒါေပမယ့္ဂိုးေပါက္ေတြမတည့္ခဲ့ပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ႏိုင္ပြဲေတြရဖို႔က ပိုၿပီးေတာ့အေရးႀကီးပါတယ္။ဒီအရွိန္ကို ကြၽန္ေတာ့္အေနနဲ႔ဆက္လက္ထိန္းသိမ္းသြားခ်င္ၿပီး၊ ေကာင္းမြန္တဲ့ေဘာလုံးရာသီတစ္ခုအျဖစ္ လုပ္ေဆာင္သြားလိုပါတယ္။”ဆိုၿပီး အီဟာလိုက ေျပာဆိုပါတယ္။