အဝါကတ်ပြသခံရဖို့ ၅မိနစ်လောက် အပင်ပန်းခံကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့တဲ့ ဆွာရက်ဇ်

Photo Credit

Photo Credit

ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်ဟာ သူ့အသင်းအနိုင်ရဖို့အတွက်ဆိုရင် ဘာမဆိုလုပ်ရဲသူအဖြစ် ဘောလုံးလောကမှာ ထင်ရှားသူဖြစ်ပြီး ဂီရိုနာနဲ့ကစားခဲ့တဲ့ပွဲမှာ အဲဒီအဖြစ်ကို ပိုမိုပီပြင်စေတဲ့ဖြစ်ရပ်တစ်ခု ဖန်တီးခဲ့ပါတယ်။ ၂၀၁၈ ဖေဖော်ဝါရီလအတွင်း ကစားခဲ့တဲ့ အဲဒီပွဲမတိုင်ခင် အမြဲတမ်းအငြင်းပွားဖွယ်ရာတွေ ဖန်တီးတတ်တဲ့ ဆွာရက်ဇ်ဟာ တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရဖို့ ၁ဝါအလိုအနေအထားရှိခဲ့တာပါ။

Photo Credit

ပြီးတော့ အဲဒီအချိန်မှာ အမှတ်ပေးဇယားဒုတိယနေရာက အက်သလက်တီကိုနဲ့အရေးကြီးပွဲကစားရဖို့ကလည်း ၂ပတ်သာလိုတော့လို့ ဆွာရက်ဇ်က အဲဒီပွဲမှာ ပါဝင်နိုင်ဖို့ စိတ်ချရအောင် ဂီရိုနာနဲ့ပွဲမှာ အဝါကတ်ပြသခံရဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ သူဟာ ဂီရိုနာနဲ့ပွဲမှာ အဝါကတ်ပြသခံရရင် ၅ ဝါပြည့်သွားမှာဖြစ်လို့ အက်သလက်တီကိုနဲ့ပွဲမတိုင်ခင် ကစားရမယ့်ပွဲမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာမဟုတ်ပေမယ့် တီကိုနဲ့ပွဲမှာတော့ စိတ်ချလက်ချပါဝင်နိုင်မှာဖြစ်ပါတယ်။

Photo Credit

ဂီရိုနာနဲ့ပွဲမှာ ပွဲပြီးခါနီးမိနစ်တွေက တကယ့်ကိုရယ်စရာကောင်းလွန်းတဲ့ကာလဖြစ်ခဲ့ပြီး ဘာစီလိုနာအသင်းက ၆-၁ ဂိုးနဲ့ ဦးဆောင်နေချိန်မှာ ဆွာရက်ဇ်လည်း ၅မိနစ်ကြာတဲ့အထိ အဝါကတ်ပြသခံရအောင် ကြိုးစားပါတော့တယ်။ အဲဒီလိုကြိုးစားရာမှာ ပြိုင်ဘက်ကို ခြေထောက်ဆွဲထားတာမျိုး၊ အနောက်ကနေ ဆွဲထားတာမျိုး၊ လက်ပစ်ဘောမြှောက်ချိန်မှာ တမင်တကာအချိန်ဆွဲတာမျိုးတွေပါ လုပ်ခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ ကွင်းလယ်ဒိုင် ရိုဂျက်စ်ကတော့ ဆွာရက်ဇ်ရဲ့အကြံကို သိနေတဲ့ပုံစံနဲ့အတူ အများဆုံး သာမန်ပြစ်ဒဏ်ဘောပဲ ပေးခဲ့ပြီး ရုပ်တည်ကြီးနဲ့ ဆက်ကစားစေခဲ့ပါတယ်။ တွစ်တာမှာ ပရိသတ်တွေက ဆွာရက်ဇ်အနေနဲ့ အဝါကတ်ပြသဖို့တောင် ကွင်းလယ်ဒိုင်ကို တောင်းဆိုခဲ့တယ်လို့ ရေးသားခဲ့ကြပါတယ်။ ဆွာရက်ဇ်ဟာ လက်ပစ်ဘောမြှောက်ဖို့ ၁၅ စက္ကန့်လောက်အထိ အချိန်ဆွဲကာ အဝါကတ်ပြသခံရဖို့ လုပ်ခဲ့ပါတယ်။

https://twitter.com/MagicOfBarca3/status/967523259968344064?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed&ref_url=https%3A%2F%2Fwww.sportbible.com%2Ffootball%2Fnews-classic-funny-luis-suarez-once-spent-5-minutes-trying-to-get-yellow-card-and-failed-20200124

Video Credit

ဒါပေမဲ့ သူဟာ အဝါကတ်ပြသမခံရဘဲ နောက်ပွဲဖြစ်တဲ့ လက်စ်ပါးမက်စ်နဲ့ပွဲမှာ ပွဲပယ်ပြစ်ဒဏ်ကျခံလိုတဲ့ သူ့ရဲ့ဆန္ဒလည်း ဖြစ်မလာတော့ဘဲ ကွင်းလယ်ဒိုင် ရိုဂျက်စ်တစ်ယောက် ငါ့ကိုတော့ တစ်ပတ်ရိုက်လို့မရပါဘူးကွာဆိုတဲ့ သဘောနဲ့ ပြုံးလို့သာနေပါတော့တယ်။

Photo Credit

Zawgyi

ဘာစီလိုနာတိုက္စစ္မႉး ဆြာရက္ဇ္ဟာ သူ႔အသင္းအႏိုင္ရဖို႔အတြက္ဆိုရင္ ဘာမဆိုလုပ္ရဲသူအျဖစ္ ေဘာလုံးေလာကမွာ ထင္ရွားသူျဖစ္ၿပီး ဂီ႐ိုနာနဲ႔ကစားခဲ့တဲ့ပြဲမွာ အဲဒီအျဖစ္ကို ပိုမိုပီျပင္ေစတဲ့ျဖစ္ရပ္တစ္ခု ဖန္တီးခဲ့ပါတယ္။ ၂၀၁၈ ေဖေဖာ္ဝါရီလအတြင္း ကစားခဲ့တဲ့ အဲဒီပြဲမတိုင္ခင္ အၿမဲတမ္းအျငင္းပြားဖြယ္ရာေတြ ဖန္တီးတတ္တဲ့ ဆြာရက္ဇ္ဟာ တစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံရဖို႔ ၁ဝါအလိုအေနအထားရွိခဲ့တာပါ။
ၿပီးေတာ့ အဲဒီအခ်ိန္မွာ အမွတ္ေပးဇယားဒုတိယေနရာက အက္သလက္တီကိုနဲ႔အေရးႀကီးပြဲကစားရဖို႔ကလည္း ၂ပတ္သာလိုေတာ့လို႔ ဆြာရက္ဇ္က အဲဒီပြဲမွာ ပါဝင္ႏိုင္ဖို႔ စိတ္ခ်ရေအာင္ ဂီ႐ိုနာနဲ႔ပြဲမွာ အဝါကတ္ျပသခံရဖို႔ အစြမ္းကုန္ႀကိဳးစားပါေတာ့တယ္။ သူဟာ ဂီ႐ိုနာနဲ႔ပြဲမွာ အဝါကတ္ျပသခံရရင္ ၅ ဝါျပည့္သြားမွာျဖစ္လို႔ အက္သလက္တီကိုနဲ႔ပြဲမတိုင္ခင္ ကစားရမယ့္ပြဲမွာ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ပါဝင္ႏိုင္မွာမဟုတ္ေပမယ့္ တီကိုနဲ႔ပြဲမွာေတာ့ စိတ္ခ်လက္ခ်ပါဝင္ႏိုင္မွာျဖစ္ပါတယ္။
ဂီ႐ိုနာနဲ႔ပြဲမွာ ပြဲၿပီးခါနီးမိနစ္ေတြက တကယ့္ကိုရယ္စရာေကာင္းလြန္းတဲ့ကာလျဖစ္ခဲ့ၿပီး ဘာစီလိုနာအသင္းက ၆-၁ ဂိုးနဲ႔ ဦးေဆာင္ေနခ်ိန္မွာ ဆြာရက္ဇ္လည္း ၅မိနစ္ၾကာတဲ့အထိ အဝါကတ္ျပသခံရေအာင္ ႀကိဳးစားပါေတာ့တယ္။ အဲဒီလိုႀကိဳးစားရာမွာ ၿပိဳင္ဘက္ကို ေျခေထာက္ဆြဲထားတာမ်ိဳး၊ အေနာက္ကေန ဆြဲထားတာမ်ိဳး၊ လက္ပစ္ေဘာေျမႇာက္ခ်ိန္မွာ တမင္တကာအခ်ိန္ဆြဲတာမ်ိဳးေတြပါ လုပ္ခဲ့ပါတယ္။
ဒါေပမဲ့ ကြင္းလယ္ဒိုင္ ႐ိုဂ်က္စ္ကေတာ့ ဆြာရက္ဇ္ရဲ႕အႀကံကို သိေနတဲ့ပုံစံနဲ႔အတူ အမ်ားဆုံး သာမန္ျပစ္ဒဏ္ေဘာပဲ ေပးခဲ့ၿပီး ႐ုပ္တည္ႀကီးနဲ႔ ဆက္ကစားေစခဲ့ပါတယ္။ တြစ္တာမွာ ပရိသတ္ေတြက ဆြာရက္ဇ္အေနနဲ႔ အဝါကတ္ျပသဖို႔ေတာင္ ကြင္းလယ္ဒိုင္ကို ေတာင္းဆိုခဲ့တယ္လို႔ ေရးသားခဲ့ၾကပါတယ္။ ဆြာရက္ဇ္ဟာ လက္ပစ္ေဘာေျမႇာက္ဖို႔ ၁၅ စကၠန႔္ေလာက္အထိ အခ်ိန္ဆြဲကာ အဝါကတ္ျပသခံရဖို႔ လုပ္ခဲ့ပါတယ္။
ဒါေပမဲ့ သူဟာ အဝါကတ္ျပသမခံရဘဲ ေနာက္ပြဲျဖစ္တဲ့ လက္စ္ပါးမက္စ္နဲ႔ပြဲမွာ ပြဲပယ္ျပစ္ဒဏ္က်ခံလိုတဲ့ သူ႔ရဲ႕ဆႏၵလည္း ျဖစ္မလာေတာ့ဘဲ ကြင္းလယ္ဒိုင္ ႐ိုဂ်က္စ္တစ္ေယာက္ ငါ့ကိုေတာ့ တစ္ပတ္႐ိုက္လို႔မရပါဘူးကြာဆိုတဲ့ သေဘာနဲ႔ ၿပဳံးလို႔သာေနပါေတာ့တယ္။