အဝတ်လဲခန်းထဲမှာ မက်ဆီနဲ့ တခြားအသင်းဖော်တွေ ဒီပိုင်းကို ဘယ်လို ပြုမှုဆက်ဆံလဲ?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီပိုင်းကတော့ သူဟာ ဘာစီလိုနာ အသင်းမှာ မက်ဆီ၊ အဂွေရိုတို့နဲ့အတူ သဟဇာတဖြစ်အောင် အတူတွဲကစားနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ပြောပါတယ်။

နယ်သာလန်သားဟာ စနေညက ဂီရိုနာနဲ့ ခြေစမ်းပွဲမှာ ပွဲထွက်ခဲ့ပြီး အသင်းအတွက် သွင်းဂိုး၁ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

နယ်သာလန်လက်ရွေးစင် ကစားသမားဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ လိုင်ယွန် အသင်းကနေ ဘာစီလိုနာ အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့သလို အဂွေရိုကလည်း မန်စီးတီး ကနေ အလွတ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဒီပိုင်း က “အားလုံးက ကျွန်တော့်အပေါ် ကြင်နာကြပါတယ်။

အဝတ်လဲခန်းထဲရောက်ရင်လည်း တကယ်ကြိုဆိုကြတယ်လို့ ခံစားမိပြီး အဲဒါကြောင့်လည်း ကျွန်တော် သက်သောင့်သက်သာရှိတယ်လို့ ထင်ပါတယ်”

“မက်ဆီနဲ့ အတူတွဲကစားရမှာက အလွန်ကောင်းပါတယ်။

အသင်းမှာ အရည်အချင်းရှိတဲ့ လူတွေအများကြီးရှိပါတယ်။

ကျွန်‌တော်တို့မှာ တိုက်စစ်ကစားသမားတွေ အများကြီးရှိပါတယ်။

ဒါပေမယ့် ကျွန်တော့်အမြင်မှာတော့ အားလုံးဟာ ကွဲပြားခြားနားပါတယ်။”

“ဥပမာဆိုရမယ်ဆိုရင် အဂွေရို ဒါမှမဟုတ် အခြားဘယ်လိုကစားသမားမျိုးမဆို ကွဲပြားခြားနားတဲ့ စွမ်းရည်နဲ့ အားသာချက်တွေရှိပါတယ်။

သူတို့နဲ့ အတူတွဲကစားရမှာက ကျွန်တော့်အတွက် အလွန်ကောင်းမွန်ပြီး ၊ဆုဖလားတွေရယူသွားမှာပါ” လို့ ဆိုပါတယ်။

ဒီပိုင်းဟာ ယူရို၂၀၂၀ပြိုင်ပွဲမှာလည်း ပါဝင်ခဲ့ပြီး နယ်သာလန်ဟာ ၁၆သင်း အဆင့်ကနေ ထွက်ခွာခဲ့ရပေမယ့် ၂ဂိုးသွင်းကာ ၁ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

ယမန်နှစ်ရာသီက လိုင်ယွန်အတွက် လီဂူးဝမ်းမှာ ဂိုး၂၀ သွင်းယူကာ ၁၂ဂိုး ဖန်တီးခဲ့ပြီး ချန်ပီယံလိဂ်မှာ ၆ဂိုးသွင်းကာ ၁ဂိုးဖန်တီးပေးခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အဝတ္လဲခန္းထဲမွာ မက္ဆီနဲ႔ တျခားအသင္းေဖာ္ေတြ ဒီပိုင္းကို ဘယ္လို ျပဳမႈဆက္ဆံလဲ?

ဒီပိုင္းကေတာ့ သူဟာ ဘာစီလိုနာ အသင္းမွာ မက္ဆီ၊ အေဂြ႐ိုတို႔နဲ႔အတူ သဟဇာတျဖစ္ေအာင္ အတူတြဲကစားႏိုင္မယ္ဆိုတာ ယုံၾကည္တယ္လို႔ ေျပာပါတယ္။နယ္သာလန္သားဟာ စေနညက ဂီ႐ိုနာနဲ႔ ေျခစမ္းပြဲမွာ ပြဲထြက္ခဲ့ၿပီး အသင္းအတြက္ သြင္းဂိုး၁ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

နယ္သာလန္လက္ေ႐ြးစင္ ကစားသမားဟာ အခုေႏြရာသီအေျပာင္းအေ႐ႊ႕မွာ လိုင္ယြန္ အသင္းကေန ဘာစီလိုနာ အသင္းထံ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္လာခဲ့သလို အေဂြ႐ိုကလည္း မန္စီးတီး ကေန အလြတ္နဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

ဒီပိုင္း က “အားလုံးက ကြၽန္ေတာ့္အေပၚ ၾကင္နာၾကပါတယ္။ အဝတ္လဲခန္းထဲေရာက္ရင္လည္း တကယ္ႀကိဳဆိုၾကတယ္လို႔ ခံစားမိၿပီး အဲဒါေၾကာင့္လည္း ကြၽန္ေတာ္ သက္ေသာင့္သက္သာရွိတယ္လို႔ ထင္ပါတယ္”

“မက္ဆီနဲ႔ အတူတြဲကစားရမွာက အလြန္ေကာင္းပါတယ္။အသင္းမွာ အရည္အခ်င္းရွိတဲ့ လူေတြအမ်ားႀကီးရွိပါတယ္။ ကြၽန္‌ေတာ္တို႔မွာ တိုက္စစ္ကစားသမားေတြ အမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္အျမင္မွာေတာ့ အားလုံးဟာ ကြဲျပားျခားနားပါတယ္။”

“ဥပမာဆိုရမယ္ဆိုရင္ အေဂြ႐ို ဒါမွမဟုတ္ အျခားဘယ္လိုကစားသမားမ်ိဳးမဆို ကြဲျပားျခားနားတဲ့ စြမ္းရည္နဲ႔ အားသာခ်က္ေတြရွိပါတယ္။ သူတို႔နဲ႔ အတူတြဲကစားရမွာက ကြၽန္ေတာ့္အတြက္ အလြန္ေကာင္းမြန္ၿပီး ၊ဆုဖလားေတြရယူသြားမွာပါ” လို႔ ဆိုပါတယ္။

ဒီပိုင္းဟာ ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာလည္း ပါဝင္ခဲ့ၿပီး နယ္သာလန္ဟာ ၁၆သင္း အဆင့္ကေန ထြက္ခြာခဲ့ရေပမယ့္ ၂ဂိုးသြင္းကာ ၁ဂိုးဖန္တီးႏိုင္ခဲ့ပါတယ္။ ယမန္ႏွစ္ရာသီက လိုင္ယြန္အတြက္ လီဂူးဝမ္းမွာ ဂိုး၂၀ သြင္းယူကာ ၁၂ဂိုး ဖန္တီးခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ ၆ဂိုးသြင္းကာ ၁ဂိုးဖန္တီးေပးခဲ့ပါတယ္။