
photo-daily mail
photo-gettyimages
လီဗာပူးနောက်ခံလူရောဘတ်ဆန်ဟာ ပွဲအပြီးမှာ အလွန်အကျွံအောင်ပွဲခံခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပြိုင်ဘက် အက်သလက်တီကိုအသင်းကို သတိပေးလိုက်ပြီး ဒုတိယအကျော့မှာ ပြန်လည်အနိုင်ယူပြမယ်လို့ ကြုံးဝါးလိုက်ပါတယ်။ အက်သလက်တီကိုဟာ အဲဒီပွဲမှာ ကွင်းလယ်လူဆောလ်နီဂွက်ဇ်သွင်းတဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ လက်ရှိချန်ပီယံအသင်းကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။
photo-gettyimages
လီဗာပူးဟာ အဲဒီပွဲမှာ အိမ်ရှင်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ စိုးမိုးကစားနိုင်ခဲ့ပေမယ့် ပိတ်ဆို့ကစားတဲ့အက်သလက်တီကိုခံစစ်ကို မကျော်နိုင်ခဲ့ဘဲ တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်ကန်ချက်တစ်ချက်မှတောင် မရှိခဲ့တာပါ။ လီဗာပူးလို လက်ရှိကမ္ဘာ့ချန်ပီယံနဲ့ ဥရောပချန်ပီယံအသင်းကို အနိုင်ရလိုက်တဲ့အတွက် အက်သလက်တီကိုနည်းပြဆီမြွန်နီနဲ့ သူ့ကစားသမားတွေဟာ အတော်လေးကိုဝမ်းမြောက်သွားကြပြီး ပွဲအပြီးမှာ အောင်ပွဲခံမှုပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ လီဗာပူးနောက်ခံလူရောဘတ်ဆန်ကတော့ ပွဲမပြီးသေးဘူးလို့ ပြောလိုက်ပါတယ်။
photo-BT Sport
”သူတို့က နောက်တစ်ဆင့်ကို တက်သွားတဲ့အလား အောင်ပွဲခံခဲ့ကြပါတယ်။ ဒါကြောင့် ဆက်ကြည့်ကြတာပေါ့။ ကျွန်တော်တို့မှာ ရက်သတ္တပတ် ၂ ပတ်အချိန်ရပြီး ပရီးမီးယားလိဂ်ကိုလည်း ဂရုစိုက်ရပါမယ်။ သူတု့ိ အန်ဖီးလ်ကို လာရဦးမှာပါ။ အဲဒီမှာ ကျွန်တောတို့နဲ့အတူ ပရိသတ်တွေက တုံ့ပြန်ပြမှာပါ။ အဲဒီကျရင် သူတို့ကိုပြန်လည်အနိုင်ယူပြမှာပါ။ ဒီနေ့ညမှာတော့ ကျွန်တော်တို့ဟာ သာမန်စွမ်းဆောင်ရည်ပဲရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပိုကောင်းနိုင်တယ်ဆိုတာကို သိပါတယ်။ ကံကောင်းတာက ကျွန်တော်တို့မှာ ပြန်လည်ပြင်ဆင်နိုင်မယ့် ဒုတိယအကျော့ရှိနေတာပါပဲ”လို့ ပွဲအပြီးမှာ ရောဘတ်ဆန်က ပြောကြားခဲ့တာပါ။
[Zawgyi]
အလြန္အကၽြံေအာင္ပြဲခံတဲ့ အက္သလက္တီကိုကို သတိေပးလိုက္တဲ့ ေရာဘတ္ဆန္
လီဗာပူးေနာက္ခံလူေရာဘတ္ဆန္ဟာ ပြဲအၿပီးမွာ အလြန္အကၽြံေအာင္ပြဲခံခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ၿပိဳင္ဘက္ အက္သလက္တီကိုအသင္းကို သတိေပးလုိက္ၿပီး ဒုတိယအေက်ာ့မွာ ျပန္လည္အႏိုင္ယူျပမယ္လုိ႔ ႀကဳံး၀ါးလိုက္ပါတယ္။ အက္သလက္တီကိုဟာ အဲဒီပြဲမွာ ကြင္းလယ္လူေဆာလ္နီဂြက္ဇ္သြင္းတဲ့ တစ္လုံးတည္းေသာသြင္းဂိုးနဲ႔ လက္ရွိခ်န္ပီယံအသင္းကို အႏုိင္ယူခဲ့တာျဖစ္္ပါတယ္။
လီဗာပူးဟာ အဲဒီပြဲမွာ အိမ္ရွင္အသင္းကို ေဘာလံုးပိုင္ဆိုင္မႈအသာနဲ႔ စိုးမိုးကစားႏုိင္ခဲ့ေပမယ့္ ပိတ္ဆုိ႔ကစားတဲ့အက္သလက္္တီကိုခံစစ္ကို မေက်ာ္ႏိုင္ခဲ့ဘဲ တစ္ပြဲလုံးမွာ ဂိုးေပါက္တည့္ကန္ခ်က္တစ္ခ်က္မွေတာင္ မရွိခဲ့တာပါ။ လီဗာပူးလို လက္ရွိကမာၻ႔ခ်န္ပီယံနဲ႔ ဥေရာပခ်န္ပီယံအသင္းကို အႏိုင္ရလုိက္တဲ့အတြက္ အက္သလက္တီကိုနည္းျပဆီျမြန္နီနဲ႔ သူ႔ကစားသမားေတြဟာ အေတာ္ေလးကို၀မ္းေျမာက္သြားၾကၿပီး ပြဲအၿပီးမွာ ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ၾကပါတယ္။ ဒါေပမဲ့ လီဗာပူးေနာက္ခံလူေရာဘတ္ဆန္ကေတာ့ ပြဲမၿပီးေသးဘူးလို႔ ေျပာလိုက္ပါတယ္။
”သူတို႔က ေနာက္တစ္ဆင့္ကို တက္သြားတဲ့အလား ေအာင္ပြဲခံခဲ့ၾကပါတယ္။ ဒါေၾကာင့္ ဆက္ၾကည့္ၾကတာေပါ့။ ကၽြန္ေတာ္တို႔မွာ ရက္သတၱပတ္ ၂ ပတ္အခ်ိန္ရၿပီး ပရီးမီးယားလိဂ္ကိုလည္း ဂရုစိုက္ရပါမယ္။ သူတု႔ိ အန္ဖီးလ္ကို လာရဦးမွာပါ။ အဲဒီမွာ ကၽြန္ေတာတို႔နဲ႔အတူ ပရိသတ္ေတြက တု႔ံျပန္ျပမွာပါ။ အဲဒီက်ရင္ သူတို႔ကိုျပန္လည္အႏိုင္ယူျပမွာပါ။ ဒီေန႔ညမွာေတာ့ ကၽြန္ေတာ္တို႔ဟာ သာမန္စြမ္းေဆာင္ရည္ပဲရွိခဲ့ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ ပိုေကာင္းႏိုင္တယ္ဆိုတာကို သိပါတယ္။ ကံေကာင္းတာက ကၽြန္ေတာ္တို႔မွာ ျပန္လည္ျပင္ဆင္ႏိုင္မယ့္ ဒုတိယအေက်ာ့ရွိေနတာပါပဲ”လို႔ ပြဲအၿပီးမွာ ေရာဘတ္ဆန္က ေျပာၾကားခဲ့တာပါ။