အလုပ်မပြီးသေးဘူး၊ ဗိုလ်စွဲနိုင်ဖို့အာရုံစိုက်ရဦးမယ်- တူချယ်လ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်လိုက်ပေမယ့် နည်းပြ တူချယ်လ်ကတော့ သူ့ရဲ့ လုပ်ဆောင်မှုတွေ မပြီးဆုံးသေးကြောင်း၊ အဓိက ရည်မှန်းချက်ကို ဆက်လက် အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း၊ ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့က လိုအင်ဆန္ဒအမှန်ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

နည်းပြ တူချယ်လ်က “အခုနိုင်ပွဲကသိပ်ကို ဂုဏ်ယူစရာကောင်းပါတယ်။ ခြေစွမ်းတွေဟာလည်း အတော်လေး အံ့သြစရာကောင်းပါတယ်။ အခုချိန်မှာတော့ အဓိကက အာရုံစူးစိုက်မှု မပျောက်သွားဖို့နဲ့ အစ္စတန်ဘူလ်မှာ ဗိုလ်စွဲနိုင်ဖို့ပါပဲ။ အလုပ်တွေ မပြီးဆုံးသေးပါဘူး”

“ချယ်လ်ဆီးကို ရောက်တဲ့အချိန် ပထမဦးဆုံး နေ့ရက်ထဲကပဲ ကျွန်တော့်ကို များပြားတဲ့ အားပေးမှုတွေ ရရှိထားတယ်လို့ ခံစားရပါတယ်။ ဒီလို အသင်းမျိုးကို ကွင်းဘေးစည်းကနေ နည်းပြခွင့် ရတဲ့အတွက်လည်း ကျေးဇူးအများကြီး တင်မိပါတယ်” လို့ပြောထားပါတယ်။

ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ဖိုင်နယ်အဆင့်မှာတော့ နိုင်ငံတူ ပြိုင်ဘက် ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး အဲဒီ ပွဲစဉ်ဟာ ၂၀၁၈ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ်အဖြစ် အင်္ဂလန်အသင်း နှစ်သင်း ရင်ဆိုင် ကစားမယ့် ချန်ပီယံလိဂ်ဖိုင်နယ်လည်း ဖြစ်လာပါတယ်။

အခုဆိုရင်တော့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်လ်ဟာ ချန်ပီယံလိဂ် ဖိုင်နယ်အဆင့်ကို မတူညီတဲ့ အသင်းနှစ်သင်းနဲ့ ၂နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တဲ့ ပထမဦးဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အလုပ္မၿပီးေသးဘူး၊ ဗိုလ္စြဲႏိုင္ဖို႔အာရုံစိုက္ရဦးမယ္- တူခ်ယ္လ္

ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ ပြဲစဥ္မွာေတာ့ ခ်ယ္လ္ဆီးအသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းကို ၂-၀ ဆိုတဲ့ ရလဒ္နဲ႔ အနိုင္ရရွိကာ ႏွစ္ေက်ာ့ေပါင္းရလဒ္ ၃-၁ ဆိုတဲ့ ရလဒ္နဲ႔ ဖိုင္နယ္အဆင့္ကို တက္လွမ္းနိုင္ခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ဖိုင္နယ္ကို တက္ေရာက္နိုင္လိုက္ေပမယ့္ နည္းျပ တူခ်ယ္လ္ကေတာ့ သူ႔ရဲ့ လုပ္ေဆာင္မွုေတြ မၿပီးဆုံးေသးေၾကာင္း၊ အဓိက ရည္မွန္းခ်က္ကို ဆက္လက္ အေကာင္အထည္ေဖာ္သြားမွာျဖစ္ေၾကာင္း၊ ခ်န္ပီယံလိဂ္ဖလားႀကီးကို ကိုင္ေျမႇာက္နိုင္ဖို့က လိုအင္ဆႏၵအမွန္ျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။

နည္းျပ တူခ်ယ္လ္က “အခုႏိုင္ပြဲကသိပ္ကို ဂုဏ္ယူစရာေကာင္းပါတယ္။ ေျခစြမ္းေတြဟာလည္း အေတာ္ေလး အံ့ၾသစရာေကာင္းပါတယ္။ အခုခ်ိန္မွာေတာ့ အဓိကက အာ႐ုံစူးစိုက္မွု မေပ်ာက္သြားဖို့နဲ႔ အစၥတန္ဘူလ္မွာ ဗိုလ္စြဲနိုင္ဖို့ပါပဲ။ အလုပ္ေတြ မၿပီးဆုံးေသးပါဘူး”

“ခ်ယ္လ္ဆီးကို ေရာက္တဲ့အခ်ိန္ ပထမဦးဆုံး ေန႔ရက္ထဲကပဲ ကၽြန္ေတာ့္ကို မ်ားျပားတဲ့ အားေပးမွုေတြ ရရွိထားတယ္လို့ ခံစားရပါတယ္။ ဒီလို အသင္းမ်ိဳးကို ကြင္းေဘးစည္းကေန နည္းျပခြင့္ ရတဲ့အတြက္လည္း ေက်းဇူးအမ်ားႀကီး တင္မိပါတယ္” လို႔ေျပာထားပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္ ဖိုင္နယ္အဆင့္မွာေတာ့ နိုင္ငံတူ ၿပိဳင္ဘက္ ျဖစ္တဲ့ မန္စီးတီးအသင္းနဲ႔ ရင္ဆိုင္ ကစားရမွာ ျဖစ္ၿပီး အဲဒီ ပြဲစဥ္ဟာ ၂၀၁၈ခုႏွစ္ ေနာက္ပိုင္း ပထမဦးဆုံး အႀကိမ္အျဖစ္ အဂၤလန္အသင္း ႏွစ္သင္း ရင္ဆိုင္ ကစားမယ့္ ခ်န္ပီယံလိဂ္ဖိုင္နယ္လည္း ျဖစ္လာပါတယ္။

အခုဆိုရင္ေတာ့ ခ်ယ္လ္ဆီးအသင္းရဲ့ နည္းျပျဖစ္သူ တူခ်ယ္လ္ဟာ ခ်န္ပီယံလိဂ္ ဖိုင္နယ္အဆင့္ကို မတူညီတဲ့ အသင္းႏွစ္သင္းနဲ႔ ၂ႏွစ္ဆက္တိုက္ တက္ေရာက္နိုင္ခဲ့တဲ့ ပထမဦးဆုံး နည္းျပအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။