
Viber No => 09 969 710 910
#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne
ရော်နယ်ဒို ဟာ မနေ့ညက ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့ အိုင်ယာလန်အသင်းတို့ယှဉ်ပြိုင်ကြတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အုပ်စု A) ပွဲစဉ်မှာ ဝင်ရောက် ကစားရင်း ဘောလုံးသမိုင်းကြောင်း တလျှောက်
နိုင်ငံ့လက်ရွေးစင် ကစားသမားတွေထဲမှာ သွင်းဂိုး (၁၁၁)ဂိုးနဲ့ သွင်းဂိုး အများဆုံး သွင်းယူနိုင်တဲ့ ကစားသမား အဖြစ် မှတ်တမ်းသစ် ရေးထိုးသွားနိုင်ခဲ့ပါတယ်။
ယူရို ၂၀၂၀ပြိုင်ပွဲမှာတုန်းက ပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံးဆုကိုရရှိခဲ့တဲ့ ရော်နယ်ဒိုဟာ အိုင်ယာလန်အသင်းနဲ့ပွဲမတိုင်ခင်အထိ နိုင်ငံလက်ရွေးစင် သွင်းဂိုး (၁၀၉)ဂိုးရရှိခဲံပြီး ယခင် စံချိန်ရှင်ဟောင်း အီရန် လက်ရွေးစင် ကစားသမားဟောင်းကြီး ဖြစ်သူ အလီဒါယီ နဲ့ ပူးတွဲ ရပ်တည်နေခဲ့ပါတယ်။
အိုင်ယာလန် အသင်းနဲ့ ကစားတဲ့ ပွဲမှာတော့ ခေါင်းတိုက်သွင်းဂိုး(၂)ဂိုး သွင်းယူခဲ့ပြီး စံချိန်သစ် တင်ခဲ့ပါတယ်။
ပေါ်တူဂီအသင်းကို အဝေးကွင်းမှာ လာရောက် ကစားခဲ့တဲ့ အိုင်ယာလန် အသင်းဟာ မထင်မှတ်ထားလောက်အောင်ကို ကောင်းမွန်တဲ့ ခြေစွမ်းတွေပြသခဲ့သလို အိမ်ရှင် ပေါ်တူဂီအသင်းကိုလည်း ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ပွဲအစ (၁၅) မိနစ် မှာ ဘရူနိုကြောင့်ရရှိခဲ့တဲ့ ပင်နယ်တီကို ရော်နယ်ဒိုက ဂိုးသမားရဲ့ ညာဘက်ထောင့် ကို ကန်သွင်းခဲ့ပေမယ့်သူ့ရဲ့ ကန်ချက် ကို အိုင်ယာလန် ဂိုးသမား က ပုတ်ထုတ် ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုအတွက်တော့ စောစောစီးစီး စံချိန်သစ် ရေးထိုးနိုင်မယ့် အခွင့်အရေး နဲ့ လွဲချော်ခဲ့ရတာပေါ့။
ဒါပေမယ့် ပွဲပြီးခါနီး (၈၉)မိနစ်နဲ့ နာကျင်အချိန်ပို (၉၀+၆)မိနစ်တို့မှာတော့ ဖြတ်တင်ဘောတွေ ကနေ တဆင့် ခေါင်းတိုက်ဂိုး (၂) ဂိုး ဆက် တိုက်သွင်းယူရင်း ပေါ်တူဂီအသင်းအတွက် နိုင်ပွဲကို ရအောင် ရှာဖွေပေးနိုင်ခဲ့ပါတယ်။
သူဟာ လက်ရွေးစင် ကစားသမား ဘဝမှာ ပွဲပေါင်း (၁၈၀) ပွဲ အထိ ပါဝင် ကစားပေးထားပြီး သွင်းဂိုး (၁၁၁) ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်လာပါတယ်။ ဒီစံချိန်ဟာ သူနဲ့ ပေါ်တူဂီနိုင်ငံအသင်းအတွက်တော့ ဂုဏ်ယူစရာ မှတ်တမ်းကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။
မကြာသေးခင်က ယူနိုက်တက်အသင်းဆီကို တစ်ကျော့ပြန်ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒိုအတွက် တော့ ယူနိုက်တက် ပရိသတ်တွေအနေနဲက ဂုဏ်ယူစရာ မှတ်တမ်းတစ်ခုကို လည်းရရှိခဲ့ပါတယ်။
ပွဲအပြီးမှာ ပေါ်တူဂီ တိုက်စစ်မှုးကြီး က “ အရမ်းပျော်ပါတယ် … စံချိန်သစ် တင်နိုင်ခဲ့လို့ပဲ မဟုတ်ပါဘူး ၊ ကွင်းထဲမှာ ဖန်တီးခဲ့ရတဲ့ အခိုက်အတန့်တွေကြောင့် ပိုပြီး ပျော်မိတာပါ။
ပွဲပြီးတော့ သွင်းဂိုး (၂) ဂိုး သွင်းယူနိုင်ခဲ့တယ် ဆိုတာ တသင်းလုံးက ယုံကြည်မှု အပြည့်နဲ့ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင် ကစားပေးခဲ့ကြလို့ပါ။ အဲဒီ အတွက် ကစားဖော်တွေရဲ့ ကြိုးစား အားထုတ်မှုကို အသိအမှတ်ပြု ရမှာ ဖြစ်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။
အိုင်ယာလန်အသင်းနဲ့ ပြိုင်ပွဲမစတင်မီက ယူအီအက်ဖ်အေက သူ့ကို ယူရို (၂၀၂၀) ပြိုင်ပွဲမှာ ပြိုင်ပွဲ တလျှောက် ဂိုးအများဆုံး သွင်းထားသူ ဆု တံဆိပ်ကိုလာရောက် ပေးအပ်ခဲ့ပါသေးတယ်။
တကယ်တော့ ရိုနာဒို ဟာ ဘောလုံးသမိုင်းကြောင်း တလျှောက် နိုင်ငံ့လက်ရွေးစင် အသင်းအတွက် ဂိုးအများဆုံး သွင်းပေးထားတဲ့ ကစားသမား ဖြစ်ရုံတင် မဟုတ်ပါဘူး သူဟာ စံချိန်အတော်များများကို ချိုးဖျက်နိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
ဘောလုံးကစားသမားတွေ အားကျရတဲံ စံချိန်မှတ်တမ်းတွေဖြစ်တဲ့ ချန်ပီယံလိဂ် သမိုင်းကြောင်း တလျှောက်သွင်းဂိုးအများဆုံးစာရင်းမှာလဲ (၁၃၄) ဂိုး နဲ့ သွင်းဂိုး အများဆုံး
စံချိန်ရှင် ကစားသမား ဖြစ်နေသလို ၊ ရီးရဲ မက်ဒရစ်အသင်းမှာလည်း သမိုင်းတလျှောက်သွင်းဂိုးအများဆုံးစံချိန်ရှင်အဖြစ် သွင်းဂိုး (၄၅၁) ဂိုး သွင်းယူထားသူ အဖြစ်နဲ့ စံချိန်တင်ခဲ့ပါတယ်။
Viber No => 09 969 710 910
#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne
zawgyi
အလီဒါယီရဲ႕ စံခ်ိန္ေဟာင္းကို ခ်ိဳးဖ်က္ခဲ့ၿပီး သြင္းဂိုး (၁၁၁)ဂိုးနဲ႕ ႏိုင္ငံ့လက္ေရြးစင္ ကစားသမားေတြထဲမွာ သြင္းဂိုးအမ်ားဆံုးသူျဖစ္လာတဲ့ စီေရာ္နယ္ဒို
ေရာ္နယ္ဒို ဟာ မေန႔ညက ေပၚတူဂီ လက္ေ႐ြးစင္ အသင္းနဲ႕ အိုင္ယာလန္အသင္းတို႕ယွဥ္ျပိဳင္ၾကတဲ့ ကမာၻ႔ဖလား ေျခစစ္ပြဲ (အုပ္စု A) ပြဲစဥ္မွာ ဝင္ေရာက္ ကစားရင္း ေဘာလုံးသမိုင္းေၾကာင္း တေလွ်ာက္ ႏိုင္ငံ့လက္ေ႐ြးစင္ ကစားသမားေတြထဲမွာ သြင္းဂိုး (၁၁၁)ဂိုးနဲ႕ သြင္းဂိုး အမ်ားဆုံး သြင္းယူႏိုင္တဲ့ ကစားသမား အျဖစ္ မွတ္တမ္းသစ္ ေရးထိုးသြားႏိုင္ခဲ့ပါတယ္။
ယူရို ၂၀၂၀ျပိဳင္ပြဲမွာတုန္းက ျပိဳင္ပြဲတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆံုးဆုကိုရရွိခဲ့တဲ့ ေရာ္နယ္ဒိုဟာ အိုင္ယာလန္အသင္းနဲ႕ပြဲမတိုင္ခင္အထိ ႏိုင္ငံလက္ေရြးစင္ သြင္းဂိုး (၁၀၉)ဂိုးရရွိခဲံၿပီး ယခင္ စံခ်ိန္ရွင္ေဟာင္း အီရန္ လက္ေ႐ြးစင္ ကစားသမားေဟာင္းႀကီး ျဖစ္သူ အလီဒါယီ နဲ႔ ပူးတြဲ ရပ္တည္ေနခဲ့ပါတယ္။ အိုင္ယာလန္ အသင္းနဲ႔ ကစားတဲ့ ပြဲမွာေတာ့ ေခါင္းတိုက္သြင္းဂိုး(၂)ဂိုး သြင္းယူခဲ့ၿပီး စံခ်ိန္သစ္ တင္ခဲ့ပါတယ္။
ေပၚတူဂီအသင္းကို အေဝးကြင္းမွာ လာေရာက္ ကစားခဲ့တဲ့ အိုင္ယာလန္ အသင္းဟာ မထင္မွတ္ထားေလာက္ေအာင္ကို ေကာင္းမြန္တဲ့ ေျခစြမ္းေတြျပသခဲ့သလို အိမ္ရွင္ ေပၚတူဂီအသင္းကိုလည္း ဦးေဆာင္ဂိုး သြင္းယူခဲ့ၿပီး ပြဲကို ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ပြဲအစ (၁၅) မိနစ္ မွာ ဘရူႏိုေၾကာင့္ရရွိခဲ့တဲ့ ပင္နယ္တီကို ေရာ္နယ္ဒိုက ဂိုးသမားရဲ႕ ညာဘက္ေထာင့္ ကို ကန္သြင္းခဲ့ေပမယ့္သူ႔ရဲ႕ ကန္ခ်က္ ကို အိုင္ယာလန္ ဂိုးသမား က ပုတ္ထုတ္ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။ ေရာ္နယ္ဒိုအတြက္ေတာ့ ေစာေစာစီးစီး စံခ်ိန္သစ္ ေရးထိုးႏိုင္မယ့္ အခြင့္အေရး နဲ႔ လြဲေခ်ာ္ခဲ့ရတာေပါ့။
ဒါေပမယ့္ ပြဲၿပီးခါနီး (၈၉)မိနစ္နဲ႕ နာက်င္အခ်ိန္ပို (၉၀+၆)မိနစ္တို႕မွာေတာ့ ျဖတ္တင္ေဘာေတြ ကေန တဆင့္ ေခါင္းတိုက္ဂိုး (၂) ဂိုး ဆက္ တိုက္သြင္းယူရင္း ေပၚတူဂီအသင္းအတြက္ ႏိုင္ပြဲကို ရေအာင္ ရွာေဖြေပးႏိုင္ခဲ့ပါတယ္။
သူဟာ လက္ေ႐ြးစင္ ကစားသမား ဘဝမွာ ပြဲေပါင္း (၁၈၀) ပြဲ အထိ ပါဝင္ ကစားေပးထားၿပီး သြင္းဂိုး (၁၁၁) ဂိုး အထိ ရွိလာခဲ့ၿပီ ျဖစ္လာပါတယ္။ ဒီစံခ်ိန္ဟာ သူနဲ႕ ေပၚတူဂီႏိုင္ငံအသင္းအတြက္ေတာ့ ဂုဏ္ယူစရာ မွတ္တမ္းေကာင္းတစ္ခုျဖစ္လာခဲ့ပါတယ္။
မၾကာေသးခင္က ယူႏိုက္တက္အသင္းဆီကို တစ္ေက်ာ့ျပန္ေရာက္ရွိလာခဲ့တဲ့ ေရာ္နယ္ဒိုအတြက္ ေတာ့ ယူႏိုက္တက္ ပရိသတ္ေတြအေနနဲက ဂုဏ္ယူစရာ မွတ္တမ္းတစ္ခုကို လည္းရရွိခဲ့ပါတယ္။ ပြဲအၿပီးမွာ ေပၚတူဂီ တိုက္စစ္မႈးႀကီး က “ အရမ္းေပ်ာ္ပါတယ္ … စံခ်ိန္သစ္ တင္ႏိုင္ခဲ့လို႔ပဲ မဟုတ္ပါဘူး ၊ ကြင္းထဲမွာ ဖန္တီးခဲ့ရတဲ့ အခိုက္အတန႔္ေတြေၾကာင့္ ပိုၿပီး ေပ်ာ္မိတာပါ။
ပြဲၿပီးေတာ့ သြင္းဂိုး (၂) ဂိုး သြင္းယူႏိုင္ခဲ့တယ္ ဆိုတာ တသင္းလုံးက ယုံၾကည္မႈ အျပည့္နဲ႔ ေနာက္ဆုံးအခ်ိန္ထိ တိုက္ပြဲဝင္ ကစားေပးခဲ့ၾကလို႔ပါ။ အဲဒီ အတြက္ ကစားေဖာ္ေတြရဲ႕ ၾကိဳးစား အားထုတ္မႈကို အသိအမွတ္ျပဳ ရမွာ ျဖစ္ပါတယ္” လို႔ ေျပာဆိုသြားခဲ့ ပါတယ္။
အိုင္ယာလန္အသင္းနဲ႕ ျပိဳင္ပြဲမစတင္မီက ယူအီအက္ဖ္ေအက သူ႕ကို ယူရို (၂၀၂၀) ျပိဳင္ပြဲမွာ ၿပိဳင္ပြဲ တေလွ်ာက္ ဂိုးအမ်ားဆုံး သြင္းထားသူ ဆု တံဆိပ္ကိုလာေရာက္ ေပးအပ္ခဲ့ပါေသးတယ္။ တကယ္ေတာ့ ႐ိုနာဒို ဟာ ေဘာလုံးသမိုင္းေၾကာင္း တေလွ်ာက္ ႏိုင္ငံ့လက္ေ႐ြးစင္ အသင္းအတြက္ ဂိုးအမ်ားဆုံး သြင္းေပးထားတဲ့ ကစားသမား ျဖစ္႐ုံတင္ မဟုတ္ပါဘူး သူဟာ စံခ်ိန္အေတာ္မ်ားမ်ားကို ခ်ိဳးဖ်က္ႏိုင္ခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။
ေဘာလံုးကစားသမားေတြ အားက်ရတဲံ စံခ်ိန္မွတ္တမ္းေတြျဖစ္တဲ့ ခ်န္ပီယံလိဂ္ သမိုင္းေၾကာင္း တေလွ်ာက္သြင္းဂိုးအမ်ားဆံုးစာရင္းမွာလဲ (၁၃၄) ဂိုး နဲ႔ သြင္းဂိုး အမ်ားဆုံး စံခ်ိန္ရွင္ ကစားသမား ျဖစ္ေနသလို ၊ ရီးရဲ မက္ဒရစ္အသင္းမွာလည္း သမိုင္းတေလွ်ာက္သြင္းဂိုးအမ်ားဆံုးစံခ်ိန္ရွင္အျဖစ္ သြင္းဂိုး (၄၅၁) ဂိုး သြင္းယူထားသူ အျဖစ္နဲ႔ စံခ်ိန္တင္ခဲ့ပါတယ္။