အလီဒါယီရဲ့မှတ်တမ်းကိုမီခါနီးမှာ သွင်းဂိုးတွေတန့်သွားပြီး ၂ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့တဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသက် ၃၀ ကျော်နောက်ပိုင်းမှာ ကလပ်အသင်းနဲ့ နိုင်ငံလက်ရွေးစင်အသင်း အတွက် ဂိုးတွေပိုသွင်းလာနိုင်ခဲ့ပြီး မအိုသေးတဲ့ခြေစွမ်းပြခဲ့တဲ့ စီရော်နယ်ဒိုဟာ ပြင်သစ်၊ ခရိုအေးရှားတို့နဲ့ပွဲတွေမှာတော့ ဂိုးပေါက်ပြန်ပျောက်သွားခဲ့ပါတယ်။

ပြီး ခဲ့တဲ့ အန်ဒိုရာနဲ့ပွဲမှာ ဒုတိယပိုင်းအစလူစားဝင်လာခဲ့ပြီး တစ်ဂိုးသွင်းနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ နိုင်ငံအသင်းအတွက် ဂိုးသွင်းအများဆုံးတိုက်စစ်မှူးဖြစ်တဲ့ အီရန် တိုက်စစ်မှူးဟောင်း အလီဒါယီရဲ့ ၁၀၉ ဂိုးစံချိန်ကိုမီဖို့ ၇ ဂိုးပဲလိုတော့တာပါ။

လောလောဆယ်မှာ ၁၀၂ ဂိုးအထိရထားပြီး ကစားသမားဘဝက အနားမယူခင် အလီဒါယီရဲ့စံချိန်ကိုချိုးဖို့ကြိုးစားနေတဲ့ စီရော်နယ်ဒိုအတွက် သွင်းဂိုးတွေရပ်တန့် သွားတာ စိတ်မသက်သာစရာပါပဲ။ ပြင်သစ်နဲ့ ခရိုအေးရှားတို့နဲ့ပွဲတွေမှာ စီရော်နယ်ဒိုဟာ ပွဲချိန်ပြည့်ကစားသွားခဲ့တာဖြစ်ပြီး အန်ဒိုရာနဲ့ပွဲတုန်းက တစ်ပိုင်းပဲ ကစားခဲ့ရတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လက်ရှိစံချိန်ရှင် အလီဒါယီက သူ့အနေနဲ့ စီရော်နယ်ဒိုသာ ဂိုးအများဆုံးသွင်းသူဖြစ်လာခဲ့ရင် ဒါမှမဟုတ် သူ့ရဲ့စံချိန်ကို လိုက်မီသွားခဲ့ရင်လည်း ဝမ်းပန်းတသာဂုဏ်ပြုသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ အီရန်တိုက်စစ်မှူး အလီဒါယီဟာ ၁၉၉၃ ကနေ ၂၀၀၆ ခုနှစ် အတွင်း ၁၃ နှစ်တာကာလမှာ နိုင်ငံလက်ရွေးစင်အသင်းအတွက် ၁၄၉ ပွဲကစား ပေးခဲ့ပြီး ၁၀၉ ဂိုး သွင်းယူပေးနိုင်ခဲ့တာပါ။

စီရော်နယ်ဒိုက လက်ရှိအချိန်မှာ ၁၇၁ ပွဲကစားပေးထားပြီး ၁၀၂ ဂိုး သွင်းပေးထားတာလည်း ဖြစ်ပါတယ်။ စီရော်နယ်ဒို အတွက် ပေါ်တူဂီအသင်းနဲ့အတူ ယူအီးအက်ဖ်အေနေးရှင်းလိဂ် မနွှဲရတော့ပေ မယ့်လည်း ယူရို ၂၀၂၀ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရဖို့ ရှိနေသေးတဲ့အတွက် အလီဒါယီရဲ့စံချိန်မှတ်တမ်းကို ကျော်ဖြတ်သွားနိုင်ဖို့ မျှော် လင့်ချက်တွေရှိနေပါသေးတယ်။

စီရော်နယ်ဒိုဟာ ဥရောပအနေအထားအရတော့ သူ့လောက် နိုင်ငံအသင်းအတွက် ဂိုးသွင်းပေးနိုင်တဲ့သူမရှိဘဲ ဂိုးအများဆုံးသွင်း ထားတဲ့သူဖြစ်နေပါတယ်။

ဟန်ဂေရီအသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးဖြစ်ပြီး တစ်နှစ်တာအတွင်း အကောင်းဆုံးသွင်းဂိုးဆုကို နာမည်ပေးဂုဏ်ပြုထားတဲ့ ဟန်ဂေရီတိုက်စစ်မှူးဟောင်း ပွတ်ရှ်ကက်ဟာ လက်ရွေးစင်အသင်းအတွက် ၈၄ ဂိုးသာသွင်းနိုင်ခဲ့ပြီး စီရော်နယ်ဒိုမတိုင်ခင်ကတော့ ဥရောပရဲ့လက်ရွေးစင်ဂိုးသွင်း အများဆုံးသူဖြစ်နေခဲ့တာပါ။

စီရော်နယ်ဒိုအနေနဲ့ ဒီနှစ်အတွင်းမှာတော့ လက်ရွေး စင်အသင်းအတွက် ပွဲသိပ်မရှိတော့ဘဲ ဂျူဗင်တပ်အသင်းအတွက်ပဲ အာရုံစိုက် ဂိုးသွင်းနိုင်ဖို့ ကြိုးစားရတော့မှာပါ။

ဒီနေ့ပွဲစဉ်မှာတော့ ပေါ်တူဂီအသင်းဘက်ကဂိုးတွေကို မန်စီးတီးအသင်းရဲ့နောက်တန်းကစားသမား ရူဘင်ဒီယက်ဇ်က ၅၂မိနစ်နဲ့ မိနစ် ၉၀မှာ ပေါ်တူဂီအသင်းအတွက် အနိုင်ဂိုးကို သွင်းယူခဲ့ပြီး ဂျာအိုဖီလစ်က မိနစ်၆၀မှာသွင်းယူခဲ့ပါတယ်။ ခရိုအေးရှားအသင်းအတွက်ဂိုးတွေကိုတော့ မက်တီရို ကိုဗာစစ်တစ်ဦးတည်းကပဲ ၂၉မိနစ်မှာဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ၆၅မိနစ်မှာခရိုအေးရှားအသင်းအတွက် ဒုတိယဂိုးကိုသွင်းယူခဲ့ပါတယ်။ ပွဲအပြီးမှာ ပေါ်တူဂီအသင်းက ၄ပွဲနိုင်၁ပွဲသရေ၁ပွဲရှုံးပြီး အုပ်စုဒုတိယရရှိခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အလီဒါယီရဲ႕မွတ္တမ္းကိုမီခါနီးမွာ သြင္းဂိုးေတြတန႔္သြားၿပီး ၂ ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ခဲ့တဲ့ စီေရာ္နယ္ဒို

အသက္ ၃၀ ေက်ာ္ေနာက္ပိုင္းမွာ ကလပ္အသင္းနဲ႔ ႏိုင္ငံလက္ေ႐ြးစင္အသင္း အတြက္ ဂိုးေတြပိုသြင္းလာႏိုင္ခဲ့ၿပီး မအိုေသးတဲ့ေျခစြမ္းျပခဲ့တဲ့ စီေရာ္နယ္ဒိုဟာ ျပင္သစ္၊ ခ႐ိုေအးရွားတို႔နဲ႔ပြဲေတြမွာေတာ့ ဂိုးေပါက္ျပန္ေပ်ာက္သြားခဲ့ပါတယ္။

ၿပီး ခဲ့တဲ့ အန္ဒိုရာနဲ႔ပြဲမွာ ဒုတိယပိုင္းအစလူစားဝင္လာခဲ့ၿပီး တစ္ဂိုးသြင္းႏိုင္ခဲ့တဲ့ စီေရာ္နယ္ဒိုဟာ ႏိုင္ငံအသင္းအတြက္ ဂိုးသြင္းအမ်ားဆုံးတိုက္စစ္မႉးျဖစ္တဲ့ အီရန္ တိုက္စစ္မႉးေဟာင္း အလီဒါယီရဲ႕ ၁၀၉ ဂိုးစံခ်ိန္ကိုမီဖို႔ ၇ ဂိုးပဲလိုေတာ့တာပါ။

ေလာေလာဆယ္မွာ ၁၀၂ ဂိုးအထိရထားၿပီး ကစားသမားဘဝက အနားမယူခင္ အလီဒါယီရဲ႕စံခ်ိန္ကိုခ်ိဳးဖို႔ႀကိဳးစားေနတဲ့ စီေရာ္နယ္ဒိုအတြက္ သြင္းဂိုးေတြရပ္တန႔္ သြားတာ စိတ္မသက္သာစရာပါပဲ။ ျပင္သစ္နဲ႔ ခ႐ိုေအးရွားတို႔နဲ႔ပြဲေတြမွာ စီေရာ္နယ္ဒိုဟာ ပြဲခ်ိန္ျပည့္ကစားသြားခဲ့တာျဖစ္ၿပီး အန္ဒိုရာနဲ႔ပြဲတုန္းက တစ္ပိုင္းပဲ ကစားခဲ့ရတာပါ။

ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ လက္ရွိစံခ်ိန္ရွင္ အလီဒါယီက သူ႔အေနနဲ႔ စီေရာ္နယ္ဒိုသာ ဂိုးအမ်ားဆုံးသြင္းသူျဖစ္လာခဲ့ရင္ ဒါမွမဟုတ္ သူ႔ရဲ႕စံခ်ိန္ကို လိုက္မီသြားခဲ့ရင္လည္း ဝမ္းပန္းတသာဂုဏ္ျပဳသြားမွာျဖစ္တယ္ဆိုတဲ့အေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အီရန္တိုက္စစ္မႉး အလီဒါယီဟာ ၁၉၉၃ ကေန ၂၀၀၆ ခုႏွစ္ အတြင္း ၁၃ ႏွစ္တာကာလမွာ ႏိုင္ငံလက္ေ႐ြးစင္အသင္းအတြက္ ၁၄၉ ပြဲကစား ေပးခဲ့ၿပီး ၁၀၉ ဂိုး သြင္းယူေပးႏိုင္ခဲ့တာပါ။

စီေရာ္နယ္ဒိုက လက္ရွိအခ်ိန္မွာ ၁၇၁ ပြဲကစားေပးထားၿပီး ၁၀၂ ဂိုး သြင္းေပးထားတာလည္း ျဖစ္ပါတယ္။ စီေရာ္နယ္ဒို အတြက္ ေပၚတူဂီအသင္းနဲ႔အတူ ယူအီးအက္ဖ္ေအေနးရွင္းလိဂ္ မႏႊဲရေတာ့ေပ မယ့္လည္း ယူ႐ို ၂၀၂၀ နဲ႔ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္ေတြ ယွဥ္ၿပိဳင္ကစားရဖို႔ ရွိေနေသးတဲ့အတြက္ အလီဒါယီရဲ႕စံခ်ိန္မွတ္တမ္းကို ေက်ာ္ျဖတ္သြားႏိုင္ဖို႔ ေမွ်ာ္ လင့္ခ်က္ေတြရွိေနပါေသးတယ္။

စီေရာ္နယ္ဒိုဟာ ဥေရာပအေနအထားအရေတာ့ သူ႔ေလာက္ ႏိုင္ငံအသင္းအတြက္ ဂိုးသြင္းေပးႏိုင္တဲ့သူမရွိဘဲ ဂိုးအမ်ားဆုံးသြင္း ထားတဲ့သူျဖစ္ေနပါတယ္။

ဟန္ေဂရီအသင္းရဲ႕ ဂႏၴဝင္တိုက္စစ္မႉးျဖစ္ၿပီး တစ္ႏွစ္တာအတြင္း အေကာင္းဆုံးသြင္းဂိုးဆုကို နာမည္ေပးဂုဏ္ျပဳထားတဲ့ ဟန္ေဂရီတိုက္စစ္မႉးေဟာင္း ပြတ္ရွ္ကက္ဟာ လက္ေ႐ြးစင္အသင္းအတြက္ ၈၄ ဂိုးသာသြင္းႏိုင္ခဲ့ၿပီး စီေရာ္နယ္ဒိုမတိုင္ခင္ကေတာ့ ဥေရာပရဲ႕လက္ေ႐ြးစင္ဂိုးသြင္း အမ်ားဆုံးသူျဖစ္ေနခဲ့တာပါ။

စီေရာ္နယ္ဒိုအေနနဲ႔ ဒီႏွစ္အတြင္းမွာေတာ့ လက္ေ႐ြး စင္အသင္းအတြက္ ပြဲသိပ္မရွိေတာ့ဘဲ ဂ်ဴဗင္တပ္အသင္းအတြက္ပဲ အာ႐ုံစိုက္ ဂိုးသြင္းႏိုင္ဖို႔ ႀကိဳးစားရေတာ့မွာပါ။

ဒီေန႕ပြဲစဥ္မွာေတာ့ ေပၚတူဂီအသင္းဘက္ကဂိုးေတြကို မန္စီးတီးအသင္းရဲ႕ေနာက္တန္းကစားသမား ႐ူဘင္ဒီယက္ဇ္က ၅၂မိနစ္နဲ႕ မိနစ္ ၉၀မွာ ေပၚတူဂီအသင္းအတြက္ အႏိုင္ဂိုးကို သြင္းယူခဲ့ၿပီး ဂ်ာအိုဖီလစ္က မိနစ္၆၀မွာသြင္းယူခဲ့ပါတယ္။ ခရိုေအးရွားအသင္းအတြက္ဂိုးေတြကိုေတာ့ မက္တီရို ကိုဗာစစ္တစ္ဦးတည္းကပဲ ၂၉မိနစ္မွာဦးေဆာင္ဂိုးသြင္းယူခဲ့ၿပီး ၆၅မိနစ္မွာခရိုေအးရွားအသင္းအတြက္ ဒုတိယဂိုးကိုသြင္းယူခဲ့ပါတယ္။ ပြဲအၿပီးမွာ ေပၚတူဂီအသင္းက ၄ပြဲႏိုင္၁ပြဲသေရ၁ပြဲရႈံးၿပီး အုပ္စုဒုတိယရရွိခဲ့ပါတယ္။