အလာဘာကို ခေါ်ယူနိုင်ခဲ့တဲ့ ရီးရဲမက်ဒရစ်အသင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲမက်ဒရစ်အနေနဲ့ လာမယ့် နွေရာသီမှာ အလာဘာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း စပိန်သတင်းစာမာကာအရ သိရပါတယ်။ နောက်ခံကစားသမားဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဇွန်လ ( ၃၀ ) ရက်နေ့မှာ စပိန်အသင်းကြီး ရီးရဲမက်ဒရစ်နဲ့ ပူးပေါင်းသွားမယ်လို့ သိရပါတယ်။

အလာဘာက ရီးရဲမက်ဒရစ်အသင်းနဲ့ ( ၄ ) နှစ် စာချုပ် ပြောင်းရွေ့ဖို့ သဘောတူညီခဲ့ပြီး တစ်နှစ်လုပ်ခ ယူရို ( ၁၁ ) သန်း ရရှိမယ်လို့ သိရပါတယ်။

သြစတြီးယား နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ( ၁ ) ရက်နေ့ကတည်းက ကလပ်အသင်းတွေနဲ့ အပြောင်းအရွေ့ ဆွေးနွေးခွင့် ရှိနေပြီး ရီးရဲမက်ဒရစ်အသင်းက ဥရောပ ချန်ပီယံ ကစားသမားကို တုံ့ဆိုင်းနေခြင်းမရှိပဲ ချက်ချင်း ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ( ၂၈ ) နှစ်အရွယ် နောက်ခံကစားသမားဟာ ဥရောပ အသင်းကြီးတွေ ဖြစ်တဲ့ မန်စီးတီး ၊ ပီအက်စ်ဂျီ ၊ လီဗာပူး နှင့် ချဲလ်ဆီးအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။

အလာဘာက ယခင်ကတည်းက လာလီဂါ ချန်ပီယံအသင်းမှာ ကစားဖို့ ဆန္ဒရှိကြောင်း ပြောဆိုခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းမှာ ( ၁၀ ) နှစ်တာ ကစားပြီးနောက် စာချုပ်သက်တမ်းတိုးခြင်း မပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်အသင်းဟာ ပြီးခဲ့တဲ့လတွေအတွင်း စာချုပ်သက်တမ်းတိုးဖို့ အလာဘာကို သုံးကြိမ်တိုင် ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့ပဲ အသင်းဥက္ကဋ္ဌ Karl-Heinz Rummenigge က ဆွေးနွေးမှု ပြီးဆုံးသွားပြီလို့ နိုဝင်ဘာလအတွင်း ပြောကြားခဲ့ပါတယ်။

အလာဘာဟာ ပြီးခဲ့တဲ့ ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆုဖလားအားလုံး ရယူခဲ့ပြီးနောက် ရီးရဲမက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာ ဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ ကိုရိုနာဗိုင်းရပ်ကြောင့် စီးပွားရေးကျပ်တည်းမှုတွေ ရှိပေမယ့် အလွတ်ပြောင်းရွေ့နဲ့ ခေါ်ယူနိုင်ခဲ့တဲ့အတွက် အလာဘာရဲ့ မြင့်မားတဲ့ လုပ်ခလစာကို ပေးချေဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

အလာဘာဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ( ၄၀၈ ) ပွဲ ကစားပေးထားပြီး ( ၃၂ ) ဂိုး သွင်းယူကာ ( ၄၉ ) ကြိမ် ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ( ၂ ) ကြိမ် နှင့် ဘွန်ဒက်စ်လီဂါ ( ၉ ) ကြိမ် အပါအဝင် စုစုပေါင်း ဆုဖလား ( ၂၅ ) ခု ရယူနိုင်ခဲ့ပါတယ်။ Source : MARCA

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အလာဘာကို ေခၚယူႏိုင္ခဲ့တဲ့ ရီးရဲမက္ဒရစ္အသင္း

ရီးရဲမက္ဒရစ္အေနနဲ႔ လာမယ့္ ေႏြရာသီမွာ အလာဘာကို ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့ေၾကာင္း စပိန္သတင္းစာမာကာအရ သိရပါတယ္။ ေနာက္ခံကစားသမားဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမယ့္ ဇြန္လ ( ၃၀ ) ရက္ေန႔မွာ စပိန္အသင္းႀကီး ရီးရဲမက္ဒရစ္နဲ႔ ပူးေပါင္းသြားမယ္လို႔ သိရပါတယ္။ အလာဘာက ရီးရဲမက္ဒရစ္အသင္းနဲ႔ ( ၄ ) ႏွစ္ စာခ်ဳပ္ ေျပာင္းေ႐ြ႕ဖို႔ သေဘာတူညီခဲ့ၿပီး တစ္ႏွစ္လုပ္ခ ယူ႐ို ( ၁၁ ) သန္း ရရွိမယ္လို႔ သိရပါတယ္။

ၾသစႀတီးယား ေနာက္ခံကစားသမားဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီ ( ၁ ) ရက္ေန႔ကတည္းက ကလပ္အသင္းေတြနဲ႔ အေျပာင္းအေ႐ြ႕ ေဆြးေႏြးခြင့္ ရွိေနၿပီး ရီးရဲမက္ဒရစ္အသင္းက ဥေရာပ ခ်န္ပီယံ ကစားသမားကို တုံ႔ဆိုင္းေနျခင္းမရွိပဲ ခ်က္ခ်င္း ေခၚယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အသက္ ( ၂၈ ) ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ ဥေရာပ အသင္းႀကီးေတြ ျဖစ္တဲ့ မန္စီးတီး ၊ ပီအက္စ္ဂ်ီ ၊ လီဗာပူး ႏွင့္ ခ်ဲလ္ဆီးအသင္းေတြရဲ႕ စိတ္ဝင္စားမႈကို ခံခဲ့ရပါတယ္။ အလာဘာက ယခင္ကတည္းက လာလီဂါ ခ်န္ပီယံအသင္းမွာ ကစားဖို႔ ဆႏၵရွိေၾကာင္း ေျပာဆိုခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္အသင္းမွာ ( ၁၀ ) ႏွစ္တာ ကစားၿပီးေနာက္ စာခ်ဳပ္သက္တမ္းတိုးျခင္း မျပဳဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

ဘိုင္ယန္အသင္းဟာ ၿပီးခဲ့တဲ့လေတြအတြင္း စာခ်ဳပ္သက္တမ္းတိုးဖို႔ အလာဘာကို သုံးႀကိမ္တိုင္ ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေပမယ့္ ေအာင္ျမင္ျခင္းမရွိခဲ့ပဲ အသင္းဥကၠ႒ Karl-Heinz Rummenigge က ေဆြးေႏြးမႈ ၿပီးဆုံးသြားၿပီလို႔ ႏိုဝင္ဘာလအတြင္း ေျပာၾကားခဲ့ပါတယ္။ အလာဘာဟာ ၿပီးခဲ့တဲ့ ရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ဆုဖလားအားလုံး ရယူခဲ့ၿပီးေနာက္ ရီးရဲမက္ဒရစ္အသင္းရဲ႕ ကမ္းလွမ္းမႈကို လက္ခံခဲ့တာ ျဖစ္ပါတယ္။

ရီးရဲမက္ဒရစ္အသင္းဟာ ကို႐ိုနာဗိုင္းရပ္ေၾကာင့္ စီးပြားေရးက်ပ္တည္းမႈေတြ ရွိေပမယ့္ အလြတ္ေျပာင္းေ႐ြ႕နဲ႔ ေခၚယူႏိုင္ခဲ့တဲ့အတြက္ အလာဘာရဲ႕ ျမင့္မားတဲ့ လုပ္ခလစာကို ေပးေခ်ဖို႔ သေဘာတူညီခဲ့တာ ျဖစ္ပါတယ္။ အလာဘာဟာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ( ၄၀၈ ) ပြဲ ကစားေပးထားၿပီး ( ၃၂ ) ဂိုး သြင္းယူကာ ( ၄၉ ) ႀကိမ္ ဖန္တီးေပးထားပါတယ္။ ဒါ့အျပင္ ခ်န္ပီယံလိဂ္ ( ၂ ) ႀကိမ္ ႏွင့္ ဘြန္ဒက္စ္လီဂါ ( ၉ ) ႀကိမ္ အပါအဝင္ စုစုေပါင္း ဆုဖလား ( ၂၅ ) ခု ရယူႏိုင္ခဲ့ပါတယ္။ Source : MARCA