
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူရို ( ၂၀၂၀ ) ပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ သူရဲကောင်းတွေ အဖြစ်ရောက်ရှိဖို့ အနီးစပ်ဆုံး အခြေအနေ ပိုင်ဆိုင်ခဲ့ပေမယ့် ဗီလိန်အဖြစ်သာ ကျေနပ်ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ကစားသမား ( ၂ ) ဦးကတော့ လက်ရှိမှာ အားလပ်ရက် အပန်းဖြေခရီး စတင်ခဲ့ကြပြီဖြစ်ပါတယ်။
ဘိုရပ်ရှား ဒေါ့မွန်အသင်းကနေ ပေါင် ( ၇၃ ) သန်းနဲ့ အိုးထရတ်ဖို့ဒ် ပြောင်းရွေ့လာခဲ့တဲ့ ဂျေဒန် ဆန်ချိုဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ ဆေးစစ်ချက် ရယူခဲ့ပြီးနောက် အသင်းနဲ့ တရားဝင်မိတ်ဆက်ဖုိ့သာ ကျန်ရှိနေပါတော့တယ်။
မားကတ် ရက်ဖို့ဒ်ကတော့ ပြီးခဲ့တဲ့ ရာသီမှာ နိုင်ငံ နှင့် ကလပ်အသင်းအတွက် ပွဲပေါင်း ( ၆၀ ) ကျော်ကစားပေးခဲ့ပြီး ဒဏ်ရာပြဿနာတွေနဲ့အတူ ခက်ခဲတဲ့ ဘောလုံးရာသီတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။
နောက်ပြီး သူက ကာလရှည် ခံစားနေရတဲ့ ပုခုံးဒဏ်ရာကို ဇူလိုင်လ နှောင်းပိုင်းမှာ ခွဲစိတ်ဖို့စီစဥ်ထားပြီး အောက်တိုဘာလထိ အနားယူရဖွယ်ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ သူတုိ့( ၂ ) ဦးက သီးသန့်ဂျက်လေယာဥ်နဲ့အတူ အားလပ်ရက် အပန်းဖြေခရီးစဥ် စတင်ခဲ့ကြပြီး ဗီဒီယိုဖိုင်ထဲမှာ ပေျာ်ပေျာ်ရွှင်ရွှင် သီချင်းသီဆို အော်ဟစ်နေကြတာ တွေ့ရပါတယ်။
သူတို့ ( ၂ ) ဦးစလုံးက ယူရို ဗိုလ်လုပွဲမှာ အဆုံးအဖြတ် ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက် ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရကာ စိတ်ပိုင်းဆိုင်ရာ ေရာရုပ်ပိုင်းဆိုင်ရာပါ ပြန်လည်အနားယူဖို့ လိုအပ်နေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အလန်းစား အားလပ်ရက် ခရီးစဉ်ကို စတင်လိုက်တဲ့ သရဲနီနှစ်ဦး
ဘိုရပ်ရှား ဒေါ့မွန်အသင်းကနေ ပေါင် ( ၇၃ ) သန်းနဲ့ အိုးထရတ်ဖို့ဒ် ပြောင်းရွေ့လာခဲ့တဲ့ ဂျေဒန် ဆန်ချိုဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ ဆေးစစ်ချက် ရယူခဲ့ပြီးနောက် အသင်းနဲ့ တရားဝင်မိတ်ဆက်ဖို့သာ ကျန်ရှိနေပါတော့တယ်။
လက်ရှိမှာတော့ သူတို့( ၂ ) ဦးက သီးသန့်ဂျက်လေယာဉ်နဲ့အတူ အားလပ်ရက် အပန်းဖြေခရီးစဉ် စတင်ခဲ့ကြပြီး ဗီဒီယိုဖိုင်ထဲမှာ ပျော်ပျော်ရွှင်ရွှင် သီချင်းသီဆို အော်ဟစ်နေကြတာ တွေ့ရပါတယ်။ သူတို့ ( ၂ ) ဦးစလုံးက ယူရို ဗိုလ်လုပွဲမှာ အဆုံးအဖြတ် ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက် ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရကာ စိတ်ပိုင်းဆိုင်ရာ ရောရုပ်ပိုင်းဆိုင်ရာပါ ပြန်လည်အနားယူဖို့ လိုအပ်နေပါတယ်။