





ယခုနွေရာသီ အပြောင်းအရွေ့အတွင်း ဂျူးစ် ခွန်းဒေးလ် ၊ ရောဘတ်
လီဝမ်ဒေါစကီး နှင့် ရာဖင်ညာတို့ကို ခေါ်ယူထားတဲ့ ဘာစီလိုနာအသင်းဟာ





လာမယ့်နှစ်မှာပါ ယခုလို ကြီးမားတဲ့ ခေါ်ယူမှုတွေ ပြုလုပ်ဖို့
ကြိုတင်ပြင်ဆင်နေတာတွေ့ရပါတယ်။ Futbol Total သတင်းဌာနရဲ့
ဖော်ပြချက်အရ ကတ်တလန်ကလပ်ဟာ ထရန့် အလက်ဇန္ဒား အာနိုးလ်ကို





( ၂၀၂၃ ) နွေရာသီရဲ့ အဓိက ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း
သိရပါတယ်။ ဘာစီလိုနာအသင်းဟာ လီဗာပူးလ်စူပါးစတားကို နောက်ဆုံး





လိုအပ်နေတဲ့ အစိတ်အပိုင်းအဖြစ် ယူဆထားပြီး သူ့ရဲ့ နောက်ရှိလာမှုက
ဇာဗီရဲ့ ပြန်လည်တည်ဆောက်ရေး အစီအစဉ်ကို ပြီးပြည့်စုံစေလိမ့်မယ်လို့
ယုံကြည်နေပါတယ်။ အဆိုပါ သတင်းအရ ဘာစီလိုနာအသင်းဟာ





လီဗာပူးလ်အသင်းနဲ့ ( ၂၀၂၅ ) ထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့
အလက်ဇန္ဒား အာနိုးလ်အတွက် ယူရိုသန်း ( ၈၀ ) ပေးချေဖို့ အသင့်ရှိနေကြောင်း





သိရပါတယ်။ သူဟာ ဥရောပရဲ့ အကောင်းဆုံး fullbacksတွေထဲက
တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ဘာစီလိုနာအသင်းကလည်း ဒါကို
သတိထားမိပုံရပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟာ လီဗာပူးလ်အသင်းအတွက်





( ၂၂၇ ) ပွဲ ကစားပေးထားရာမှာ ( ၆၂ ) ဂိုးထိ ဖန်တီးထားနိုင်တာတွေ့ရပါတယ်။
ဒါပေမယ့် လီဗာပူးလ်ရဲ့ အပြောင်းအရွေ့ပေါ်လစီကြောင့် ဘာစီလိုနာအနေနဲ့





ညာအစွန်နောက်ခံလူကို ကမ့်နောင်းထံ ခေါ်ယူဖို့ ခက်ခဲနိုင်ပါတယ်။
ကြိုးကြာနီတို့အနေနဲ့လည်း အနည်းဆုံးတော့ ယူရိုသန်း ( ၁၀၀ ) အထက်ရဖို့
မျှော်လင့်ထားမှာ သေချာပါတယ်။ နောက်ပြီး စာချုပ်သက်တမ်းကလည်း





( ၂၀၂၅ ) ထိ ကျန်ရှိနေတာကြောင့် ဘာစီလိုနာအနေနဲ့ ဆွေးနွေးဖို့လည်း အဆင်အပြေပါဘူး။





zawgyi
အလက္ဇႏၵား အာႏိုးလ္ကို ( ၂၀၂၃ ) မွာ ေခၚယူဖို႔ ျပင္ဆင္ေနတဲ့ ဘာစီလိုနာအသင္း
ယခုေႏြရာသီ အေျပာင္းအေ႐ြ႕အတြင္း ဂ်ဴးစ္ ခြန္းေဒးလ္ ၊ ေရာဘတ္





လီဝမ္ေဒါစကီး ႏွင့္ ရာဖင္ညာတို႔ကို ေခၚယူထားတဲ့ ဘာစီလိုနာအသင္းဟာ
လာမယ့္ႏွစ္မွာပါ ယခုလို ႀကီးမားတဲ့ ေခၚယူမႈေတြ ျပဳလုပ္ဖို႔





ႀကိဳတင္ျပင္ဆင္ေနတာေတြ႕ရပါတယ္။ Futbol Total သတင္းဌာနရဲ႕
ေဖာ္ျပခ်က္အရ ကတ္တလန္ကလပ္ဟာ ထရန႔္ အလက္ဇႏၵား အာႏိုးလ္ကို
( ၂၀၂၃ ) ေႏြရာသီရဲ႕ အဓိက ဦးစားေပး ပစ္မွတ္အျဖစ္ သတ္မွတ္ထားေၾကာင္း





သိရပါတယ္။ ဘာစီလိုနာအသင္းဟာ လီဗာပူးလ္စူပါးစတားကို ေနာက္ဆုံး
လိုအပ္ေနတဲ့ အစိတ္အပိုင္းအျဖစ္ ယူဆထားၿပီး သူ႔ရဲ႕ ေနာက္ရွိလာမႈက





ဇာဗီရဲ႕ ျပန္လည္တည္ေဆာက္ေရး အစီအစဥ္ကို ၿပီးျပည့္စုံေစလိမ့္မယ္လို႔
ယုံၾကည္ေနပါတယ္။ အဆိုပါ သတင္းအရ ဘာစီလိုနာအသင္းဟာ
လီဗာပူးလ္အသင္းနဲ႔ ( ၂၀၂၅ ) ထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးတဲ့





အလက္ဇႏၵား အာႏိုးလ္အတြက္ ယူ႐ိုသန္း ( ၈၀ ) ေပးေခ်ဖို႔ အသင့္ရွိေနေၾကာင္း
သိရပါတယ္။ သူဟာ ဥေရာပရဲ႕ အေကာင္းဆုံး fullbacksေတြထဲက





တစ္ဦးအျဖစ္ သတ္မွတ္ခံထားရၿပီး ဘာစီလိုနာအသင္းကလည္း ဒါကို
သတိထားမိပုံရပါတယ္။ အဂၤလန္လက္ေ႐ြးစင္ဟာ လီဗာပူးလ္အသင္းအတြက္
( ၂၂၇ ) ပြဲ ကစားေပးထားရာမွာ ( ၆၂ ) ဂိုးထိ ဖန္တီးထားႏိုင္တာေတြ႕ရပါတယ္။





ဒါေပမယ့္ လီဗာပူးလ္ရဲ႕ အေျပာင္းအေ႐ြ႕ေပၚလစီေၾကာင့္ ဘာစီလိုနာအေနနဲ႔
ညာအစြန္ေနာက္ခံလူကို ကမ့္ေနာင္းထံ ေခၚယူဖို႔ ခက္ခဲႏိုင္ပါတယ္။





ႀကိဳးၾကာနီတို႔အေနနဲ႔လည္း အနည္းဆုံးေတာ့ ယူ႐ိုသန္း ( ၁၀၀ ) အထက္ရဖို႔
ေမွ်ာ္လင့္ထားမွာ ေသခ်ာပါတယ္။ ေနာက္ၿပီး စာခ်ဳပ္သက္တမ္းကလည္း
( ၂၀၂၅ ) ထိ က်န္ရွိေနတာေၾကာင့္ ဘာစီလိုနာအေနနဲ႔ ေဆြးေႏြးဖို႔လည္း အဆင္အေျပပါဘူး။




