အရှိန်မသေသေးတဲ့ကလပ်အသင်းအားပြိုင်မှုများလား…ဂိုမက်ဇ်နဲ့ပြဿနာဖြစ်ခဲ့တဲ့စတာလင်း မွန်တီနီဂရိုးနဲ့ပွဲအတွက် ချန်လှပ်ခံရ

Photo Credit

Photo Credit

အင်္ဂလန်အသင်းတောင်ပံတိုက်စစ်မှူး စတာလင်းဟာ လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်နောက်ခံလူ ဂျိုးဂိုမက်ဇ်နဲ့ အံ့အားသင့်ဖွယ်ပြဿနာတက်ခဲ့ပြီးနောက် အင်္ဂလန်အသင်းရဲ့ယူရို ၂၀၂၀ ခြေစစ်ပွဲဖြစ်တဲ့ မွန်တီနီဂရိုးနဲ့ပွဲကို လွဲချော်ရတော့မှာဖြစ်ကြောင်း သိရပါတယ်။

Photo Credit

အသက် ၂၄နှစ်အရွယ်ရှိ စီးတီးကစားသမား စတာလင်းဟာ တနင်္ဂနွေနေ့ညက အန်ဖီးလ်မှာ လီဗာပူးကို ၃-၁ ဂိုးနဲ့အရေးနိမ့်ခဲ့တုန်းက ပြိုင်ဘက်ကစားသမား ဂိုမက်ဇ်နဲ့ အချင်းများခဲ့ပြီး လက်ရွေးစင်အသင်းမှာ ပူးပေါင်းစဉ်မှာလည်း ကလပ်အသင်းပွဲစဉ်ကဖြစ်ရပ်ကြောင့် စိတ်ခံစားမှုတွေမြင့်တက်ခဲ့တာဖြစ်ပါတယ်။

Photo Credit

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)က ”စတာလင်းဟာ အသင်းရဲ့လေ့ကျင့်ရေးစင်တာဖြစ်တဲ့ စိန့်ဂျော့ချ်ပါ့ခ်မှာ ဆူပူနှောင့်ယှက်မှုပြုလုပ်ခဲ့တာကြောင့် မွန်တီနီဂရိုးနဲ့ပွဲမှာ ပါဝင်မှာမဟုတ်တဲ့အကြောင်း အတည်ပြုပါတယ်။ ဒါပေမဲ့ သူကတော့ အသင်းနဲ့အတူ ဆက်ရှိနေမှာဖြစ်ပါတယ်”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit

စတာလင်းဟာ ပြီးခဲ့တဲ့တနင်္လာနေ့က အင်္ဂလန်အသင်းနဲ့အတူ ပူးပေါင်းဖို့အတွက် စိန့်ဂျော့ချ်ပါ့ခ်ကို လာရောက်သတင်းပေးပို့ခဲ့ပြီး အဲဒီမှာ တနင်္ဂနွေနေ့တုန်းက အချင်းများခဲ့တဲ့ဂိုမက်ဇ်ကို ဆက်လက်အငြင်းပွားခဲ့တာဖြစ်ပါတယ်။

Photo Credit

Daily Mirror သတင်းစာရဲ့ဖော်ပြချက်အရ စတာလင်းဟာ ဂိုမက်ဇ်ကို စတင်ရန်စခဲ့တာလို့ သိရပြီး မျက်မြင်သက်သေတစ်ဦးရဲ့ပြောကြားချက်အရ စတာလင်းက အသက် ၂၂နှစ်အရွယ်ရှိ ဂိုမက်ဇ်ကို အသင်းရဲ့အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်နေသေးရဲ့လားလို့ စော်ကားခဲ့တယ်လို့ သိရပါတယ်။

Photo Credit

ဂိုမက်ဇ်က စတာလင်းရဲ့ရန်စမှုကို ပြန်လည်တုံ့ပြန်ဖို့ မကြိုးစားခဲ့ပေမယ့် လီဗာပူးကစားသမားဟောင်းရဲ့အပြုအမူအပေါ် အံ့အားသင့်နေကြောင်း သိရပါတယ်။ ဒီရာသီစီးတီးနဲ့အင်္ဂလန်အသင်းတို့အတွက် အထူးခြေစွမ်းပြနေတဲ့စတာလင်းက အဲဒီဖြစ်ရပ်အပြီးမှာ ဂိုမက်ဇ်ကို ပြန်လည်တောင်းပန်ခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ အဲဒီလိုတောင်းပန်မှုက အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ကို နှစ်သိမ့်ဖို့ မလုံလောက်ခဲ့ဘဲ ဆောက်ဂိတ်လည်း မွန်တီနီဂရိုးနဲ့ပွဲအတွက် အသင်းရဲ့လူစာရင်းကနေ စတာလင်းကို ချန်လှပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Photo Credit

အုပ်စု A ထိပ်ဆုံးမှာရပ်တည်နေတဲ့အင်္ဂလန်အသင်းဟာ ကြာသပတေးနေ့မှာ မွန်တီနီဂရိုးကို ဧည့်ခံကစားရမှာဖြစ်ပြီး နောက်ဆုံးပွဲစဉ်အဖြစ် တနင်္ဂနွေနေ့မှာ ကိုဆိုဗိုအသင်းနဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။

Photo Credit

Zawgyi

အရွိန္မေသေသးတဲ့ကလပ္အသင္းအားၿပိဳင္မႈမ်ားလား…ဂိုမက္ဇ္နဲ႔ျပႆနာျဖစ္ခဲ့တဲ့စတာလင္း မြန္တီနီဂ႐ိုးနဲ႔ပြဲအတြက္ ခ်န္လွပ္ခံရ

အဂၤလန္အသင္းေတာင္ပံတုိက္စစ္မွဴး စတာလင္းဟာ ေလ့က်င့္ေရးကြင္းမွာ အသင္းေဖာ္ေနာက္ခံလူ ဂ်ိဳးဂိုမက္ဇ္နဲ႔ အ့ံအားသင့္ဖြယ္ျပႆနာတက္ခဲ့ၿပီးေနာက္ အဂၤလန္အသင္းရဲ႕ယူ႐ို ၂၀၂၀ ေျခစစ္ပြဲျဖစ္တဲ့ မြန္တီနီဂ႐ိုးနဲ႔ပဲြကို လဲြေခ်ာ္ရေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။
အသက္ ၂၄ႏွစ္အရြယ္ရွိ စီးတီးကစားသမား စတာလင္းဟာ တနဂၤေႏြေန႔ညက အန္ဖီးလ္မွာ လီဗာပူးကို ၃-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့တုန္းက ၿပိဳင္ဘက္ကစားသမား ဂိုမက္ဇ္နဲ႔ အခ်င္းမ်ားခဲ့ၿပီး လက္ေရြးစင္အသင္းမွာ ပူးေပါင္းစဥ္မွာလည္း ကလပ္အသင္းပဲြစဥ္ကျဖစ္ရပ္ေၾကာင့္ စိတ္ခံစားမႈေတြျမင့္တက္ခဲ့တာျဖစ္ပါတယ္။
အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္(အက္ဖ္ေအ)က ”စတာလင္းဟာ အသင္းရဲ႕ေလ့က်င့္ေရးစင္တာျဖစ္တဲ့ စိန္႔ေဂ်ာ့ခ်္ပါ့ခ္မွာ ဆူပူေႏွာင့္ယွက္မႈျပဳလုပ္ခဲ့တာေၾကာင့္ မြန္တီနီဂ႐ိုးနဲ႔ပြဲမွာ ပါ၀င္မွာမဟုတ္တဲ့အေၾကာင္း အတည္ျပဳပါတယ္။ ဒါေပမဲ့ သူကေတာ့ အသင္းနဲ႔အတူ ဆက္ရွိေနမွာျဖစ္ပါတယ္”လုိ႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။
စတာလင္းဟာ ၿပီးခဲ့တဲ့တနလၤာေန႔က အဂၤလန္အသင္းနဲ႔အတူ ပူးေပါင္းဖို႔အတြက္ စိန္႔ေဂ်ာ့ခ်္ပါ့ခ္ကို လာေရာက္သတင္းေပးပို႔ခဲ့ၿပီး အဲဒီမွာ တနဂၤေႏြေန႔တုန္းက အခ်င္းမ်ားခဲ့တဲ့ဂိုမက္ဇ္ကို ဆက္လက္အျငင္းပြားခဲ့တာျဖစ္ပါတယ္။
Daily Mirror သတင္းစာရဲ႕ေဖာ္ျပခ်က္အရ စတာလင္းဟာ ဂိုမက္ဇ္ကို စတင္ရန္စခဲ့တာလုိ႔ သိရၿပီး မ်က္ျမင္သက္ေသတစ္ဦးရဲ႕ေျပာၾကားခ်က္အရ စတာလင္းက အသက္ ၂၂ႏွစ္အရြယ္ရွိ ဂိုမက္ဇ္ကို အသင္းရဲ႕အေရးပါတဲ့ကစားသမားတစ္ဦးျဖစ္ေနေသးရဲ႕လားလုိ႔ ေစာ္ကားခဲ့တယ္လုိ႔ သိရပါတယ္။
ဂိုမက္ဇ္က စတာလင္းရဲ႕ရန္စမႈကို ျပန္လည္တုံ႔ျပန္ဖုိ႔ မႀကိဳးစားခဲ့ေပမယ့္ လီဗာပူးကစားသမားေဟာင္းရဲ႕အျပဳအမူအေပၚ အံ့အားသင့္ေနေၾကာင္း သိရပါတယ္။ ဒီရာသီစီးတီးနဲ႔အဂၤလန္အသင္းတုိ႔အတြက္ အထူးေျခစြမ္းျပေနတဲ့စတာလင္းက အဲဒီျဖစ္ရပ္အၿပီးမွာ ဂိုမက္ဇ္ကို ျပန္လည္ေတာင္းပန္ခဲ့ပါတယ္။
ဒါေပမဲ့ အဲဒီလုိေတာင္းပန္မႈက အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္ကို ႏွစ္သိမ့္ဖို႔ မလုံေလာက္ခဲ့ဘဲ ေဆာက္ဂိတ္လည္း မြန္တီနီဂ႐ိုးနဲ႔ပဲြအတြက္ အသင္းရဲ႕လူစာရင္းကေန စတာလင္းကို ခ်န္လွပ္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။
အုပ္စု A ထိပ္ဆုံးမွာရပ္တည္ေနတဲ့အဂၤလန္အသင္းဟာ ၾကာသပေတးေန႔မွာ မြန္တီနီဂ႐ိုးကို ဧည့္ခံကစားရမွာျဖစ္ၿပီး ေနာက္ဆုံးပြဲစဥ္အျဖစ္ တနဂၤေႏြေန႔မွာ ကိုဆုိဗိုအသင္းနဲ႔အေ၀းကြင္းပြဲကစားရမွာျဖစ္ပါတယ္။