အရေးပေါ်အခြေအနေဖြစ်နေတဲ့ မန်ယူနောက်တန်းအစုအဖွဲ့ရဲ့ အဆင့်သတ်မှတ်ချက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီမှာ ပရီးမီးယားလိဂ်အိမ်ကွင်းနိုင်ပွဲမရသေးတဲ့ မန်ယူအကြောင်းကိုပြောမယ် ဆိုရင် စွမ်းဆောင်ရည်ညံ့ဖျင်းလှတဲ့ နောက်တန်းကစားသမားတွေရဲ့ အရည်အ သွေးနဲ့ လုပ်အားနှုန်းကိုလည်း ထည့်မပြောလို့မရပါဘူး။

ပရီးမီးယားလိဂ်မှာ အိမ် ကွင်း ၁၀ ဂိုးပေးထားရပြီး စပါးတစ်သင်းတည်းကို ၆ ဂိုးပေးခဲ့ရတယ်ဆိုပေမယ့် ဒီ ၁၀ ဂိုးအရေအတွက်ဟာ တန်းတက်အသင်းတွေထက်တောင် အခြေအနေဆိုးပြီး အိမ်ကွင်းပေးဂိုးအများဆုံးအသင်းဖြစ်နေစေပါတယ်။

မန်ယူနောက်တန်းက ပေါင် သန်း ၈၀ တန် အသင်းခေါင်းဆောင် မက်ဂွိုင်းယားအပါအဝင် လက်ရှိကစားနေတဲ့ နောက်တန်းလူတွေရော အသင်းမှာရှိနေတဲ့ နောက်တန်းကစားသမားတွေအား လုံးရဲ့ အဆင့်သတ်မှတ်ချက်အနေအထားအရ အရေးပေါ်အခြေအနေမှာ ရှိနေ ပါတယ်။

မက်ဂွိုင်းယား – အသင်းခေါင်းဆောင်ဖြစ်သလို ကောင်းမွန်တဲ့လုပ်အားနှုန်းလည်း မပြနိုင်တဲ့ မက်ဂွိုင်းယားဟာ အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း ဝေဖန်ခဲ့သ လိုမျိုး ခေါင်းဆောင်မှုစွမ်းရည်လည်းမရှိတဲ့သူပါ။ နွေရာသီအားလပ်ရက်ပြီးက တည်းက အင်္ဂလန်အသင်းအတွက်ရော မန်ယူအတွက်ပါ သုံးစားမရတဲ့ မက်ဂွိုင်းယားရဲ့ အဆင့်သတ်မှတ်ချက်က ၄/၁၀။

ဘိုင်းလီ – ကစားရတာကနည်းနည်း၊ ဒဏ်ရာကြောင့်နားနေရတာက များများဖြစ်ပြီး မော်ရင်ဟိုလက်ထက်ကတည်းက အားကိုးရမယ်ထင်ထားခဲ့ပေ မယ့် အခုချိန်ထိ ဒဏ်ရာပြဿနာတွေနဲ့ပဲ လုံးလည်လိုက်နေပါတယ်။ ၅/၁၀။

တန်ဇွန်ဘီ – ဒီ ၂၂ နှစ်သားဆီက မျှော်လင့်စရာတွေရှိပါတယ်။ ဥပမာ ပီအက်စ် ဂျီနဲ့ပွဲတုန်းကလိုမျိုးပေါ့။ ဒါပေမဲ့ သူဟာ ခြေစွမ်းပိုတိုးတက်ဖို့လိုနေသေးသလို ပွဲ များများကစားခွင့်ရဖို့အတွက်လည်း လိုပါသေးတယ်။ ၆/၁၀။

လုခ်ရှော – မက်ဂွိုင်းယားနဲ့အပြိုင်ညံ့နေတဲ့ ဘယ်နောက်ခံလူဖြစ်ပြီး လူသစ်ဖြစ်တဲ့ တဲလက်စ် ဒါမှမဟုတ် လူငယ်ကစားသမား ဝီလျံတို့ကိုနေရာပေးရင်တောင် အလုပ်ဖြစ်ပါဦးမယ်။ စပါးနဲ့ပွဲမှာ နေရာယူပုံမမှန်တာတွေ၊ မက်ဂွိုင်းယားနဲ့ လူချင်း ထပ်နေတဲ့အမှားလိုမျိုး ဘာဆက်ဆီဟာနဲ့ပွဲမှာလည်း ထပ်တွေ့ရပါတယ်။ ၅/၁၀။

မန်ဆက်ချ် – လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲ ပဲလေ့စ်နဲ့ ပွဲမှာ ညာနောက်ခံလူအဖြစ်ကစားခဲ့ရပေမယ့် သူ့ရဲ့ခြေစွမ်းကြောင့် ဘစ်ဆာကာ တစ်ယောက်က ဘယ်တော့မှနေရာမပျောက်တော့ဘူးလို့ သိသာစေခဲ့ပါတယ်။ ၅/၁၀။

လင်ဒီလော့ဖ် – အကောင်းဆုံးပုံစံ ဘယ်တော့မှဖြစ်မလာမယ့်သူပါ။ သူနဲ့ မက်ဂွိုင်းယားအတွဲကို အဓိကဦးစားပေးအနေနဲ့ ပွဲထုတ်တာများပေမယ့် အကောင်းဆုံးအဆင့်ကို ဘယ်တော့မှမပြနိုင်ခဲ့ပါဘူး။ ၅/၁၀။

တဲလက်စ် – ကိုဗစ်ဗိုင်းရပ်စ်သာ ကူးစက်မခံရရင် တဲလက်စ်ဟာ လုခ်ရှောရဲ့နေရာ ကို အပြည့်ဝင်ယူသွားဖို့ရှိပါတယ်။ ဝီလျံရှိလျက်နဲ့ ဘာကြောင့် သူ့ကိုခေါ်လဲဆို တာ ပီအက်စ်ဂျီနဲ့ပွဲမှာကတည်းက သိစေခဲ့ပြီးသားပါ။ ၇/၁၀။

ဘစ်ဆာကာ – မန်ယူနောက်တန်းမှာ ပုံမှန်ခြေစွမ်းရှိနေတာ ဘစ်ဆာကာတစ် ယောက်ပဲရှိပါတယ်။ တိုက်စစ်ကိုလိုက်ပါပြီး ဖြတ်တင်ဘောပေးတာတွေ သိပ်မတိ ကျပေမယ့် သူ့တာသူလုံတဲ့ကစားသမားတစ်ဦးပါ။ ၇.၅/၁၀။

ဝီလျံ – မန်ယူရဲ့ငယ်မွေးခြံပေါက်ဖြစ်ပြီး အလားအလာအများကြီးရှိတဲ့ လူတစ် ယောက်ဖြစ်သလို ပြီးခဲ့တဲ့ရာသီတုန်းကလည်း နေရာရခဲ့ပါတယ်။ ဒီနှစ်မှာလည်း ပြည်တွင်းဖလားပွဲတွေမှာ သူ့ကိုပဲသုံးတာတွေ့ရတယ်။ ၇/၁၀။

ဖီးလ်ဂျုံးစ်နဲ့ ရိုဂျို – အသင်းက မလိုတော့လို့ ထုတ်ရောင်းတော့မယ့် သူတို့ ၂ ယောက်မှာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ဖီးလ်ဂျုံးစ်ဟာ မန်ယူအတွက် ၅၆၂ မိ နစ်ပဲကစားခဲ့ရပြီး ရိုဂျိုဆိုရင်လည်း အက်စ်ကျူးဒီယန့်မှာ အငှားကစားခဲ့ရတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အေရးေပၚအေျခအေနျဖစ္ေနတဲ့ မန္ယူေနာက္တန္းအစုအဖြဲ႕ရဲ႕ အဆင့္သတ္မွတ္ခ်က္

ဒီရာသီမွာ ပရီးမီးယားလိဂ္အိမ္ကြင္းႏိုင္ပြဲမရေသးတဲ့ မန္ယူအေၾကာင္းကိုေျပာမယ္ ဆုိရင္ စြမ္းေဆာင္ရည္ညံ့ဖ်င္းလွတဲ့ ေနာက္တန္းကစားသမားေတြရဲ႕ အရည္အ ေသြးနဲ႔ လုပ္အားႏႈန္းကိုလည္း ထည့္မေျပာလို႔မရပါဘူး။

ပရီးမီးယားလိဂ္မွာ အိမ္ ကြင္း ၁၀ ဂိုးေပးထားရၿပီး စပါးတစ္သင္းတည္းကို ၆ ဂိုးေပးခဲ့ရတယ္ဆိုေပမယ့္ ဒီ ၁၀ ဂိုးအေရအတြက္ဟာ တန္းတက္အသင္းေတြထက္ေတာင္ အေျခအေနဆိုးၿပီး အိမ္ကြင္းေပးဂိုးအမ်ားဆံုးအသင္းျဖစ္ေနေစပါတယ္။

မန္ယူေနာက္တန္းက ေပါင္ သန္း ၈၀ တန္ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားအပါအ၀င္ လက္ရွိကစားေနတဲ့ ေနာက္တန္းလူေတြေရာ အသင္းမွာရွိေနတဲ့ ေနာက္တန္းကစားသမားေတြအား လံုးရဲ႕ အဆင့္သတ္မွတ္ခ်က္အေနအထားအရ အေရးေပၚအေျခအေနမွာ ရွိေန ပါတယ္။

မက္ဂြိဳင္းယား – အသင္းေခါင္းေဆာင္ျဖစ္သလို ေကာင္းမြန္တဲ့လုပ္အားႏႈန္းလည္း မျပႏိုင္တဲ့ မက္ဂြိဳင္းယားဟာ အသင္းေခါင္းေဆာင္ေဟာင္း ရြိဳင္ကိန္း ေ၀ဖန္ခဲ့သ လိုမ်ဳိး ေခါင္းေဆာင္မႈစြမ္းရည္လည္းမရွိတဲ့သူပါ။ ေႏြရာသီအားလပ္ရက္ၿပီးက တည္းက အဂၤလန္အသင္းအတြက္ေရာ မန္ယူအတြက္ပါ သံုးစားမရတဲ့ မက္ဂြိဳင္းယားရဲ႕ အဆင့္သတ္မွတ္ခ်က္က ၄/၁၀။

ဘုိင္းလီ – ကစားရတာကနည္းနည္း၊ ဒဏ္ရာေၾကာင့္နားေနရတာက မ်ားမ်ားျဖစ္ၿပီး ေမာ္ရင္ဟိုလက္ထက္ကတည္းက အားကိုးရမယ္ထင္ထားခဲ့ေပ မယ့္ အခုခ်ိန္ထိ ဒဏ္ရာျပႆနာေတြနဲ႔ပဲ လံုးလည္လုိက္ေနပါတယ္။ ၅/၁၀။

တန္ဇြန္ဘီ – ဒီ ၂၂ ႏွစ္သားဆီက ေမွ်ာ္လင့္စရာေတြရွိပါတယ္။ ဥပမာ ပီအက္စ္ ဂ်ီနဲ႔ပြဲတုန္းကလိုမ်ဳိးေပါ့။ ဒါေပမဲ့ သူဟာ ေျခစြမ္းပိုတုိးတက္ဖို႔လိုေနေသးသလို ပဲြ မ်ားမ်ားကစားခြင့္ရဖို႔အတြက္လည္း လိုပါေသးတယ္။ ၆/၁၀။

လုခ္ေရွာ – မက္ဂြိဳင္းယားနဲ႔အၿပိဳင္ညံ့ေနတဲ့ ဘယ္ေနာက္ခံလူျဖစ္ၿပီး လူသစ္ျဖစ္တဲ့ တဲလက္စ္ ဒါမွမဟုတ္ လူငယ္ကစားသမား ၀ီလ်ံတို႔ကိုေနရာေပးရင္ေတာင္ အလုပ္ျဖစ္ပါဦးမယ္။ စပါးနဲ႔ပြဲမွာ ေနရာယူပံုမမွန္တာေတြ၊ မက္ဂြိဳင္းယားနဲ႔ လူခ်င္း ထပ္ေနတဲ့အမွားလိုမ်ဳိး ဘာဆက္ဆီဟာန႔ဲပြဲမွာလည္း ထပ္ေတြ႕ရပါတယ္။ ၅/၁၀။

မန္ဆက္ခ်္ – လူငယ္ကစားသမားတစ္ဦးျဖစ္ၿပီး ပရီးမီးယားလိဂ္အဖြင့္ပြဲ ပဲေလ့စ္နဲ႔ ပြဲမွာ ညာေနာက္ခံလူအျဖစ္ကစားခဲ့ရေပမယ့္ သူ႕ရဲ႕ေျခစြမ္းေၾကာင့္ ဘစ္ဆာကာ တစ္ေယာက္က ဘယ္ေတာ့မွေနရာမေပ်ာက္ေတာ့ဘူးလို႔ သိသာေစခဲ့ပါတယ္။ ၅/၁၀။

လင္ဒီေလာ့ဖ္ – အေကာင္းဆံုးပံုစံ ဘယ္ေတာ့မွျဖစ္မလာမယ့္သူပါ။ သူနဲ႔ မက္ဂြိဳင္းယားအတြဲကို အဓိကဦးစားေပးအေနနဲ႔ ပြဲထုတ္တာမ်ားေပမယ့္ အေကာင္းဆံုးအဆင့္ကို ဘယ္ေတာ့မွမျပႏိုင္ခဲ့ပါဘူး။ ၅/၁၀။

တဲလက္စ္ – ကိုဗစ္ဗိုင္းရပ္စ္သာ ကူးစက္မခံရရင္ တဲလက္စ္ဟာ လုခ္ေရွာရဲ႕ေနရာ ကို အျပည့္၀င္ယူသြားဖို႔ရွိပါတယ္။ ၀ီလ်ံရွိလ်က္နဲ႔ ဘာေၾကာင့္ သူ႕ကိုေခၚလဲဆို တာ ပီအက္စ္ဂ်ီနဲ႔ပြဲမွာကတည္းက သိေစခဲ့ၿပီးသားပါ။ ၇/၁၀။

ဘစ္ဆာကာ – မန္ယူေနာက္တန္းမွာ ပံုမွန္ေျခစြမ္းရွိေနတာ ဘစ္ဆာကာတစ္ ေယာက္ပဲရွိပါတယ္။ တုိက္စစ္ကိုလိုက္ပါၿပီး ျဖတ္တင္ေဘာေပးတာေတြ သိပ္မတိ က်ေပမယ့္ သူ႕တာသူလံုတဲ့ကစားသမားတစ္ဦးပါ။ ၇.၅/၁၀။

၀ီလ်ံ – မန္ယူရဲ႕ငယ္ေမြးၿခံေပါက္ျဖစ္ၿပီး အလားအလာအမ်ားႀကီးရွိတဲ့ လူတစ္ ေယာက္ျဖစ္သလို ၿပီးခဲ့တဲ့ရာသီတုန္းကလည္း ေနရာရခဲ့ပါတယ္။ ဒီႏွစ္မွာလည္း ျပည္တြင္းဖလားပြဲေတြမွာ သူ႕ကိုပဲသံုးတာေတြ႕ရတယ္။ ၇/၁၀။

ဖီးလ္ဂ်ဳံးစ္နဲ႔ ရိုဂ်ဳိ – အသင္းက မလိုေတာ့လို႔ ထုတ္ေရာင္းေတာ့မယ့္ သူတို႔ ၂ ေယာက္မွာ ၿပီးခဲ့တဲ့ေဘာလံုးရာသီတုန္းက ဖီးလ္ဂ်ဳံးစ္ဟာ မန္ယူအတြက္ ၅၆၂ မိ နစ္ပဲကစားခဲ့ရၿပီး ရိုဂ်ဳိဆုိရင္လည္း အက္စ္က်ဴးဒီယန္႔မွာ အငွားကစားခဲ့ရတာပါ။