အရေးပါတဲ့အချက်ကိုဂွာဒီယိုလာမေ့လေ့ရှိကြောင်း ဖွင့်ဟလာတဲ့ ဒီဘရိုင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းကနည်းပြဂွာဒီယိုလာဟာအသင်းရဲ့တိုက်စစ်နည်းစနစ်အပေါ်မှာဘဲ အရမ်းအာရုံစိုက်လေ့ရှိတဲ့အတွက်

ပွဲမတိုင်ခင်အသင်းနဲ့ဆွေးနွေးမှုတွေမှာအသင်းလူစာရင်းကိုပြောဖို့မေ့လေ့ရှိတယ်လို့ ဖွင့်ဟလိုက်ပါတယ်။

စပိန်လူမျိုးနည်းပြဖြစ်တဲ့ ဂွာဒီယိုလာဟာ ၂၀၁၆ ကမန်စီးတီးကိုစတင်တာဝန်ယူခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ ၃ ကြိမ်ရယူနိုင်ခဲ့သူဖြစ်ပါတယ်။

ဒီလိုအောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ ဂွာဒီယိုလာဟာပွဲစဥ်တစ်ခုအတွက်အရေးပါတဲ့ လူစာရင်းပြောဖို့ကိုမေ့လေ့ရှိပါတယ်။

ဒါကလည်း ပွဲမတိုင်ခင်ဆွေးနွေးမှုတွေမှာ သူ့ရဲ့တိုက်စစ်ပိုင်းနည်းစနစ်ကိုသာအာရုံစိုက်လေ့ရှိတဲ့အတွက် ဖြစ်တယ်လို့ဒီဘရိုင်းကဆိုပါတယ်။

သူက” ပွဲစဥ်မကစားခင်တိုင်းမှာ ကျွန်တော်တို့ဟာဂွာဒီယိုလာနဲ့အတူအသင်းလိုက်ဆွေးနွေးမှုတွေပြုလုပ်လေ့ရှိပါတယ်။

အဲဒီမှာဆိုရင် ဂွာဒီယိုလာက ငါတို့တွေတိုက်စစ်ပုံစံကိုရအောင်ဖော်ဆောင်ကြမယ်လို့ ထပ်ခါတလဲလဲပြောလေ့ရှိပါတယ်။

ဒါကြောင့်လည်းသူဟာဒီပွဲမှာ ဘယ်သူတွေပွဲထွက်ကစားရမလဲဆိုတာပြောဖို့မေ့နေလေ့ရှိပါတယ်။

ကျွန်တော်တို့က ဟေး ပက် ဘယ်သူတွေကစားရမှာတုန်း လို့ မေးတော့မှ ပြောဖို့သူသတိရတာပါ။

သူ့အတွက်အနိုင်ရဖို့ကအရေးပါပေမယ့် သူခံယူတဲ့ဘောလုံးဒဿန ကသာသူ့အတွက်ပိုပြီးအရေးပါတာပါ။

ဒါကိုလူအများစုကနားမလည်ကြပါဘူး။ တန်ပြန်တိုက်စစ်နဲ့အနိုင်ယူဖို့ထက်စာရင် ပွဲကိုသာအရှုံးခံလိုက်မယ်ဆိုတဲ့ လူစားမျိုးပါ။

သူဟာတိုက်စစ်ဆင်ရတာကိုအရမ်းနှစ်သက်ပါတယ်” လို့ပြောသွားပါတယ်။

ဂွာဒီယိုလာဟာ ၂၀၀၈ ကဘာစီလိုနာအသင်းကိုစတင်တာဝန်ယူခဲ့ပြီးနောက် တိုက်စစ်နည်းစနစ်ပိုင်းကိုအရမ်းအားထားသူအဖြစ်သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။

နည်းစနစ်ပိုင်းကိုအရမ်းအစွဲအလန်းကြီးလွန်းတဲ့အတွက် ဝေဖန်မှုတွေခံခဲ့ရပေမယ့်လက်ရှိမှာတော့ ကမ္ဘာ့ထိပ်တန်းနည်းပြတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တယ်လို့ အများကယုံကြည်ထားကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အေရးပါတဲ့အခ်က္ကိုဂြာဒီယိုလာေမ့ေလ့ရွိေၾကာင္း ဖြင့္ဟလာတဲ့ ဒီဘ႐ိုင္း

မန္စီးတီးအသင္းကြင္းလယ္ဖန္တီးရွင္ ဒီဘ႐ိုင္းကနည္းျပဂြာဒီယိုလာဟာအသင္းရဲ႕တိုက္စစ္နည္းစနစ္အေပၚမွာဘဲ အရမ္းအာ႐ုံစိုက္ေလ့ရွိတဲ့အတြက္ ပြဲမတိုင္ခင္အသင္းနဲ႔ေဆြးေႏြးမႈေတြမွာအသင္းလူစာရင္းကိုေျပာဖို႔ေမ့ေလ့ရွိတယ္လို႔ ဖြင့္ဟလိုက္ပါတယ္။

စပိန္လူမ်ိဳးနည္းျပျဖစ္တဲ့ ဂြာဒီယိုလာဟာ ၂၀၁၆ ကမန္စီးတီးကိုစတင္တာဝန္ယူခဲ့ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ ၃ ႀကိမ္ရယူႏိုင္ခဲ့သူျဖစ္ပါတယ္။

ဒီလိုေအာင္ျမင္မႈေတြရယူႏိုင္ခဲ့တဲ့ ဂြာဒီယိုလာဟာပြဲစဥ္တစ္ခုအတြက္အေရးပါတဲ့ လူစာရင္းေျပာဖို႔ကိုေမ့ေလ့ရွိပါတယ္။ ဒါကလည္း ပြဲမတိုင္ခင္ေဆြးေႏြးမႈေတြမွာ သူ႔ရဲ႕တိုက္စစ္ပိုင္းနည္းစနစ္ကိုသာအာ႐ုံစိုက္ေလ့ရွိတဲ့အတြက္ ျဖစ္တယ္လို႔ဒီဘ႐ိုင္းကဆိုပါတယ္။

သူက” ပြဲစဥ္မကစားခင္တိုင္းမွာ ကြၽန္ေတာ္တို႔ဟာဂြာဒီယိုလာနဲ႔အတူအသင္းလိုက္ေဆြးေႏြးမႈေတြျပဳလုပ္ေလ့ရွိပါတယ္။ အဲဒီမွာဆိုရင္ ဂြာဒီယိုလာက ငါတို႔ေတြတိုက္စစ္ပုံစံကိုရေအာင္ေဖာ္ေဆာင္ၾကမယ္လို႔ ထပ္ခါတလဲလဲေျပာေလ့ရွိပါတယ္။

ဒါေၾကာင့္လည္းသူဟာဒီပြဲမွာ ဘယ္သူေတြပြဲထြက္ကစားရမလဲဆိုတာေျပာဖို႔ေမ့ေနေလ့ရွိပါတယ္။ ကြၽန္ေတာ္တို႔က ေဟး ပက္ ဘယ္သူေတြကစားရမွာတုန္း လို႔ ေမးေတာ့မွ ေျပာဖို႔သူသတိရတာပါ။ သူ႔အတြက္အႏိုင္ရဖို႔ကအေရးပါေပမယ့္ သူခံယူတဲ့ေဘာလုံးဒႆန ကသာသူ႔အတြက္ပိုၿပီးအေရးပါတာပါ။

ဒါကိုလူအမ်ားစုကနားမလည္ၾကပါဘူး။ တန္ျပန္တိုက္စစ္နဲ႔အႏိုင္ယူဖို႔ထက္စာရင္ ပြဲကိုသာအရႈံးခံလိုက္မယ္ဆိုတဲ့ လူစားမ်ိဳးပါ။ သူဟာတိုက္စစ္ဆင္ရတာကိုအရမ္းႏွစ္သက္ပါတယ္” လို႔ေျပာသြားပါတယ္။

ဂြာဒီယိုလာဟာ ၂၀၀၈ ကဘာစီလိုနာအသင္းကိုစတင္တာဝန္ယူခဲ့ၿပီးေနာက္ တိုက္စစ္နည္းစနစ္ပိုင္းကိုအရမ္းအားထားသူအျဖစ္သတ္မွတ္ခံခဲ့ရသူျဖစ္ပါတယ္။

နည္းစနစ္ပိုင္းကိုအရမ္းအစြဲအလန္းႀကီးလြန္းတဲ့အတြက္ ေဝဖန္မႈေတြခံခဲ့ရေပမယ့္လက္ရွိမွာေတာ့ ကမာၻ႔ထိပ္တန္းနည္းျပေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္တယ္လို႔ အမ်ားကယုံၾကည္ထားၾကပါတယ္။