အရေးပါတဲ့ပယ်နယ်တီလွဲချော်ခဲ့သူ ဂျော်ဂျင်ဟိုဘက်ကနေ မန်စီနီကာကွယ်ပြောဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အီတလီအသင်းနည်းပြမန်စီနီဟာ ဆွစ်ဇာလန်နဲ့ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပွဲပြီးခါနီး နိုင်ပွဲရဖို့အကြီးမားဆုံးအခွင့်အရေးဖြစ်တဲ့

ပယ်နယ်တီအခွင့်အရေးကို လွဲချော်ခဲ့တဲ့ ဂျော်ဂျင်ဟိုဘက်ကနေ ကာကွယ်ပြောဆိုခဲ့ပြီး ဂျော်ဂျင်ဟိုဟာ အသင်းရဲ့ပယ်နယ်တီတွေကို ဆက်လက်ကန်သွင်းသွားဦးမှာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။

ဆွစ်ဇာလန်နဲ့ပွဲမှာ ပွဲချိန်(၁၁)မိနစ်မှာပဲ ဧည့်သည်အသင်းက နောက်ခံလူဝစ်ဒ်မာရဲ့ဂိုးနဲ့ဦးဆောင်ခဲ့ပြီး အီတလီအသင်းအတွက်ချေပဂိုးကို (၃၆)မိနစ်မှာ ဒီလော်ရန်ဇိုက ပြန်လည်သွင်းယူခဲ့ပါတယ်။

မိနစ်(၉၀)ပြည့်ချိန်မှာ ပယ်နယ်တီဧရိယာအတွင်း ဘယ်ရာဒီကို ဆွစ်ဇာလန်ကစားသမားဂါစီယာက ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အီတလီအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး

ဒီပယ်နယ်တီကို ပုံမှန်ကန်နေကျ ဂျော်ဂျင်ဟိုကန်ခဲ့ပေမယ့် အပေါ်ထောင်တက်သွားတဲ့အတွက် အီတလီတို့ အိမ်ကွင်းမှာနိုင်ပွဲပျောက်ခဲ့ရတာဖြစ်ပါတယ်။

ဒီပယ်နယ်တီသာဝင်ခဲ့ရင် အီတလီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်အောင်မြင်မှာဖြစ်ပေမယ့် ဂျော်ဂျင်ဟို လွဲချော်ခဲ့တာကြောင့် နောက်ဆုံးပွဲအထိအဆုံးအဖြတ်ခံရယူရတော့မှာပါ။

ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ယူရို-၂၀၂ဝဗိုလ်လုပွဲတုန်းကလည်း သူ့ရဲ့ပယ်နယ်တီကန်ချက်ကို အင်္ဂလန်အသင်းဂိုးသမားပစ်ဖို့ဒ်ကာကွယ်နိုင်ခဲ့ပြီး အခုဆိုရင် နောက်ဆုံးပယ်နယ်တီ(၃)ကြိမ်မှာ တစ်ဂိုးမှမသွင်းနိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက ခြေစစ်ပွဲပထမအကျော့အဖြစ် ဆွစ်ဇာလန်ကွင်းမှာကစားခဲ့တဲ့ပွဲမှာလည်း ဂျော်ဂျင်ဟိုရဲ့ပယ်နယ်တီကန်ချက်ကို ဂိုးသမားယန်းဆွမ်မာကာကွယ်နိုင်ခဲ့ပြန်ပါတယ်။

အခုပွဲမှာ အရေးပါတဲ့ပယ်နယ်တီလွဲချော်ခဲ့ပေမယ့် အီတလီအသင်းနည်းပြမန်စီနီက ဂျော်ဂျင်ဟိုကို အပြစ်မတင်ခဲ့ဘဲ ဂျော်ဂျင်ဟိုဟာ ဒီပယ်နယ်တီကန်သွင်းဖို့အခွင့်အရေးရှိတယ်လို့ဆိုခဲ့ပါတယ်။

မန်စီနီက “ဆွစ်ဇာလန်နဲ့ပထမအကျော့ပွဲတုန်းက ကျွန်တော်တို့ ပယ်နယ်တီလွဲချော်ခဲ့သလို အခုပွဲမှာလည်း ထပ်ပြီးလွဲချော်ခဲ့ပါတယ်။

ပယ်နယ်တီလွဲတာက ဖြစ်လေ့ဖြစ်ထရှိတာမျိုးပါပဲ။ ဂျော်ဂျင်ဟိုဟာ ဒီပယ်နယ်တီကို သူကန်သွင်းမယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး သူ့ဆုံးဖြတ်ချက်မှန်ပါတယ်။

သူက ကျွန်တော်တို့အသင်းမှာ ပယ်နယ်တီကန်ဖို့တာဝန်ယူထားတဲ့ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အေရးပါတဲ့ပယ္နယ္တီလြဲေခ်ာ္ခဲ့သူ ေဂ်ာ္ဂ်င္ဟိုဘက္ကေန မန္စီနီကာကြယ္ေျပာဆို

အီတလီအသင္းနည္းျပမန္စီနီဟာ ဆြစ္ဇာလန္နဲ႔ကစားခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ပြဲၿပီးခါနီး ႏိုင္ပြဲရဖို႔အႀကီးမားဆုံးအခြင့္အေရးျဖစ္တဲ့ ပယ္နယ္တီအခြင့္အေရးကို လြဲေခ်ာ္ခဲ့တဲ့ ေဂ်ာ္ဂ်င္ဟိုဘက္ကေန ကာကြယ္ေျပာဆိုခဲ့ၿပီး ေဂ်ာ္ဂ်င္ဟိုဟာ အသင္းရဲ႕ပယ္နယ္တီေတြကို ဆက္လက္ကန္သြင္းသြားဦးမွာျဖစ္တယ္လို႔ဆိုခဲ့ပါတယ္။

ဆြစ္ဇာလန္နဲ႔ပြဲမွာ ပြဲခ်ိန္(၁၁)မိနစ္မွာပဲ ဧည့္သည္အသင္းက ေနာက္ခံလူဝစ္ဒ္မာရဲ႕ဂိုးနဲ႔ဦးေဆာင္ခဲ့ၿပီး အီတလီအသင္းအတြက္ေခ်ပဂိုးကို (၃၆)မိနစ္မွာ ဒီေလာ္ရန္ဇိုက ျပန္လည္သြင္းယူခဲ့ပါတယ္။ မိနစ္(၉၀)ျပည့္ခ်ိန္မွာ ပယ္နယ္တီဧရိယာအတြင္း ဘယ္ရာဒီကို ဆြစ္ဇာလန္ကစားသမားဂါစီယာက ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ အီတလီအသင္း ပယ္နယ္တီကန္ခြင့္ရခဲ့ၿပီး ဒီပယ္နယ္တီကို ပုံမွန္ကန္ေနက် ေဂ်ာ္ဂ်င္ဟိုကန္ခဲ့ေပမယ့္ အေပၚေထာင္တက္သြားတဲ့အတြက္ အီတလီတို႔ အိမ္ကြင္းမွာႏိုင္ပြဲေပ်ာက္ခဲ့ရတာျဖစ္ပါတယ္။

ဒီပယ္နယ္တီသာဝင္ခဲ့ရင္ အီတလီအသင္းဟာ ကမာၻ႔ဖလားေျခစစ္ပြဲတိုက္႐ိုက္ေအာင္ျမင္မွာျဖစ္ေပမယ့္ ေဂ်ာ္ဂ်င္ဟို လြဲေခ်ာ္ခဲ့တာေၾကာင့္ ေနာက္ဆုံးပြဲအထိအဆုံးအျဖတ္ခံရယူရေတာ့မွာပါ။

ေဂ်ာ္ဂ်င္ဟိုဟာ ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝဗိုလ္လုပြဲတုန္းကလည္း သူ႔ရဲ႕ပယ္နယ္တီကန္ခ်က္ကို အဂၤလန္အသင္းဂိုးသမားပစ္ဖို႔ဒ္ကာကြယ္ႏိုင္ခဲ့ၿပီး အခုဆိုရင္ ေနာက္ဆုံးပယ္နယ္တီ(၃)ႀကိမ္မွာ တစ္ဂိုးမွမသြင္းႏိုင္ခဲ့ပါဘူး။ ၿပီးခဲ့တဲ့စက္တင္ဘာလတုန္းက ေျခစစ္ပြဲပထမအေက်ာ့အျဖစ္ ဆြစ္ဇာလန္ကြင္းမွာကစားခဲ့တဲ့ပြဲမွာလည္း ေဂ်ာ္ဂ်င္ဟိုရဲ႕ပယ္နယ္တီကန္ခ်က္ကို ဂိုးသမားယန္းဆြမ္မာကာကြယ္ႏိုင္ခဲ့ျပန္ပါတယ္။

အခုပြဲမွာ အေရးပါတဲ့ပယ္နယ္တီလြဲေခ်ာ္ခဲ့ေပမယ့္ အီတလီအသင္းနည္းျပမန္စီနီက ေဂ်ာ္ဂ်င္ဟိုကို အျပစ္မတင္ခဲ့ဘဲ ေဂ်ာ္ဂ်င္ဟိုဟာ ဒီပယ္နယ္တီကန္သြင္းဖို႔အခြင့္အေရးရွိတယ္လို႔ဆိုခဲ့ပါတယ္။ မန္စီနီက “ဆြစ္ဇာလန္နဲ႔ပထမအေက်ာ့ပြဲတုန္းက ကြၽန္ေတာ္တို႔ ပယ္နယ္တီလြဲေခ်ာ္ခဲ့သလို အခုပြဲမွာလည္း ထပ္ၿပီးလြဲေခ်ာ္ခဲ့ပါတယ္။ ပယ္နယ္တီလြဲတာက ျဖစ္ေလ့ျဖစ္ထရွိတာမ်ိဳးပါပဲ။ ေဂ်ာ္ဂ်င္ဟိုဟာ ဒီပယ္နယ္တီကို သူကန္သြင္းမယ္လို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး သူ႔ဆုံးျဖတ္ခ်က္မွန္ပါတယ္။ သူက ကြၽန္ေတာ္တို႔အသင္းမွာ ပယ္နယ္တီကန္ဖို႔တာဝန္ယူထားတဲ့ကစားသမားေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။