အရယ်ကောင်းလို့ ရီးရဲလ်က ဟာဇက်ကို ဈေးနိမ့် ရောင်းချတော့မယ်

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရိသတ်မကြိုက်အောင်လုပ်ရင် အနုပညာရှင်ပဲဖြစ်ဖြစ်၊ အားကစားသမားပဲဖြစ်ဖြစ် တစ်ခုမဟုတ်တစ်ခုတော့ ဒဏ်ခတ်ခံရမှာပါပဲ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးကနေ စံချိန်တင်ပြောင်းရွှေ့ကြေးပေးချေကာ ခေါ်ယူခဲ့တဲ့ ဟာဇက်ကို နည်းပါးလွန်းတဲ့ဈေးနှုန်းနဲ့ ပြန်လည်ရောင်းထုတ်သွားဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

အဲဒီ ဘယ်လ်ဂျီယံကစားသမားကို ပေါင် ၁၀၃.၅ သန်းနဲ့ ၂၀၁၉ ခုနှစ်က ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းမှာခြေစွမ်းမပြနိုင်ဘဲ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရပေမယ့် အသင်းဘက်ကတော့ စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းပေးနေခဲ့ပါတယ်။

ဟာဇက်က ဒီနှစ်ဘောလုံးရာသီမှာဆိုရင်လည်း ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၁၈)ပွဲသာ ပါဝင်ကစားထားခဲ့ရပြီး သွင်းဂိုးလည်း (၃)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ရီးရဲလ်အသင်းနဲ့ ပထမဆုံး ပွဲထွက်ကစားခဲ့ရတဲ့ မနှစ်က ဘောလုံးရာသီမှာဆိုရင်တော့ ဟာဇက်ဟာ သွင်းဂိုး(၁)ဂိုးပဲ သွင်းယူနိုင်ခဲ့တဲ့အထိကို အခြေအနေ ဆိုးရွားခဲ့ရပါတယ်။

ခြေစွမ်းမပြနိုင်တဲ့ ဟာဇက်ဟာ အပြစ်မမြင်အောင် ဂရုစိုက်နေရမယ့်အစား အမြင်ကတ်စရာလုပ်ရပ်တွေ၊ရိုက်ပေါက်တွေကို ဖန်တီးလာခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်းက ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့အပြီးမှာတော့ ဟာဇက်ဟာ အသင်းရှုံးနိမ့်နေခဲ့ချိန်မှာ သူ့ရဲ့အသင်းဖော်ဟောင်းတွေနဲ့ ပျော်ရွှင်ရယ်မောစွာ စကားပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့် သူ့ကို ရီးရဲလ်ပရိသတ်တွေ ကအတော်လေး အမျက်ထွက်ခဲ့ပါတယ်။

ဟာဇက်ကတော့ သူ့ရဲ့အမှားအတွက် ပြန်လည်တောင်းပန်မှုတွေပြုလုပ်ခဲ့ပြီး အသင်းအပေါ်မလေးမစားပြုလုပ်ခဲ့တာမဟုတ်ဘူးလို့ ဖြေရှင်းခဲ့ပါတယ်။

အခုအခါမှာတော့ ကိုယ်ပြုတဲ့ကံ ကိုယ်ထံပြန်လာဆိုတဲ့ စကားအတိုင်း ရီးရဲလ်က ပေါင် ၄၃သန်းနဲ့ ဟာဇက်ကို ရောင်းချဖို့ ပြင်ဆင်နေပြီလို့ ကြားသိရပါတယ်။

ရီးရဲလ်ဘက်က နောက်ထပ် ကြယ်ပွင့်ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့အတွက် ဟာဇက်ကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ အသုံးချလာနိုင်ပါတယ်။

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အရယ္ေကာင္းလို႔ ရီးရဲလ္က ဟာဇက္ကို ေစ်းနိမ့္ ေရာင္းခ်ေတာ့မယ္

ပရိသတ္မႀကိဳက္ေအာင္လုပ္ရင္ အႏုပညာရွင္ပဲျဖစ္ျဖစ္၊ အားကစားသမားပဲျဖစ္ျဖစ္ တစ္ခုမဟုတ္တစ္ခုေတာ့ ဒဏ္ခတ္ခံရမွာပါပဲ။ ရီးရဲလ္မက္ဒရစ္အသင္းဟာ ခ်ယ္လ္ဆီးကေန စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေပးေခ်ကာ ေခၚယူခဲ့တဲ့ ဟာဇက္ကို နည္းပါးလြန္းတဲ့ေစ်းႏွုန္းနဲ႔ ျပန္လည္ေရာင္းထုတ္သြားဖို့ စီစဥ္ေနၿပီလို့ သိရပါတယ္။

အဲဒီ ဘယ္လ္ဂ်ီယံကစားသမားကို ေပါင္ ၁၀၃.၅ သန္းနဲ႔ ၂၀၁၉ ခုႏွစ္က ေခၚယူခဲ့တာျဖစ္ၿပီး အသင္းမွာေျခစြမ္းမျပနိုင္ဘဲ ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ေနခဲ့ရေပမယ့္ အသင္းဘက္ကေတာ့ စိတ္ရွည္လက္ရွည္နဲ႔ ေစာင့္ဆိုင္းေပးေနခဲ့ပါတယ္။

ဟာဇက္က ဒီႏွစ္ေဘာလုံးရာသီမွာဆိုရင္လည္း ရီးရဲလ္အသင္းအတြက္ ၿပိဳင္ပြဲစုံပြဲေပါင္း (၁၈)ပြဲသာ ပါဝင္ကစားထားခဲ့ရၿပီး သြင္းဂိုးလည္း (၃)ဂိုးသာ သြင္းယူနိုင္ခဲ့ပါတယ္။ ရီးရဲလ္အသင္းနဲ႔ ပထမဆုံး ပြဲထြက္ကစားခဲ့ရတဲ့ မႏွစ္က ေဘာလုံးရာသီမွာဆိုရင္ေတာ့ ဟာဇက္ဟာ သြင္းဂိုး(၁)ဂိုးပဲ သြင္းယူနိုင္ခဲ့တဲ့အထိကို အေျခအေန ဆိုးရြားခဲ့ရပါတယ္။

ေျခစြမ္းမျပႏိုင္တဲ့ ဟာဇက္ဟာ အျပစ္မျမင္ေအာင္ ဂရုစိုက္ေနရမယ့္အစား အျမင္ကတ္စရာလုပ္ရပ္ေတြ၊ရိုက္ေပါက္ေတြကို ဖန္တီးလာခဲ့ပါေသးတယ္။ ၿပီးခဲ့တဲ့တစ္ပတ္အတြင္းက ကစားခဲ့တဲ့ ခ်ယ္လ္ဆီးနဲ႔ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့အၿပီးမွာေတာ့ ဟာဇက္ဟာ အသင္းရွုံးနိမ့္ေနခဲ့ခ်ိန္မွာ သူ႔ရဲ့အသင္းေဖာ္ေဟာင္းေတြနဲ႔ ေပ်ာ္ရႊင္ရယ္ေမာစြာ စကားေျပာဆိုမွုေတြျပဳလုပ္ခဲ့ပါတယ္။

ဒါေၾကာင့္ သူ႔ကို ရီးရဲလ္ပရိသတ္ေတြ ကအေတာ္ေလး အမ်က္ထြက္ခဲ့ပါတယ္။ ဟာဇက္ကေတာ့ သူ႔ရဲ့အမွားအတြက္ ျပန္လည္ေတာင္းပန္မွုေတြျပဳလုပ္ခဲ့ၿပီး အသင္းအေပၚမေလးမစားျပဳလုပ္ခဲ့တာမဟုတ္ဘူးလို့ ေျဖရွင္းခဲ့ပါတယ္။

အခုအခါမွာေတာ့ ကိုယ္ျပဳတဲ့ကံ ကိုယ္ထံျပန္လာဆိုတဲ့ စကားအတိုင္း ရီးရဲလ္က ေပါင္ ၄၃သန္းနဲ႔ ဟာဇက္ကို ေရာင္းခ်ဖို့ ျပင္ဆင္ေနၿပီလို႔ ၾကားသိရပါတယ္။ ရီးရဲလ္ဘက္က ေနာက္ထပ္ ၾကယ္ပြင့္ကစားသမားတစ္ေယာက္ကို ေခၚယူဖို့အတြက္ ဟာဇက္ကို အေျပာင္းအေရႊ႕ရဲ့ တစ္စိတ္တစ္ပိုင္းအျဖစ္နဲ႔ အသုံးခ်လာနိုင္ပါတယ္။