အရယ်ကောင်းလို့ ပြန်တောင်းပန်ရတဲ့ ဟာဇက်ရဲ့ ချွေးသိပ်အပြော

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အပြီးမှာ ဟာဇက်အနေနဲ့ အသင်းဟောင်းချယ်လ်ဆီးအသင်းက ကစားသမားတွေနဲ့အတူ ရယ်မောပျော်ရွှင်စွာနဲ့ စကားပြောဆိုခဲ့ပါတယ်။

အဲဒီပုံရိပ်တွေကြောင့် ရီးရဲလ် ပရိသတ်တွေက ဟာဇက်ကို စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်။

အခုတော့ ဟာဇက်တစ်ယောက် မြို့မေတ္တာခံယူပြီးနောက်မှာ မျက်ရည်ခံထိုးတဲ့ စကားတွေကို ပြောဆိုလာခဲ့ပါတယ်။

ဘယ်လ်ဂျီယံသားက သူ့ရဲ့ အပြုအမူအပေါ် မက်ဒရစ်ပရိသတ်တွေကို လူမှုကွန်ရက်ကနေ တောင်းပန်သွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟာဇက်က “ကျွန်တော်နဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ ထင်မြင်ပြောဆိုချက်တွေကို ကြားသိပြီးပါပြီ။

ကျွန်တော့်အနေနဲ့ ရီးရဲလ်မက်ဒရစ် ပရိသတ်တွေကို စော်ကားလိုစိတ်မရှိပါဘူး။”

“ကျွန်တော် တောင်းပန်ပါတယ်။ ရီးရဲလ်အတွက် ကစားဖို့က ကျွန်တော့် အိပ်မက်ဖြစ်ပြီး ဒီမှာ အောင်မြင်ဖို့အတွက် လာခဲ့တာပါ”

“အခုကဘောလုံးရာသီလည်း မပြီးဆုံးသေးဘူးဆိုတော့ လာလီဂါအမှတ်ပေးပွဲတွေအတွက် အတူတကွ တိုက်ပွဲဝင်ရပါဦးမယ်”လို့ တောင်းပန် စကားဆိုထားပါတယ်။

ပရိသတ်တွေကတော့ ဟာဇက်ရဲ့ အပြုအမူကြောင့် ရီးရဲလ်ဘက်ကနေ ဘယ်လ်ဂျီယံသားကို နွေရာသီဈေးကွက်မှာ ရောင်းထုတ်ဖို့ ဆန္ဒပြုနေကြပါတယ်။ ဟာဇက်တစ်ယောက် ပရိသတ်တွေရဲ့ အချစ်ကို ပြန်လည်ရရှိဖို့က သိပ်တော့မလွယ်ပါဘူး။

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အရယ္ေကာင္းလို႔ ျပန္ေတာင္းပန္ရတဲ့ ဟာဇက္ရဲ႕ ေခၽြးသိပ္အေျပာ

ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ ပြဲစဥ္အၿပီးမွာ ဟာဇက္အေနနဲ႔ အသင္းေဟာင္းခ်ယ္လ္ဆီးအသင္းက ကစားသမားေတြနဲ႔အတူ ရယ္ေမာေပ်ာ္႐ႊင္စြာနဲ႔ စကားေျပာဆိုခဲ့ပါတယ္။ အဲဒီပုံရိပ္ေတြေၾကာင့္ ရီးရဲလ္ ပရိသတ္ေတြက ဟာဇက္ကို စိတ္ဆိုးေဒါသထြက္ခဲ့ၾကပါတယ္။

အခုေတာ့ ဟာဇက္တစ္ေယာက္ ၿမိဳ႕ေမတၱာခံယူၿပီးေနာက္မွာ မ်က္ရည္ခံထိုးတဲ့ စကားေတြကို ေျပာဆိုလာခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံသားက သူ႔ရဲ႕ အျပဳအမူအေပၚ မက္ဒရစ္ပရိသတ္ေတြကို လူမႈကြန္ရက္ကေန ေတာင္းပန္သြားခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ ကြင္းလယ္လူဟာဇက္က “ကြၽန္ေတာ္နဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြရဲ႕ ထင္ျမင္ေျပာဆိုခ်က္ေတြကို ၾကားသိၿပီးပါၿပီ။ ကြၽန္ေတာ့္အေနနဲ႔ ရီးရဲလ္မက္ဒရစ္ ပရိသတ္ေတြကို ေစာ္ကားလိုစိတ္မရွိပါဘူး။”

“ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ ရီးရဲလ္အတြက္ ကစားဖို႔က ကြၽန္ေတာ့္ အိပ္မက္ျဖစ္ၿပီး ဒီမွာ ေအာင္ျမင္ဖို႔အတြက္ လာခဲ့တာပါ”

“အခုကေဘာလုံးရာသီလည္း မၿပီးဆုံးေသးဘူးဆိုေတာ့ လာလီဂါအမွတ္ေပးပြဲေတြအတြက္ အတူတကြ တိုက္ပြဲဝင္ရပါဦးမယ္”လို႔ ေတာင္းပန္ စကားဆိုထားပါတယ္။

ပရိသတ္ေတြကေတာ့ ဟာဇက္ရဲ႕ အျပဳအမူေၾကာင့္ ရီးရဲလ္ဘက္ကေန ဘယ္လ္ဂ်ီယံသားကို ေႏြရာသီေစ်းကြက္မွာ ေရာင္းထုတ္ဖို႔ ဆႏၵျပဳေနၾကပါတယ္။ ဟာဇက္တစ္ေယာက္ ပရိသတ္ေတြရဲ႕ အခ်စ္ကို ျပန္လည္ရရိွဖို႔က သိပ္ေတာ့မလြယ္ပါဘူး။