အရမ်းကို တစ်မူထူးတဲ့နည်းလမ်းနဲ့ စီးရီးအေချန်ပီယံဆုကို ဆုံးဖြတ်သွားနိုင်

December 7, 2019, Roma, Roma, Italia: Foto Fabrizio Corradetti / LaPresse.07 Dicembre 2019 Roma, Italia.sport calcio.Lazio vs Juventus - Campionato di calcio Serie A TIM 2019/2020 - Stadio Olimpico. .Nella foto: Lucas Leiva, Federico Bernardeschi..Photo Fabrizio Corradetti / LaPresse.December 07st, 2019 Rome, Italy.sport soccer.Lazio vs Juventus - Italian Football Championship League A TIM 2019/2020 - Olimpico stadium..In the pic: Lucas Leiva, Federico Bernardeschi (Credit Image: © Fabrizio Corradetti/Lapresse via ZUMA Press)

photo-gettyimages

photo-PA

တကယ်လို့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီရာသီစီးရီးအေပြိုင်ပွဲကိုသာ ဖျက်သိမ်းရမယ်ဆိုရင် ပထမနဲ့ ဒုတိယနေရာက နှစ်သင်းကို play-off ကစားစေခြင်းဖြင့် ချန်ပီယံဆုအတွက် ဆုံးဖြတ်သွားနိုင်ကြောင်း သိရပါတယ်။ လက်ရှိမှာ စီးရီးအေပြိုင်ပွဲဟာ အနည်းဆုံးအနေနဲ့ လာမယ့်ဧပြီလ ၃ ရက်နေ့အထိ ရွှေ့ဆိုင်းထားပါတယ်။ တစ်ဖက်မှာလည်း လိဂ်ပြိုင်ပွဲကြီးပြန်မစဖြစ်ရင် ဘယ်လိုဖြစ်ကြမလဲဆိုတာကို အတော်များများက သိချင်နေကြပါတယ်။

photo-sport bible

ဒါကြောင့်မို့လည်း ပြီးခဲ့တဲ့အင်္ဂါနေ့က အီတလီဘောလုံးအာဏာပိုင်တွေဟာ ခေါင်းချင်းဆိုင်ဆွေးနွေးမှုပြုလုပ်ခဲ့ကြပြီး အဲဒီကနေ ဖြစ်နိုင်ဖွယ်ရာနည်းလမ်းတစ်ခုကို အီတလီဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့တာပါ။  ”တကယ်လို့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လိဂ်ပြိုင်ပွဲတွေ အဆုံးမသတ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်မယ်ဆိုတာ ဥက္ကဌကြီးဂရာဗီနာက အဆိုပြုမှုအချို့တင်သွင်းခဲ့ပြီး အဲဒါကို လာမယ့်မတ်လ ၂၃ ရက်နေ့ကျင်းပမယ့် နောက်ထပ်ဆွေးနွေးပွဲမှာ ညှိနှိုင်းသွားမှာပါ။ စကူဒက်တိုချန်ပီယံဆုနဲ့ ဥရောပဝင်ခွင့်တွေအတွက် ရွေးချယ်စရာနည်းလမ်းတစ်ခုကို အသုံးပြုဦးမှာ မဟုတ်သေးပါဘူး။ ဘောလုံးရာသီပျက်သွားတဲ့အချိန်အထိ အမှတ်ပေးဇယားက ဒီအတိုင်းဆိုရင် နောက်ထပ်နည်းလမ်းတစ်ခုကို စဉ်းစားမှာပါ။ တတိယနဲ့နောက်ဆုံးနည်းလမ်းကတော့ ချန်ပီယံဆုအတွက် play-off ကန်ခိုင်းမှာနဲ့ တန်းဆင်းအတွက်လည်း play-off ပွဲတွေနဲ့ပဲ ဆုံးဖြတ်စေမှာပါ”လို့ အီတလီဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့တာပါ။

photo-gettyimages

အခုက စီးရီးအေဟာ ပွဲစဉ် ၂၆ နဲ့ ရွှေ့ဆိုင်ထားရတာဖြစ်ပြီး မတတ်သာတဲ့အဆုံးဆိုရင်တော့ ချန်ပီယံဆုဆုံးဖြတ်ဖို့ လက်ရှိထိပ်ဆုံးနှစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်နဲ့ လာဇီယိုတို့ကြား ပွဲစဉ်တစ်ပွဲကစားရမှာပါ။ အဲဒီလိုဆိုရင် ချန်ပီယံဆုကို play-off နဲ့ဆုံးဖြတ်တာ ၁၉၆၃-၆၄ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်လာမှာပါ။

[Zawgyi]

အရမ္းကို တစ္မူထူးတဲ့နည္းလမ္းနဲ႔ စီးရီးေအခ်န္ပီယံဆုကို ဆုံးျဖတ္သြားႏိုင္

တကယ္လို႔ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ဒီရာသီစီးရီးေအၿပိဳ္င္ပြဲကိုသာ ဖ်က္သိမ္းရမယ္ဆုိရင္ ပထမနဲ႔ ဒုတိယေနရာက ႏွစ္သင္းကို play-off ကစားေစျခင္းျဖင့္ ခ်န္ပီယံဆုအတြက္ ဆုံးျဖတ္သြားႏိုင္ေၾကာင္း သိရပါတယ္။ လက္ရွိမွာ စီးရီးေအၿပိဳင္ပြဲဟာ အနည္းဆုံးအေနနဲ႔ လာမယ့္ဧၿပီလ ၃ ရက္ေန႔အထိ ေရႊ႕ဆုိင္းထားပါတယ္။ တစ္ဖက္မွာလည္း လိဂ္ၿပိဳင္ပြဲႀကီးျပန္မစျဖစ္ရင္ ဘယ္လုိျဖစ္ၾကမလဲဆုိတာကို အေတာ္မ်ားမ်ားက သိခ်င္ေနၾကပါတယ္။

ဒါေၾကာင့္မုိ႔လည္း ၿပီးခဲ့တဲ့အဂၤါေန႔က အီတလီေဘာလုံးအာဏာပိုင္ေတြဟာ ေခါင္းခ်င္းဆိုင္ေဆြးေႏြးမႈျပဳလုပ္ခဲ့ၾကၿပီး အဲဒီကေန ျဖစ္ႏိုင္ဖြယ္ရာနည္းလမ္းတစ္ခုကုိ အီတလီေဘာလုံးအဖြဲ႔ခ်ဳပ္က ထုတ္ျပန္ေၾကညာခဲ့တာပါ။  ”တကယ္လုိ႔ ကုိရိုနာဗုိင္းရပ္စ္ေၾကာင့္ လိဂ္ၿပိဳင္ပြဲေတြ အဆုံးမသတ္ႏိုင္ဘူးဆုိရင္ ဘယ္လုိလုပ္မယ္ဆိုတာ ဥကၠဌႀကီးဂရာဗီနာက အဆုိျပဳမႈအခ်ိဳ႕တင္သြင္းခဲ့ၿပီး အဲဒါကို လာမယ့္မတ္လ ၂၃ ရက္ေန႔က်င္းပမယ့္ ေနာက္ထပ္ေဆြးေႏြးပြဲမွာ ညွိႏိႈင္းသြားမွာပါ။ စကူဒက္တိုခ်န္ပီယံဆုနဲ႔ ဥေရာပ၀င္ခြင့္ေတြအတြက္ ေရြးခ်ယ္စရာနည္းလမ္းတစ္ခုကို အသုံးျပဳဦးမွာ မဟုတ္ေသးပါဘူး။ ေဘာလုံးရာသီပ်က္သြားတဲ့အခ်ိန္အထိ အမွတ္ေပးဇယားက ဒီအတိုင္းဆိုရင္ ေနာက္ထပ္နည္းလမ္းတစ္ခုကို စဥ္းစားမွာပါ။ တတိယနဲ႔ေနာက္ဆုံးနည္းလမ္းကေတာ့ ခ်န္ပီယံဆုအတြက္ play-off ကန္ခိုင္းမွာနဲ႔ တန္းဆင္းအတြက္လည္း play-off ပြဲေတြနဲ႔ပဲ ဆုံးျဖတ္ေစမွာပါ”လို႔ အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္က ေၾကညာခဲ့တာပါ။

အခုက စီးရီးေအဟာ ပဲြစဥ္ ၂၆ နဲ႔ ေရႊ႕ဆိုင္ထားရတာျဖစ္ၿပီး မတတ္သာတဲ့အဆုံးဆိုရင္ေတာ့ ခ်န္ပီယံဆုဆုံးျဖတ္ဖုိ႔ လက္ရွိထိပ္္ဆုံးႏွစ္သင္းျဖစ္တဲ့ ဂ်ဴဗင္တပ္နဲ႔ လာဇီယိုတို႔ၾကား ပြဲစဥ္္တစ္ပြဲကစားရမွာပါ။ အဲဒီလိုဆုိရင္ ခ်န္ပီယံဆုကို play-off နဲ႔ဆုံးျဖတ္တာ ၁၉၆၃-၆၄ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္ျဖစ္လာမွာပါ။