
photo-lverpoolecho
photo-liverpoolecho
ပရီးမီးယားလိဂ်ရာသီသိမ်းဖို့ ၃ လကျော်တောင်ကျန်နေသေးပေမယ့် အင်္ဂလန်က လီဗာပူးပရိသတ်တစ်ယောက်ကတော့ ၂၀၁၉-၂၀ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ချန်ပီယံတက်တူးကို သူ့လက်မောင်းမှာ ရေးထိုးလိုက်ပါပြီ။ တစ်သက်တာလီဗာပူးပရိသတ်တစ်ယောက်ဖြစ်တဲ့ မာ့ခ်ဂရက်တန်ဟာ သူအားပေးတဲ့အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ဗိုလ်စွဲလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်လို့ အခုကတည်းက သူ့ရဲ့လက်မောင်းတစ်ဖက်မှာ ချန်ပီယံအထိမ်းအမှတ်တက်တူးအနေနဲ့ တံဆိပ်ခက်လိုက်တာပါ။
photo-liverpoolecho
အသက် ၅၃ နှစ်အရွယ် အဲဒီလီဗာပူးပရိသတ်ဟာ ဘရိုက်တန်မြို့မှာ နေထိုင်သူဖြစ်ပြီး ပုံမှန်ဆိုရင် ပေါင် ၁၀၀ ပေးရမယ့် အဲဒီတက်တူးကို ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ကြောင့် အလကားထိုးခွင့်ရခဲ့တာပါ။ သူဟာ ဒီတက်တူးကိုအခုမှထိုးခဲ့တာမဟုတ်ဘဲ ပြီးခဲ့တဲ့ဇန်နဝါရီ ၂၄ မှာကစားခဲ့တဲ့ လီဗာပူးရဲ့ဝုဗ်နဲ့အဝေးကွင်းနိုင်ပွဲပြီးကတည်းက ထိုးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ဂျာဂင်ကလော့ပ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ၂၂ မှတ်ဖြတ်ဦးဆောင်နိုင်နေတာပါ။
photo-gettyimages
”ကျွန်တော်တို့အနိုင်ရသွားပြီလို့ အခုချိန်မှာ အရမ်းကိုယုံကြည်မှုရှိနေတာပါ။ ဒါကြောင့်လည်း ဒီတက်တူးထိုးလိုက်တာပေါ့။ သူတို့အောင်ပွဲဆင်နိုင်မှာ သေချာပါတယ်။ ကျွန်တော် ဒါကို နည်းနည်းလေးမှ နောင်တမရပါဘူး။ ဒါကို ကျွန်တော် ချစ်မြတ်နိုးပါတယ်။ ကျွန်တော့်မိန်းမဆိုရင် မေလတိုင်အောင် လိဂ်ပြီးမှာမဟုတ်သေးဘူးဆိုတာကို နားမလည်ပေမယ့် အဲဒါဟာ အဆုံးသတ်သွားပြီလို့ သူက ထင်နေတာပါ။ ဘာကြောင့်စောစောစီးစီးတက်တူးထိုးလိုက်တာလဲ၊ မှားသွားရင် ဘယ်လိုလုပ်မလဲလု့ိ လူတွေကပြောကြပေမယ့် game over ဖြစ်သွားပြီလို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်”လို့ လီဗာပူးပရိသတ်ဂရက်တန်က ဒေသတွင်းသတင်းစာတစ်စောင်ကို ပြောကြားခဲ့ပါတယ်။
[Zawgyi]
အရမ္းကိုေစာလြန္းေနလား? လီဗာပူးပရိသတ္တစ္ေယာက္ကေတာ့ ခ်န္ပီယံတက္တူးထိုးလိုက္ၿပီ
ပရီးမီးယားလိဂ္ရာသီသိမ္းဖို႔ ၃ လေက်ာ္ေတာင္က်န္ေနေသးေပမယ့္ အဂၤလန္က လီဗာပူးပရိသတ္တစ္ေယာက္ကေတာ့ ၂၀၁၉-၂၀ ေဘာလုံးရာသီအတြက္ ပရီးမီးယားလိဂ္ခ်န္ပီယံတက္တူးကို သူ႔လက္ေမာင္းမွာ ေရးထိုးလုိက္ပါၿပီ။ တစ္သက္တာလီဗာပူးပရိသတ္တစ္ေယာက္ျဖစ္တဲ့ မာ့ခ္ဂရက္တန္ဟာ သူအားေပးတဲ့အသင္းဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ဗုိလ္စြဲလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္လုိ႔ အခုကတည္းက သူ႔ရဲ႕လက္ေမာင္းတစ္ဖက္မွာ ခ်န္ပီယံအထိမ္းအမွတ္တက္တူးအေနနဲ႔ တံဆိပ္ခက္လုိက္တာပါ။
အသက္ ၅၃ ႏွစ္အရြယ္ အဲဒီလီဗာပူးပရိသတ္ဟာ ဘရိုက္တန္ၿမိဳ႕မွာ ေနထုိင္သူျဖစ္ၿပီး ပုံမွန္ဆိုရင္ ေပါင္ ၁၀၀ ေပးရမယ့္ အဲဒီတက္တူးကို ရင္းႏွီးတဲ့သူငယ္ခ်င္းတစ္ေယာက္ေၾကာင့္ အလကားထုိးခြင့္ရခဲ့တာပါ။ သူဟာ ဒီတက္တူးကိုအခုမွထုိးခဲ့တာမဟုတ္ဘဲ ၿပီးခဲ့တဲ့ဇန္န၀ါရီ ၂၄ မွာကစားခဲ့တဲ့ လီဗာပူးရဲ႕၀ုဗ္နဲ႔အေ၀းကြင္းႏို္င္ပြဲၿပီးကတည္းက ထုိးခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာလည္း ဂ်ာဂင္ကေလာ့ပ္ရဲ႕အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ၂၂ မွတ္ျဖတ္ဦးေဆာင္ႏိုင္ေနတာပါ။
”ကၽြန္ေတာ္တို႔အႏိုင္ရသြားၿပီလို႔ အခုခ်ိန္မွာ အရမ္းကိုယုံၾကည္မႈရွိေနတာပါ။ ဒါေၾကာင့္လည္း ဒီတက္တူးထိုးလုိက္တာေပါ့။ သူတုိ႔ေအာင္ပြဲဆင္ႏိုင္မွာ ေသခ်ာပါတယ္။ ကၽြန္ေတာ္ ဒါကို နည္းနည္းေလးမွ ေနာင္တမရပါဘူး။ ဒါကို ကၽြန္ေတာ္ ခ်စ္ျမတ္ႏိုးပါတယ္။ ကၽြန္ေတာ့္မိန္းမဆုိရင္ ေမလတုိင္ေအာင္ လိဂ္ၿပီးမွာမဟုတ္ေသးဘူးဆုိတာကို နားမလည္ေပမယ့္ အဲဒါဟာ အဆုံးသတ္သြားၿပီလုိ႔ သူက ထင္ေနတာပါ။ ဘာေၾကာင့္ေစာေစာစီးစီးတက္တူးထိုးလိုက္တာလဲ၊ မွားသြားရင္ ဘယ္လုိလုပ္မလဲလု႔ိ လူေတြကေျပာၾကေပမယ့္ game over ျဖစ္သြားၿပီလုိ႔ ကၽြန္ေတာ္ကေတာ့ ယုံၾကည္ပါတယ္”လုိ႔ လီဗာပူးပရိသတ္ဂရက္တန္က ေဒသတြင္းသတင္းစာတစ္ေစာင္ကို ေျပာၾကားခဲ့ပါတယ္။