





“ကျွန်တော့်အရပ်နဲ့ပတ်သက်ပြီး ဝေဖန်သံတွေ ကြားပါတယ်။
ဒါပေမဲ့ ဘယ်သူကို ဘာမှ သက်သေပြနေစရာ မလိုဘူး။





ကျွန်တော်ကိုယ်ကျွန်တော် ဘာလဲဆိုတာပဲ သက်သေပြရမှာ”လို့
မာတီနက်ဇ်က ပြောထားပါတယ်။ တကယ့်ကို အပြောနဲ့ အညီ
လက်တွေ့ပြခဲ့တာပါ။ အာဆင်နယ်နဲ့ ပွဲစဉ်မှာ မာတီနက်ဇ်ဟာ





ယူနိုက်တက်ရဲ့ ဒုတိယမြောက် ဂိုးကို သွင်းယူနိုင်ခဲ့ ပြီး သူက
အဲဒီပွဲမှာ rating 8 ရခဲ့ပါတယ်။ တိုက်စစ်ရော ခံစစ်ပိုင်းပါ





ကစားပုံ ကောင်းမွန်ခဲ့ပါတယ် ။ အန္တရာယ် ဖြစ်စေနိုင်မယ့်
ဘောလုံးတွေကို အကောင်းဆုံး အနံ့ခံ ဟန့်တားပြနိုင်ခဲ့ပါတယ်။
အဆိုပါပွဲမှာ မာတီနက်ဇ်က ယူနိုက်တက်ကစားသမားဘ၀





ပထမဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာပါ။ အရပ်(၅)ပေ (၇)လက်မပဲရှိတဲ့
မာတီနက်ဇ်ဟာ အာဆင်နယ်နဲ့ပွဲမှာ ထောင့်ကန်ဘောကနေ





ဂိုးရှေ့ဖြတ်တင်လိုက်ချိန်မှာ နောက်ခံလူ တိုမီယာဆုနဲ့ ဂိုးသမား
ရမ်ဒေးလ်ကြား နားလည်မှုလွဲပြီး၊ ရမ်ဒေးက မလိုအပ်ဘဲ
ထွက်ပုတ်ပါတယ်။ပုတ်လိုက်လို့ကျလာတဲ့ ဘောလုံးက





အာဆင်နယ်နောက်ခံလူတွေရဲ့ ရင်ဘတ်လောက်ကို
ရောက်တဲ့အချိန်မှာ မာတီနက်ဇ်က ဘာမှစဉ်းစားမနေပါဘူး။





ခေါင်းနဲ့ထိုးတိုက်လိုက်ပါတယ်။ ပုံမှန်ကစားသမားတွေဆိုရင်
ခြေထောက်အကျကို စောင့်မှာပါ။မျက်နှာနဲ့ခံထိုးလိုက်တာက
အန္တရာယ်များလွန်းပေမဲ့ အဲဒီခေါင်းတိုက်ချက်က ဂိုးအဖြစ်





ပြောင်းသွားတာပါ။ ဒီထက်ပိုထူးဆန်းတာက အဲဒီဂိုးဟာ
ဒီရာသီမှာ အာဆင်နယ်အသင်းခွင့်ပြုခဲ့ရတဲ့ တစ်လုံးတည်းသော





ခေါင်းတိုက်ဘော ဖြစ်နေတာပါပဲ။ဒါကိုကြည့်ရင် မာတီနက်ဇ်လိုပုံစံမျိုး
ခေါင်းတိုက်သူတွေဟာ အကောင်းဆုံး ဝှက်ဖဲဖြစ်လာမှာပါ။
မာတီနက်ဇ်ကို အရပ်ပုတယ်လို့ ပြောရင် နာဖို့သာပြင်ထားပါ။





zawgyi





အရပ္ပုတယ္လို႔ ေျပာတဲ့ သူေတြကို လက္ေတြ႕ သင္ခန္းစာပို႔ခ် ပါးစပ္ပိတ္ေစခဲ့သူ မာတီနက္ဇ္
“ကြၽန္ေတာ့္အရပ္နဲ႔ပတ္သက္ၿပီး ေဝဖန္သံေတြ ၾကားပါတယ္။
ဒါေပမဲ့ ဘယ္သူကို ဘာမွ သက္ေသျပေနစရာ မလိုဘူး။





ကြၽန္ေတာ္ကိုယ္ကြၽန္ေတာ္ ဘာလဲဆိုတာပဲ သက္ေသျပရမွာ”လို႔
မာတီနက္ဇ္က ေျပာထားပါတယ္။ တကယ့္ကို အေျပာနဲ႔ အညီ





လက္ေတြ႕ျပခဲ့တာပါ။ အာဆင္နယ္နဲ႔ ပြဲစဥ္မွာ မာတီနက္ဇ္ဟာ
ယူႏိုက္တက္ရဲ႕ ဒုတိယေျမာက္ ဂိုးကို သြင္းယူႏိုင္ခဲ့ ၿပီး သူက
အဲဒီပြဲမွာ rating 8 ရခဲ့ပါတယ္။ တိုက္စစ္ေရာ ခံစစ္ပိုင္းပါ





ကစားပုံ ေကာင္းမြန္ခဲ့ပါတယ္ ။ အႏၲရာယ္ ျဖစ္ေစႏိုင္မယ့္
ေဘာလုံးေတြကို အေကာင္းဆုံး အနံ႔ခံ ဟန႔္တားျပႏိုင္ခဲ့ပါတယ္။





အဆိုပါပြဲမွာ မာတီနက္ဇ္က ယူႏိုက္တက္ကစားသမားဘ၀
ပထမဆုံး သြင္းဂိုးကို သြင္းယူႏိုင္ခဲ့တာပါ။ အရပ္(၅)ေပ (၇)လက္မပဲရွိတဲ့
မာတီနက္ဇ္ဟာ အာဆင္နယ္နဲ႔ပြဲမွာ ေထာင့္ကန္ေဘာကေန





ဂိုးေရွ႕ျဖတ္တင္လိုက္ခ်ိန္မွာ ေနာက္ခံလူ တိုမီယာဆုနဲ႔ ဂိုးသမား
ရမ္ေဒးလ္ၾကား နားလည္မႈလြဲၿပီး၊ ရမ္ေဒးက မလိုအပ္ဘဲ





ထြက္ပုတ္ပါတယ္။ပုတ္လိုက္လို႔က်လာတဲ့ ေဘာလုံးက
အာဆင္နယ္ေနာက္ခံလူေတြရဲ႕ ရင္ဘတ္ေလာက္ကို
ေရာက္တဲ့အခ်ိန္မွာ မာတီနက္ဇ္က ဘာမွစဥ္းစားမေနပါဘူး။





ေခါင္းနဲ႔ထိုးတိုက္လိုက္ပါတယ္။ ပုံမွန္ကစားသမားေတြဆိုရင္
ေျခေထာက္အက်ကို ေစာင့္မွာပါ။မ်က္ႏွာနဲ႔ခံထိုးလိုက္တာက





အႏၲရာယ္မ်ားလြန္းေပမဲ့ အဲဒီေခါင္းတိုက္ခ်က္က ဂိုးအျဖစ္
ေျပာင္းသြားတာပါ။ ဒီထက္ပိုထူးဆန္းတာက အဲဒီဂိုးဟာ
ဒီရာသီမွာ အာဆင္နယ္အသင္းခြင့္ျပဳခဲ့ရတဲ့ တစ္လုံးတည္းေသာ





ေခါင္းတိုက္ေဘာ ျဖစ္ေနတာပါပဲ။ဒါကိုၾကည့္ရင္ မာတီနက္ဇ္လိုပုံစံမ်ိဳး
ေခါင္းတိုက္သူေတြဟာ အေကာင္းဆုံး ဝွက္ဖဲျဖစ္လာမွာပါ။





မာတီနက္ဇ္ကို အရပ္ပုတယ္လို႔ ေျပာရင္ နာဖို႔သာျပင္ထားပါ။