အရန်ခုံမှာ ထိုင်ဖို့ မက်ဆီဘာကြောင့် ခေါ်ယူဆွေးနွေးခံရတာလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းနဲ့ရီးရဲဘက်တစ်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ မက်ဆီရဲ့အသင်းဟာ (၅–၂) ဆိုတဲ့ ရလဒ် နဲ့ အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲမှာ မက်ဆီ ၊ ဂရစ်ဇ်မန်း ၊ ဒမ်ဘီလီ နဲ့ ပီဒရီ တို့က ဂိုးတွေ သွင်းယူ ပေးခဲ့ ကြပါတယ်။

မက်ဆီဟာ ပထမပိုင်းမှာ မပါဝင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အရန်ခုံကနေ ဝင်ရောက်ကစားခဲ့ပြီး ၂ဂိုးသွင်းယူကာ ဘာစီလိုနာကို နောက်ဆုံး လာလီဂါ ၅ပွဲမှာ ပထမဆုံး နိုင်ပွဲ ပြန်ရအောင် ကူညီပေးခဲ့ပါတယ်။

မက်ဆီဟာတစ်ဖက် ၁ ဂိုးစီ သရေ ကျခဲ့တဲ့ ပထမပိုင်းအထိပွဲကိုထိုင်ကြည့်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ မက်ဆီဝင်လာခဲ့ပြီး မိနစ်ပိုင်းအတွင်းမှာပဲပွဲအဖြေကို ပြောင်းလဲခဲ့ပါတယ်။ ဒုတိယဦးဆောင်ဂိုး သွင်းယူမယ့် ဂရစ်ဇ်မန်းဆီ လှလှပပဂိုးဖန်တီးပေးခဲ့ပါတယ်။

အဲဒီနောက် ဒမ်ဘီလီရဲ့ ကန်ချက်ကို တားဆီးတဲ့ ဘက်တစ်ကစားသမား မန်ဒီတစ်ယောက် ဧရိယာအတွင်း လက်ထိလို့အနီကတ်ပြ ထုတ်ပယ်ခံရသလို ပင်နယ်တီကနေတစ်ဆင့် မက်ဆီ တတိယဂိုး သွင်းယူခဲ့ပါတယ်။

အဲဒီနောက် ဘက်တစ်ဘက်က မိုရွန် က ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့လို့ ၃ဂိုး-၂ဂိုး ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်ပွဲချိန် ၈၁မိနစ်မှာ မက်ဆီတစ်ယောက် ညာခြမ်းမှာ ဆွဲပြေးပြီး ဂိုးသမား ဘရာဗို ဘယ်လိုမှ ဖမ်းမရတဲ့ အပေါ် ထောင့်ကျဉ်းထဲ ကန်ထည့်ကာ ၄ဂိုး -၂ဂိုး ဖြစ်စေခဲ့ပါတယ်။

ပွဲပြီးဖို့မိနစ်ပိုင်းအလိုမှာတော့ရော်ဘတ်တိုရဲ့ အနိမ့်ဘော ပေးပို့မှုကနေ ပီဒရီက အသာအယာ ပိတ်သွင်းပြီး လာလီဂါအတွက်ပထမဆုံး ဂိုးသွင်းယူခဲ့ပါတယ်။

နောက်ဆုံး ၅ ဂိုး ဆက်တိုက်ပင်နယ်တီတွေချည်း သွင်းခဲ့တဲ့ မက်ဆီဟာ နောက် ၁ ဂိုး ထပ်သွင်းခဲ့သလို ဟက်ထရစ်ရဖို့ အထိအကြောင်းဖန်ခဲ့ပေမယ့် လူကျွံဘောအဖြစ် ပယ်ဖျက်ခံခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ ဘာစီလိုနာ နည်းပြ ရော်နယ်ကိုးမန်းက မက်ဆီကိုဘာကြောင့် ပွဲထွက်စာရင်းမှာ မထည့်သွင်းခဲ့ရတာလဲ ဆိုတာခုလိုပြောဆိုထားပါတယ်။

“ပွဲမကစားခင်ကျွန်တော် မက်ဆီနဲ့ တွေ့ဆုံတိုင်ပင်ပြောဆိုခဲ့ပါတယ်။ ဒိုင်နမို ကိဗ် နဲ့ ပွဲတုန်းကသူ့ကိုကြည့် ရတာသိပ်ပြီးသက်သောင့်သက်သာ မရှိခဲ့သလိုပါပဲ ။ ဒါကြောင့် သူ့အတွက် အကောင်းဆုံးဖြစ်စေဖို့ အရန်ခုံမှာ ထိုင်ခိုင်းခဲ့တာပါ။ နည်းစနစ်ပိုင်း အရရော ၊ အခြား အကြောင်းကြောင့်ရော လုံးဝမဟုတ်ပါဘူး။ သူ့မှာ ပင်ပန်းတဲ့ လက္ခဏာတွေ ရှိနေခဲ့လို့ပါ။ သူ့အနေနဲ့ စိတ်ရောကိုယ်ပါအပြည့်အဝကြံ့ခိုင်နေမယ်ဆိုရင်ချန်လှပ်ခဲ့စရာ အကြောင်း လုံး၀ မရှိပါဘူး”

“သူဟာ ကျွန်တော်တို့ရဲ့အကောင်းဆုံးကစားသမား ဖြစ်ပြီး ဒါကိုသံသယဖြစ်စရာမလိုပါဘူး။ မက်ဆီပွဲထဲဝင်လာတာနဲ့ အသင်းအပေါ် ကြီးမားတဲ့ သက်ရောက်မှု ဖြစ်စေခဲ့တယ်ဆိုတာ အားလုံးတွေ့တာပဲလေ။”ဆိုပြီးကိုးမန်းကပြောဆိုထားပါတယ်။ အခုဆိုဘာစီလိုနာဟာ နောက်ဆုံး ၅ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှု အဆုံးသတ်ခဲ့ပြီး အမှတ်ပေးဇယား အဆင့်၈ကို ပြန်လည် တက်လှမ်းလာခဲ့ပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အရန္ခုံမွာ ထိုင္ဖို႔ မက္ဆီဘာေၾကာင့္ ေခၚယူေဆြးေႏြးခံရတာလဲ

ဘာစီလိုနာအသင္းနဲ႔ရီးရဲဘက္တစ္အသင္းတို႔ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲမွာ မက္ဆီရဲ႕အသင္းဟာ (၅–၂) ဆိုတဲ့ ရလဒ္ နဲ႔ အျပတ္အသတ္အႏိုင္ရခဲ့ပါတယ္။ အဲဒီပြဲမွာ မက္ဆီ ၊ ဂရစ္ဇ္မန္း ၊ ဒမ္ဘီလီ နဲ႔ ပီဒရီ တို႔က ဂိုးေတြ သြင္းယူ ေပးခဲ့ ၾကပါတယ္။

မက္ဆီဟာ ပထမပိုင္းမွာ မပါဝင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ အရန္ခုံကေန ဝင္ေရာက္ကစားခဲ့ၿပီး ၂ဂိုးသြင္းယူကာ ဘာစီလိုနာကို ေနာက္ဆုံး လာလီဂါ ၅ပြဲမွာ ပထမဆုံး ႏိုင္ပြဲ ျပန္ရေအာင္ ကူညီေပးခဲ့ပါတယ္။

မက္ဆီဟာတစ္ဖက္ ၁ ဂိုးစီ သေရ က်ခဲ့တဲ့ ပထမပိုင္းအထိပြဲကိုထိုင္ၾကည့္ခဲ့ရပါတယ္။ ဒုတိယပိုင္းမွာေတာ့ မက္ဆီဝင္လာခဲ့ၿပီး မိနစ္ပိုင္းအတြင္းမွာပဲပြဲအေျဖကို ေျပာင္းလဲခဲ့ပါတယ္။ ဒုတိယဦးေဆာင္ဂိုး သြင္းယူမယ့္ ဂရစ္ဇ္မန္းဆီ လွလွပပဂိုးဖန္တီးေပးခဲ့ပါတယ္။

အဲဒီေနာက္ ဒမ္ဘီလီရဲ႕ ကန္ခ်က္ကို တားဆီးတဲ့ ဘက္တစ္ကစားသမား မန္ဒီတစ္ေယာက္ ဧရိယာအတြင္း လက္ထိလို႔အနီကတ္ျပ ထုတ္ပယ္ခံရသလို ပင္နယ္တီကေနတစ္ဆင့္ မက္ဆီ တတိယဂိုး သြင္းယူခဲ့ပါတယ္။

အဲဒီေနာက္ ဘက္တစ္ဘက္က မို႐ြန္ က ေခ်ပဂိုးတစ္ဂိုး ျပန္သြင္းခဲ့လို႔ ၃ဂိုး-၂ဂိုး ျဖစ္သြားခဲ့ပါတယ္။ ဒါေပမယ့္ပြဲခ်ိန္ ၈၁မိနစ္မွာ မက္ဆီတစ္ေယာက္ ညာျခမ္းမွာ ဆြဲေျပးၿပီး ဂိုးသမား ဘရာဗို ဘယ္လိုမွ ဖမ္းမရတဲ့ အေပၚ ေထာင့္က်ဥ္းထဲ ကန္ထည့္ကာ ၄ဂိုး -၂ဂိုး ျဖစ္ေစခဲ့ပါတယ္။

ပြဲၿပီးဖို႔မိနစ္ပိုင္းအလိုမွာေတာ့ေရာ္ဘတ္တိုရဲ႕ အနိမ့္ေဘာ ေပးပို႔မႈကေန ပီဒရီက အသာအယာ ပိတ္သြင္းၿပီး လာလီဂါအတြက္ပထမဆုံး ဂိုးသြင္းယူခဲ့ပါတယ္။

ေနာက္ဆုံး ၅ ဂိုး ဆက္တိုက္ပင္နယ္တီေတြခ်ည္း သြင္းခဲ့တဲ့ မက္ဆီဟာ ေနာက္ ၁ ဂိုး ထပ္သြင္းခဲ့သလို ဟက္ထရစ္ရဖို႔ အထိအေၾကာင္းဖန္ခဲ့ေပမယ့္ လူကြၽံေဘာအျဖစ္ ပယ္ဖ်က္ခံခဲ့ရပါတယ္။

ပြဲအၿပီးမွာေတာ့ ဘာစီလိုနာ နည္းျပ ေရာ္နယ္ကိုးမန္းက မက္ဆီကိုဘာေၾကာင့္ ပြဲထြက္စာရင္းမွာ မထည့္သြင္းခဲ့ရတာလဲ ဆိုတာခုလိုေျပာဆိုထားပါတယ္။

“ပြဲမကစားခင္ကြၽန္ေတာ္ မက္ဆီနဲ႔ ေတြ႕ဆုံတိုင္ပင္ေျပာဆိုခဲ့ပါတယ္။ ဒိုင္နမို ကိဗ္ နဲ႔ ပြဲတုန္းကသူ႔ကိုၾကည့္ ရတာသိပ္ၿပီးသက္ေသာင့္သက္သာ မရွိခဲ့သလိုပါပဲ ။ ဒါေၾကာင့္ သူ႔အတြက္ အေကာင္းဆုံးျဖစ္ေစဖို႔ အရန္ခုံမွာ ထိုင္ခိုင္းခဲ့တာပါ။ နည္းစနစ္ပိုင္း အရေရာ ၊ အျခား အေၾကာင္းေၾကာင့္ေရာ လုံးဝမဟုတ္ပါဘူး။ သူ႔မွာ ပင္ပန္းတဲ့ လကၡဏာေတြ ရွိေနခဲ့လို႔ပါ။ သူ႔အေနနဲ႔ စိတ္ေရာကိုယ္ပါအျပည့္အဝႀကံ့ခိုင္ေနမယ္ဆိုရင္ခ်န္လွပ္ခဲ့စရာ အေၾကာင္း လုံး၀ မရွိပါဘူး”

“သူဟာ ကြၽန္ေတာ္တို႔ရဲ႕အေကာင္းဆုံးကစားသမား ျဖစ္ၿပီး ဒါကိုသံသယျဖစ္စရာမလိုပါဘူး။ မက္ဆီပြဲထဲဝင္လာတာနဲ႔ အသင္းအေပၚ ႀကီးမားတဲ့ သက္ေရာက္မႈ ျဖစ္ေစခဲ့တယ္ဆိုတာ အားလုံးေတြ႕တာပဲေလ။”ဆိုၿပီးကိုးမန္းကေျပာဆိုထားပါတယ္။ အခုဆိုဘာစီလိုနာဟာ ေနာက္ဆုံး ၅ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆုံးမႈ အဆုံးသတ္ခဲ့ၿပီး အမွတ္ေပးဇယား အဆင့္၈ကို ျပန္လည္ တက္လွမ္းလာခဲ့ပါၿပီ။