အရန္ခံုမွာပဲထိုင္ေနရတာေၾကာင့္ စိတ္ပ်က္ေနတဲ့ ပူလီဆစ္

Photo Credit

Photo Credit

ခ်ဲလ္ဆီးအသင္းေတာင္ပံကစားသမားခရစၥတီယန္ပူလီဆစ္က ပြဲထြက္ကစားရျခင္းမရွိတာေၾကာင့္ အေတာ္ကိုစိတ္ပ်က္ေနတယ္လို႔ ဝန္ခံေျပာၾကားလိုက္ပါတယ္။

Photo Credit

ပူလီဆစ္ဟာ ယမန္ေန႔က ဘ႐ိုက္တန္အသင္းကို ၂-၀နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ လူစားဝင္ကစားသမားအျဖစ္ေတာင္ မကစားခဲ့ရပါဘူး။ သူဟာ ခ်ဲလ္ဆီးအသင္းေနာက္ဆံုးယွဥ္ၿပိဳင္ထားတဲ့ ပြဲစဥ္ ၅ ပြဲမွာ ၄ ပြဲအထိ အရန္ခံုမွာသာထိုင္ေနခဲ့ရပါတယ္။

 

Photo Credit

လက္ရွိအခ်ိန္မွာ အေမရိကန္ၾကယ္ပြင့္ဟာ ပက္ဒ႐ို၊ ဝီလ်ံ၊ ေမဆင္ေမာင့္၊ အိုဒိြဳင္းတို႔ ေနာက္မွာသာ ပြဲထြက္ခြင့္ ရရွိေနတာ ျဖစ္ပါတယ္။ ဒါကစတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ပူလီဆစ္အတြက္ ခက္ခဲတဲ့ ရာသီအစျပဳမႈ တစ္ခုပါပဲ။

Photo Credit

ယမန္ေန႔ကပြဲစဥ္အၿပီးမွာေတာ့ ပူလီဆစ္က “ဟုတ္ပါတယ္၊ တကယ္ကိုဆိုးရြားတာပါ၊ အရမ္းအဆင္မေျပျဖစ္ေနပါတယ္၊ ဒါေပမဲ့ ကၽြန္ေတ္ာအလုပ္ကို ပိုႀကိဳးႀကိဳးစားစားလုပ္မွာပါ၊ ကၽြန္ေတာ္ ကစားခ်င္တာေၾကာင့္ပါ”လုိ႔ ေျပာပါတယ္။

Photo Credit

ပူလီဆစ္ဟာ ဇန္နဝါရီက ေပါင္ ၅၈ သန္းနဲ႔ ခ်ဲလ္ဆီးအသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီဝက္ကေတာ့ ေဒါ့မြန္အသင္းမွာ အငွားနဲ႔ဆက္လက္ကစားခဲ့တာျဖစ္ပါတယ္။

Photo Credit

ပူလီဆစ္ရဲ႕ ခ်ဲလ္ဆီးကစားသမားအျဖစ္ အစျပဳမႈမွာေတာ့ ပရီးမီးယားလိဂ္ အေစာပိုင္းပြဲစဥ္ ၄ ပြဲမွာ ၃ ပြဲအထိပါဝင္ခဲ့ရေပမယ့္ အသက္ ၂၁ ႏွစ္သားရဲ႕ ပြဲထြက္ကစားခြင့္ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္ ၃၁ ရက္ေန႔က ရွက္ဖီးလ္အသင္းနဲ႔ပြဲကေနာက္ဆံုး ျဖစ္ေနခဲ့ပါတယ္။

Photo Credit

ပြဲထြက္ခြင့္ ဘာလို႔နည္းပါးသြားရလဲလို႔ နည္းျပလမ္းပတ္ကို ေမးမယ္ဆိုရင္ေတာ့ သူက ” အရမ္းမမ်ားပါဘူး၊ မင္းဆက္ၾကိဳးစား ၊ ေလ့က်င့္ေရးမွာတိုးတက္လာမယ္ဆိုရင္ ပြဲထြက္လူစာရင္းမွာ ျပန္ပါလာမွာပဲလို႔ ေျဖမွာပါ”လုိ႔ ပူလီဆစ္ကေျပာပါတယ္။

Photo Credit

ဆက္လက္ၿပီးပူလီဆစ္က “အသင္းသစ္ကိုစတင္ေရာက္ရွိလာခ်ိန္မွာ ဒါကစိန္ေခၚမႈတစ္ခုပါပဲ၊ ဘယ္ေလာက္ ခက္ခဲမယ္ဆိုတာ ကၽြန္ေတ္ာသိပါတယ္၊ ဒါကဘယ္ေတာ့မွ မလြယ္ကူပါဘူး၊ ဒီလိုပ်င္းရိျငီးေငြ႔ဖြယ္ အရန္ခံုကေန႐ုန္းထြက္ၿပီး အသင္းလူစာရင္းမွာ ျပန္ပါႏိုင္ေအာင္ ႀကိဳးစားမွာပါ”

Photo Credit

”ၿပီးေတာ့ အသင္းကိုအႏိုင္ရရွိေအာင္ ကူညီမွာပါ၊ ကၽြန္ေတာ္ ကစားႏိုင္သေလာက္ အခ်ိန္အမ်ားႀကီးကစားခ်င္ပါတယ္၊ ဒါက ကၽြန္ေတာ့္ရဲ႕ အစစ္အမွန္ ရည္မွန္းခ်က္ပါ၊ ကၽြန္ေတာ္ ကြင္းထဲမွာရွိေနခ်င္ပါတယ္”လို႔ ထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။

Photo Credit

Unicode

အရန်ခုံမှာပဲထိုင်နေရတာကြောင့် စိတ်ပျက်နေတဲ့ ပူလီဆစ်

ချဲလ်ဆီးအသင်းတောင်ပံကစားသမားခရစ္စတီယန်ပူလီဆစ်က ပွဲထွက်ကစားရခြင်းမရှိတာကြောင့် အတော်ကိုစိတ်ပျက်နေတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
ပူလီဆစ်ဟာ ယမန်နေ့က ဘရိုက်တန်အသင်းကို ၂-ဝနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်တောင် မကစားခဲ့ရပါဘူး။ သူဟာ ချဲလ်ဆီးအသင်းနောက်ဆုံးယှဉ်ပြိုင်ထားတဲ့ ပွဲစဉ် ၅ ပွဲမှာ ၄ ပွဲအထိ အရန်ခုံမှာသာထိုင်နေခဲ့ရပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်ကြယ်ပွင့်ဟာ ပက်ဒရို၊ ဝီလျံ၊ မေဆင်မောင့်၊ အိုဒွိုင်းတို့ နောက်မှာသာ ပွဲထွက်ခွင့် ရရှိနေတာ ဖြစ်ပါတယ်။ ဒါကစတမ်းဖို့ဒ်ဘရစ်ချ်မှာ ပူလီဆစ်အတွက် ခက်ခဲတဲ့ ရာသီအစပြုမှု တစ်ခုပါပဲ။
ယမန်နေ့ကပွဲစဉ်အပြီးမှာတော့ ပူလီဆစ်က “ဟုတ်ပါတယ်၊ တကယ်ကိုဆိုးရွားတာပါ၊ အရမ်းအဆင်မပြေဖြစ်နေပါတယ်၊ ဒါပေမဲ့ ကျွန်တေ်ာအလုပ်ကို ပိုကြိုးကြိုးစားစားလုပ်မှာပါ၊ ကျွန်တော် ကစားချင်တာကြောင့်ပါ”လို့ ပြောပါတယ်။
ပူလီဆစ်ဟာ ဇန်နဝါရီက ပေါင် ၅၈ သန်းနဲ့ ချဲလ်ဆီးအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီဝက်ကတော့ ဒေါ့မွန်အသင်းမှာ အငှားနဲ့ဆက်လက်ကစားခဲ့တာဖြစ်ပါတယ်။
ပူလီဆစ်ရဲ့ ချဲလ်ဆီးကစားသမားအဖြစ် အစပြုမှုမှာတော့ ပရီးမီးယားလိဂ် အစောပိုင်းပွဲစဉ် ၄ ပွဲမှာ ၃ ပွဲအထိပါဝင်ခဲ့ရပေမယ့် အသက် ၂၁ နှစ်သားရဲ့ ပွဲထွက်ကစားခွင့်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့က ရှက်ဖီးလ်အသင်းနဲ့ပွဲကနောက်ဆုံး ဖြစ်နေခဲ့ပါတယ်။
ပွဲထွက်ခွင့် ဘာလို့နည်းပါးသွားရလဲလို့ နည်းပြလမ်းပတ်ကို မေးမယ်ဆိုရင်တော့ သူက ” အရမ်းမများပါဘူး၊ မင်းဆက်ကြိုးစား ၊ လေ့ကျင့်ရေးမှာတိုးတက်လာမယ်ဆိုရင် ပွဲထွက်လူစာရင်းမှာ ပြန်ပါလာမှာပဲလို့ ဖြေမှာပါ”လို့ ပူလီဆစ်ကပြောပါတယ်။
ဆက်လက်ပြီးပူလီဆစ်က “အသင်းသစ်ကိုစတင်ရောက်ရှိလာချိန်မှာ ဒါကစိန်ခေါ်မှုတစ်ခုပါပဲ၊ ဘယ်လောက် ခက်ခဲမယ်ဆိုတာ ကျွန်တေ်ာသိပါတယ်၊ ဒါကဘယ်တော့မှ မလွယ်ကူပါဘူး၊ ဒီလိုပျင်းရိငြီးငွေ့ဖွယ် အရန်ခုံကနေရုန်းထွက်ပြီး အသင်းလူစာရင်းမှာ ပြန်ပါနိုင်အောင် ကြိုးစားမှာပါ”
”ပြီးတော့ အသင်းကိုအနိုင်ရရှိအောင် ကူညီမှာပါ၊ ကျွန်တော် ကစားနိုင်သလောက် အချိန်အများကြီးကစားချင်ပါတယ်၊ ဒါက ကျွန်တော့်ရဲ့ အစစ်အမှန် ရည်မှန်းချက်ပါ၊ ကျွန်တော် ကွင်းထဲမှာရှိနေချင်ပါတယ်”လို့ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။