
Photo Credit
Photo Credit
ယူႏိုက္တက္ကြင္းလယ္လူ ဟြမ္မာတာက လြန္ခဲ့တဲ့ ၆နီးပါးက အုိးလ္ထရက္ဖို႔ဒ္အေျခစုိက္အသင္းကို ေျပာင္းေရႊ႕ဖို႔ ဆုံးျဖတ္ခဲ့တာဟာ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ျဖစ္ေၾကာင္း ေျပာၾကားခ့ဲသလို အသင္းကလည္း အရင္လိုေအာင္ျမင္မႈေတြျပန္ရဖုိ႔ တစ္ျဖည္းျဖည္းနီးစပ္ေနၿပီျစဖ္ေၾကာင္း အခုိင္အမာေျပာၾကားလုိက္ပါတယ္။
Photo Credit
အသက္ ၃၁ႏွစ္အရြယ္ရွိ စပိန္ႏိုင္ငံသား မာတာဟာ ခ်ဲလ္ဆီးအသင္းမွာ နည္းျပေမာ္ရင္ညိဳလက္ထက္ ပုံမွန္ပြဲထြက္ခြင့္ေပ်ာက္ဆုံးခ့ဲရၿပီးေနာက္ ၂၀၁၄ ဇန္န၀ါရီလက ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး(ထိုစဥ္က)နဲ႔ ယူႏုိက္တက္ကို ေရာက္ရွိလာခ့ဲတာျဖစ္ပါတယ္။
Photo Credit
ေမာ္ရင္ညိဳနဲ႔ မာတာတုိ႔ဟာ ယူႏုိက္တက္မွာ ျပန္လည္လက္တြဲခဲ့ေပမယ့္ မာတာကေတာ့ ခ်ဲလ္ဆီးနဲ႔အတူ ရရွိခဲ့တ့ဲအမွတ္ေပးခ်န္ပီယံဆု ၁ႀကိမ္ကို အခုခ်ိန္အထိ ထပ္မေပါင္းႏိုင္ေသးဘဲ ယူႏုိက္တက္ကစားသမားဘ၀ ၅ႏွစ္ခြဲကာလအတြင္း အက္ဖ္ေအဖလား၊ ယူ႐ိုပါလိဂ္ဖလားနဲ႔ လိဂ္ဖလားေတြသာရရွိထားပါတယ္။
Photo Credit
လက္ရွိအေနအထားအရ မာတာအေနနဲ႔ ေနာက္ထပ္အမွတ္ေပးခ်န္ပီယံျဖစ္ဖို႔ ကာလအပိုင္းအျခားတစ္ခုအထိ ေစာင့္ဆုိင္းရဦးမွာေသခ်ာလုနီးပါးျဖစ္ေနေပမယ့္ ကာကယံရွင္ျဖစ္သူကေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံ ၁၃ႀကိမ္ရရွိထားတဲ့အသင္းဆီ ေျပာင္းေရႊ႕ခဲ့ျခင္းအတြက္ ေနာင္တရမွာမဟုတ္ေၾကာင္း ေျပာပါတယ္။
Photo Credit ; Getty Images
”လူတခ်ိဳ႕ကေတာ့ ကၽြန္ေတာ့္အေနနဲ႔ ယူႏုိက္တက္ကို အခ်ိန္မွားေရာက္သြားတယ္လုိ႔ ေျပာၾကပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ့္အတြက္ကေတာ့ ဒီကလပ္က တကယ့္စပယ္ရွယ္ပါပဲ။ ကေလးဘ၀ကတည္းက ယူႏုိက္တက္အသင္း ခ်န္ပီယံဆုေတြရယူႏုိင္ခဲ့တာကို ျမင္ေတြ႕ခဲ့ပါတယ္။ ယူႏုိက္တက္ကို ေျပာင္းေရႊ႕ဖုိ႔ အခြင့္အေရးေပၚလာေတာ့ ကၽြန္ေတာ္ဘာမွမစဥ္းစားဘဲ လက္ခံခဲ့ပါတယ္”
Photo Credit
”ယူႏုိက္တက္ကစားသမားျဖစ္လာတဲ့ခံစားခ်က္က ဘာလဲဆုိလာ သိခ်င္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ အသင္းက ႀကီးမားတဲ့အေျပာင္းအလဲကာလကို ျဖတ္သန္းေနရတာမွန္ပါတယ္။ အခုလည္း ကၽြန္ေတာ္တုိ႔အသင္းဟာ အရင္လုိျပန္ျဖစ္ဖို႔ တစ္ျဖည္းျဖည္းနီးစပ္ေနပါၿပီ။ ယူႏုိက္တက္အသင္းအေနနဲ႔ ကုိယ္ရွိသင့္ေနရာ ျပန္ေရာက္ဖို႔ လမ္းမရွိဘူးဆုိတာေတာ့ မဟုတ္ပါဘူး”လုိ႔ မာတာက ေျပာပါတယ္။
Photo Credit
ယူႏိုက္တက္ဟာ ေနာက္ထပ္ပြဲက်ပ္အျဖစ္ တနလၤာညမွာ အာဆင္နယ္နဲ႔အိမ္ကြင္းပြဲကစားရမွာျဖစ္ၿပီး ပြဲစဥ္ ၆မွာ ၀က္စ္ဟမ္းကို ဂိုးျပတ္အေရးနိမ့္ခဲ့သလို ၾကားရက္မွာလည္း အသင္းငယ္ေလး ေရာ့ခ်္ေဒးလ္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔သာအႏုိင္ရခဲ့လုိ႔ နည္းျပဆုိးလ္ရွားလည္း ဖိအားေတြနဲ႔ ပိုမိုရင္ဆုိင္ေနရပါတယ္။
Photo Credit
Unicode
အရင်လိုအောင်မြင်မှုတွေပြန်ရဖို့ တစ်ဖြည်းဖြည်းနီးစပ်လာပြီဟု မာတာ ထုတ်ဖော်
ယူနိုက်တက်ကွင်းလယ်လူ ဟွမ်မာတာက လွန်ခဲ့တဲ့ ၆နီးပါးက အိုးလ်ထရက်ဖို့ဒ်အခြေစိုက်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သလို အသင်းကလည်း အရင်လိုအောင်မြင်မှုတွေပြန်ရဖို့ တစ်ဖြည်းဖြည်းနီးစပ်နေပြီစြဖ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။
အသက် ၃၁နှစ်အရွယ်ရှိ စပိန်နိုင်ငံသား မာတာဟာ ချဲလ်ဆီးအသင်းမှာ နည်းပြမော်ရင်ညိုလက်ထက် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ရပြီးနောက် ၂၀၁၄ ဇန်နဝါရီလက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး(ထိုစဉ်က)နဲ့ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
မော်ရင်ညိုနဲ့ မာတာတို့ဟာ ယူနိုက်တက်မှာ ပြန်လည်လက်တွဲခဲ့ပေမယ့် မာတာကတော့ ချဲလ်ဆီးနဲ့အတူ ရရှိခဲ့တဲ့အမှတ်ပေးချန်ပီယံဆု ၁ကြိမ်ကို အခုချိန်အထိ ထပ်မပေါင်းနိုင်သေးဘဲ ယူနိုက်တက်ကစားသမားဘ၀ ၅နှစ်ခွဲကာလအတွင်း အက်ဖ်အေဖလား၊ ယူရိုပါလိဂ်ဖလားနဲ့ လိဂ်ဖလားတွေသာရရှိထားပါတယ်။
လက်ရှိအနေအထားအရ မာတာအနေနဲ့ နောက်ထပ်အမှတ်ပေးချန်ပီယံဖြစ်ဖို့ ကာလအပိုင်းအခြားတစ်ခုအထိ စောင့်ဆိုင်းရဦးမှာသေချာလုနီးပါးဖြစ်နေပေမယ့် ကာကယံရှင်ဖြစ်သူကတော့ ပရီးမီးယားလိဂ်ချန်ပီယံ ၁၃ကြိမ်ရရှိထားတဲ့အသင်းဆီ ပြောင်းရွှေ့ခဲ့ခြင်းအတွက် နောင်တရမှာမဟုတ်ကြောင်း ပြောပါတယ်။
”လူတချို့ကတော့ ကျွန်တော့်အနေနဲ့ ယူနိုက်တက်ကို အချိန်မှားရောက်သွားတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ ဒီကလပ်က တကယ့်စပယ်ရှယ်ပါပဲ။ ကလေးဘဝကတည်းက ယူနိုက်တက်အသင်း ချန်ပီယံဆုတွေရယူနိုင်ခဲ့တာကို မြင်တွေ့ခဲ့ပါတယ်။ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အခွင့်အရေးပေါ်လာတော့ ကျွန်တော်ဘာမှမစဉ်းစားဘဲ လက်ခံခဲ့ပါတယ်”
”ယူနိုက်တက်ကစားသမားဖြစ်လာတဲ့ခံစားချက်က ဘာလဲဆိုလာ သိချင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသင်းက ကြီးမားတဲ့အပြောင်းအလဲကာလကို ဖြတ်သန်းနေရတာမှန်ပါတယ်။ အခုလည်း ကျွန်တော်တို့အသင်းဟာ အရင်လိုပြန်ဖြစ်ဖို့ တစ်ဖြည်းဖြည်းနီးစပ်နေပါပြီ။ ယူနိုက်တက်အသင်းအနေနဲ့ ကိုယ်ရှိသင့်နေရာ ပြန်ရောက်ဖို့ လမ်းမရှိဘူးဆိုတာတော့ မဟုတ်ပါဘူး”လို့ မာတာက ပြောပါတယ်။
ယူနိုက်တက်ဟာ နောက်ထပ်ပွဲကျပ်အဖြစ် တနင်္လာညမှာ အာဆင်နယ်နဲ့အိမ်ကွင်းပွဲကစားရမှာဖြစ်ပြီး ပွဲစဉ် ၆မှာ ဝက်စ်ဟမ်းကို ဂိုးပြတ်အရေးနိမ့်ခဲ့သလို ကြားရက်မှာလည်း အသင်းငယ်လေး ရော့ချ်ဒေးလ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့သာအနိုင်ရခဲ့လို့ နည်းပြဆိုးလ်ရှားလည်း ဖိအားတွေနဲ့ ပိုမိုရင်ဆိုင်နေရပါတယ်။