အယ်လ်ဆက်ဒ်က လက်မလွှတ်လိုပေမယ့် ဘာစီလိုနာနည်းပြအဖြစ်ဆောင်ရွက်ဖို့ဆန္ဒပြင်းပြနေတဲ့ ဇာဗီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ဇာဗီကို အယ်လ်ဆက်ဒ်အသင်းက လက်မလွှတ်လိုပေမယ့်လည်း

ဇာဗီကိုယ်တိုင်က ဘာစီလိုနာအသင်းနည်းပြအဖြစ်ဆောင်ရွက်ဖို့စိတ်အားထက်သန်နေပြီး မကြာခင်ကာလအတွင်း ဆွေးနွေးမှုအထမြောက်ဖို့မျှော်လင်တယ်ဆိုပြီးဖွင့်ဟပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ နည်းပြရော်နယ်လ်ကိုးမန်းကို ရာထူးကထုတ်ပယ်ခဲ့ပြီးတဲ့နောက် အသင်းရဲ့ဂန္ထဝင်ကစားသမားဇာဗီကို

နည်းပြသစ်ခန့်အပ်နိုင်ဖို့အပြင်းအထန်ကြိုးစားနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ကာတာနိုင်ငံကို တာဝန်ရှိသူတွေစေလွှတ်ပြီးတော့ ဇာဗီရဲ့အပြောင်းအရွှေ့အတွက် အယ်လ်ဆက်ဒ်တာဝန်ရှိသူတွေနဲ့ဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ စပိန်မီဒီယာတွေက ဇာဗီဟာ ဘာစီလိုနာအသင်းနည်းပြသစ်အဖြစ်ဆောင်ရွက်ဖို့ သဘောတူညီမှုရခဲ့ပြီလို့ဖော်ပြခဲ့သလို

နာမည်ကျော်အားကစားသတင်းစာ Marca ကလည်း လာမယ့်နာရီပိုင်းအတွင်း ဇာဗီကို ဘာစီလိုနာအသင်းနည်းပြခန့်သွားဖို့ရှိတယ်ဆိုပြီးဖော်ပြနေကြပါတယ်။

ဒါပေမဲ့ အယ်လ်ဆက်ဒ်အသင်းကတော့ အသင်းအတွက်အောင်မြင်မှုတွေရယူပေးခဲ့တဲ့ဇာဗီကို ဆက်ထိန်းထားချင်တဲ့အပြင် အခုလိုရာသီဝက်ကာလအတွင်း နည်းပြအပြောင်းအလဲလုပ်ဖို့ဆန္ဒမရှိဘူးလို့တုံ့ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အယ်လ်ဆက်ဒ်အသင်းက “ကျွန်တော်တို့ဘက်ကတော့ ရှင်းပါတယ်။

ဇာဗီကို နည်းပြအဖြစ်ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ကြိုးစားသွားမှာဖြစ်ပြီး အခုလိုရာသီတစ်ခုရဲ့ပြိုင်ဆိုင်မှုအမြင့်ဆုံးဖြစ်နေချိန်မှာ ဇာဗီကို နည်းပြရာထူးကနေထွက်ခွာခွင့်ပေးမှာမဟုတ်ပါဘူး”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အခု ဇာဗီကိုယ်တိုင်က ဘာစီလိုနာအသင်းကို ပြန်ချင်တယ်လို့ အတိအလင်းဝန်ခံပြောဆိုလိုက်တာကြောင့် အယ်လ်ဆက်ဒ်အသင်းအနေနဲ့ ဇာဗီကို ဆက်ထိန်းနိုင်ဖို့က ခက်ခဲနေပါပြီ။

ဇာဗီက “ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဘာစီလိုနာအသင်းတာဝန်ရှိသူတွေနဲ့ ကျွန်တော်စကားပြောဆိုခဲ့ပြီး သဘောတူညီမှုလည်းရခဲ့ပါတယ်။

ဒါပေမဲ့အခုအချိန်မှာ နှစ်ဖက်အသင်းအကြားဆွေးနွေးမှုရလဒ်က အဓိကကျပြီး သူတို့တွေသဘောတူညီမှုရဖို့လိုအပ်ပါတယ်။

ဘာစီလိုနာအသင်းဟာ နည်းပြရာထူးအတွက် လာရောက်ဆွေးနွေးချိန်မှာ ကျွန်တော်တို့တွေ စိတ်လှုပ်ရှားရသလို အသင်းနည်းပြအဖြစ်ဆောင်ရွက်ခွင့်ရဖို့ စိတ်အားထက်သန်မိပါတယ်။

အဆုံးသတ်အဖြေက ဘယ်လိုထွက်လာမလဲဆိုတာစောင့်ကြည့်ရမှာပါ။

ကျွန်တော်ကတော့ အိမ်ကိုအရမ်းပြန်ချင်နေပြီဖြစ်တဲ့အတွက် ဆွေးနွေးမှုအဆင်ပြေပါစေလို့ပဲမျှော်လင့်ထားပါတယ်”လို့ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အယ္လ္ဆက္ဒ္က လက္မလႊတ္လိုေပမယ့္ ဘာစီလိုနာနည္းျပအျဖစ္ေဆာင္႐ြက္ဖို႔ဆႏၵျပင္းျပေနတဲ့ ဇာဗီ

ဘာစီလိုနာနည္းျပသစ္ျဖစ္လာဖို႔ ေရပန္းစားေနတဲ့ဇာဗီကို အယ္လ္ဆက္ဒ္အသင္းက လက္မလႊတ္လိုေပမယ့္လည္း ဇာဗီကိုယ္တိုင္က ဘာစီလိုနာအသင္းနည္းျပအျဖစ္ေဆာင္႐ြက္ဖို႔စိတ္အားထက္သန္ေနၿပီး မၾကာခင္ကာလအတြင္း ေဆြးေႏြးမႈအထေျမာက္ဖို႔ေမွ်ာ္လင္တယ္ဆိုၿပီးဖြင့္ဟေျပာဆိုလိုက္ပါတယ္။

ဘာစီလိုနာအသင္းဟာ နည္းျပေရာ္နယ္လ္ကိုးမန္းကို ရာထူးကထုတ္ပယ္ခဲ့ၿပီးတဲ့ေနာက္ အသင္းရဲ႕ဂႏၴဝင္ကစားသမားဇာဗီကို နည္းျပသစ္ခန႔္အပ္ႏိုင္ဖို႔အျပင္းအထန္ႀကိဳးစားေနၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းကတည္းက ကာတာႏိုင္ငံကို တာဝန္ရွိသူေတြေစလႊတ္ၿပီးေတာ့ ဇာဗီရဲ႕အေျပာင္းအေ႐ႊ႕အတြက္ အယ္လ္ဆက္ဒ္တာဝန္ရွိသူေတြနဲ႔ေဆြးေႏြးမႈေတြျပဳလုပ္ေနၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းမွာ စပိန္မီဒီယာေတြက ဇာဗီဟာ ဘာစီလိုနာအသင္းနည္းျပသစ္အျဖစ္ေဆာင္႐ြက္ဖို႔ သေဘာတူညီမႈရခဲ့ၿပီလို႔ေဖာ္ျပခဲ့သလို နာမည္ေက်ာ္အားကစားသတင္းစာ Marca ကလည္း လာမယ့္နာရီပိုင္းအတြင္း ဇာဗီကို ဘာစီလိုနာအသင္းနည္းျပခန႔္သြားဖို႔ရွိတယ္ဆိုၿပီးေဖာ္ျပေနၾကပါတယ္။ ဒါေပမဲ့ အယ္လ္ဆက္ဒ္အသင္းကေတာ့ အသင္းအတြက္ေအာင္ျမင္မႈေတြရယူေပးခဲ့တဲ့ဇာဗီကို ဆက္ထိန္းထားခ်င္တဲ့အျပင္ အခုလိုရာသီဝက္ကာလအတြင္း နည္းျပအေျပာင္းအလဲလုပ္ဖို႔ဆႏၵမရွိဘူးလို႔တုံ႔ျပန္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့အဂၤါေန႔မွာ အယ္လ္ဆက္ဒ္အသင္းက “ကြၽန္ေတာ္တို႔ဘက္ကေတာ့ ရွင္းပါတယ္။ ဇာဗီကို နည္းျပအျဖစ္ဆက္လက္ထိန္းသိမ္းသြားႏိုင္ဖို႔ႀကိဳးစားသြားမွာျဖစ္ၿပီး အခုလိုရာသီတစ္ခုရဲ႕ၿပိဳင္ဆိုင္မႈအျမင့္ဆုံးျဖစ္ေနခ်ိန္မွာ ဇာဗီကို နည္းျပရာထူးကေနထြက္ခြာခြင့္ေပးမွာမဟုတ္ပါဘူး”လို႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ဒါေပမဲ့လည္း အခု ဇာဗီကိုယ္တိုင္က ဘာစီလိုနာအသင္းကို ျပန္ခ်င္တယ္လို႔ အတိအလင္းဝန္ခံေျပာဆိုလိုက္တာေၾကာင့္ အယ္လ္ဆက္ဒ္အသင္းအေနနဲ႔ ဇာဗီကို ဆက္ထိန္းႏိုင္ဖို႔က ခက္ခဲေနပါၿပီ။

ဇာဗီက “ၿပီးခဲ့တဲ့ရက္ပိုင္းကတည္းက ဘာစီလိုနာအသင္းတာဝန္ရွိသူေတြနဲ႔ ကြၽန္ေတာ္စကားေျပာဆိုခဲ့ၿပီး သေဘာတူညီမႈလည္းရခဲ့ပါတယ္။ ဒါေပမဲ့အခုအခ်ိန္မွာ ႏွစ္ဖက္အသင္းအၾကားေဆြးေႏြးမႈရလဒ္က အဓိကက်ၿပီး သူတို႔ေတြသေဘာတူညီမႈရဖို႔လိုအပ္ပါတယ္။ ဘာစီလိုနာအသင္းဟာ နည္းျပရာထူးအတြက္ လာေရာက္ေဆြးေႏြးခ်ိန္မွာ ကြၽန္ေတာ္တို႔ေတြ စိတ္လႈပ္ရွားရသလို အသင္းနည္းျပအျဖစ္ေဆာင္႐ြက္ခြင့္ရဖို႔ စိတ္အားထက္သန္မိပါတယ္။ အဆုံးသတ္အေျဖက ဘယ္လိုထြက္လာမလဲဆိုတာေစာင့္ၾကည့္ရမွာပါ။ ကြၽန္ေတာ္ကေတာ့ အိမ္ကိုအရမ္းျပန္ခ်င္ေနၿပီျဖစ္တဲ့အတြက္ ေဆြးေႏြးမႈအဆင္ေျပပါေစလို႔ပဲေမွ်ာ္လင့္ထားပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။