
Photo Credit ; Getty Images / Goal
Photo Credit
ကြာသပတေးနေ့ညမှာကစားရမယ့် အယ်လ်ခမာနဲ့ အဝေးကွင်းပွဲစဉ်အတွက် ယူနိုက်တက်အသင်းလူစာရင်းမှာ အားထားရတဲ့ကွင်းလယ်လူ ပေါ့ဂ်ဘာနဲ့ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာတို့ မပါဝင်ကြောင်း သိရပါတယ်။
Photo Credit
ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာဟာ ကာရာဘောင်ဖလားပွဲအပြီးမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပေမယ့် တနင်္လာညက အာဆင်နယ်နဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာ ဦးစားပေးကစားသမားအဖြစ် ပွဲချိန်ပြည့်ပါဝင်ကစားသွားပါတယ်။
Photo Credit
ဝမ်ဘစ်ဆာကာကတော့ အဖျားရောဂါကြောင့် အာဆင်နယ်နဲ့ပွဲကို လွဲချော်ခဲ့ရပြီး အသင်းခေါင်းဆောင် အက်ရှ်လေယန်းက ညာနောက်ခံလူအဖြစ် ဝမ်ဘစ်ဆာကာရဲ့နေရာမှာ အစားထိုးပါဝင်ကစားသွားပါတယ်။
Photo Credit
အခုလည်း ယူရိုပါလိဂ်အုပ်စုဒုတိယပွဲစဉ်အတွက် အသင်းရဲ့လူစာရင်းမှာ သူတို့နှစ်ယောက်စလုံး ပါဝင်မလာဘဲ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဘယ်နောက်ခံလူ လုခ်ရှောနဲ့ တိုက်စစ်မှူး မာရှယ်တို့လည်း ဆက်လက်အနားယူနေရဆဲဖြစ်ကြောင်း သိရပါတယ်။
Photo Credit
မာရှယ်ဟာ သြဂုတ်လအတွင်း ပဲလေ့စ်ကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဖီးလ်ဂျုံးစ်လည်း ဒဏ်ရာကနေ ပြန်လည်မသက်သာလာသေးလု့ိ အနားယူနေရဆဲဖြစ်ပါတယ်။
Photo Credit
ဒါပေမဲ့ ညာနောက်ခံလူ ဒါလော့နဲ့ လူငယ်ကွင်းလယ်လူ အိန်ဂျယ်ဂိုမက်စ်တို့ကတော့ အသေးစားဒဏ်ရာပြဿနာတွေကနေ ပြန်လည်သက်သာလာလို့ အသင်းရဲ့လူစာရင်းမှာ ပါဝင်လာပြီး ရော့ချ်ဒေးလ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့တဲ့ကာရာဘောင်ဖလားပွဲမှာ ပထမဆုံးပွဲထွက်အဖြစ် ပါဝင်ကစားခွင့်ရခဲ့တဲ့လူငယ်ကစားသမား ဘရန်ဒန်ဝီလျံလည်း ပါဝင်လာပါတယ်။
Photo Credit
နည်းပြဆိုးလ်ရှားရဲ့လူစာရင်းမှာ အကယ်ဒမီထွက်ကစားသမား ၁၀ဦးအထိ ပါဝင်နေပြီး ကွင်းလယ်လူတွေဖြစ်တဲ့ တာဟစ်ချောင်နဲ့ ဂျိမ်းစ်ဂါနာတို့လည်း ပွဲထွက်စာရင်းမှာ ပါဝင်လာဖို့ ရာခိုင်နှုန်းများနေပါတယ်။
Photo Credit
ယူနိုက်တက်ဟာ စက်တင်ဘာလ ၁၉ရက်နေ့က အက်စ်တာနာကို လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့ဂိုးကြောင့် ၁-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် ၂ပွဲဆက်အနိုင်ရဖို့ မျှော်လင့်နေပြီး နည်းပြဆိုးလ်ရှားကလည်း ၁၉၈၉ နောက်ပိုင်း အဆိုးရွားဆုံးရာသီအစနဲ့ရင်ဆိုင်နေရပါတယ်။
Photo Credit ; Getty Images
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၇အပြီးမှာ ၉မှတ်သာရရှိထားပြီး ကြာသပတေးညပွဲပြီးရင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တနင်္ဂနွေနေ့မှာ နယူးကာဆယ်အသင်းနဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။
Photo Credit
Zawgyi
အယ္လ္ခမာနဲ႔ပြဲအတြက္ ယူႏိုက္တက္လူစာရင္းမွာ ေပါ့ဂ္ဘာနဲ႔ ၀မ္ဘစ္ဆာကာတု႔ိ မပါ၀င္
ၾကာသပေတးေန႔ညမွာကစားရမယ့္ အယ္လ္ခမာနဲ႔ အေ၀းကြင္းပဲြစဥ္အတြက္ ယူႏုိက္တက္အသင္းလူစာရင္းမွာ အားထားရတဲ့ကြင္းလယ္လူ ေပါ့ဂ္ဘာနဲ႔ ညာေနာက္ခံလူ ၀မ္ဘစ္ဆာကာတုိ႔ မပါ၀င္ေၾကာင္း သိရပါတယ္။
ျပင္သစ္လက္ေရြးစင္ ေပါ့ဂ္ဘာဟာ ကာရာေဘာင္ဖလားပြဲအၿပီးမွာ ေျခက်င္း၀တ္ဒဏ္ရာရခဲ့ေပမယ့္ တနလၤာညက အာဆင္နယ္နဲ႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ပြဲမွာ ဦးစားေပးကစားသမားအျဖစ္ ပဲြခ်ိန္ျပည့္ပါ၀င္ကစားသြားပါတယ္။
၀မ္ဘစ္ဆာကာကေတာ့ အဖ်ားေရာဂါေၾကာင့္ အာဆင္နယ္နဲ႔ပဲြကို လြဲေခ်ာ္ခဲ့ရၿပီး အသင္းေခါင္းေဆာင္ အက္ရွ္ေလယန္းက ညာေနာက္ခံလူအျဖစ္ ၀မ္ဘစ္ဆာကာရဲ႕ေနရာမွာ အစားထိုးပါ၀င္ကစားသြားပါတယ္။
အခုလည္း ယူ႐ိုပါလိဂ္အုပ္စုဒုတိယပြဲစဥ္အတြက္ အသင္းရဲ႕လူစာရင္းမွာ သူတို႔ႏွစ္ေယာက္စလုံး ပါ၀င္မလာဘဲ ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ဘယ္ေနာက္ခံလူ လုခ္ေရွာနဲ႔ တုိက္စစ္မွဴး မာရွယ္တုိ႔လည္း ဆက္လက္အနားယူေနရဆဲျဖစ္ေၾကာင္း သိရပါတယ္။
မာရွယ္ဟာ ၾသဂုတ္လအတြင္း ပဲေလ့စ္ကို အေရးနိမ့္ခဲ့တ့ဲ ပရီးမီးယားလိဂ္ပြဲမွာ တံေကာက္ေၾကာဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ဖီးလ္ဂ်ံဳးစ္လည္း ဒဏ္ရာကေန ျပန္လည္မသက္သာလာေသးလု႔ိ အနားယူေနရဆဲျဖစ္ပါတယ္။
ဒါေပမ့ဲ ညာေနာက္ခံလူ ဒါေလာ့နဲ႔ လူငယ္ကြင္းလယ္လူ အိန္ဂ်ယ္ဂိုမက္စ္တုိ႔ကေတာ့ အေသးစားဒဏ္ရာျပႆနာေတြကေန ျပန္လည္သက္သာလာလုိ႔ အသင္းရဲ႕လူစာရင္းမွာ ပါ၀င္လာၿပီး ေရာ့ခ်္ေဒးလ္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရခဲ့တဲ့ကာရာေဘာင္ဖလားပြဲမွာ ပထမဆုံးပြဲထြက္အျဖစ္ ပါ၀င္ကစားခြင့္ရခဲ့တဲ့လူငယ္ကစားသမား ဘရန္ဒန္၀ီလ်ံလည္း ပါ၀င္လာပါတယ္။
နည္းျပဆုိးလ္ရွားရဲ႕လူစာရင္းမွာ အကယ္ဒမီထြက္ကစားသမား ၁၀ဦးအထိ ပါ၀င္ေနၿပီး ကြင္းလယ္လူေတြျဖစ္တဲ့ တာဟစ္ေခ်ာင္နဲ႔ ဂ်ိမ္းစ္ဂါနာတုိ႔လည္း ပြဲထြက္စာရင္းမွာ ပါ၀င္လာဖို႔ ရာခုိင္ႏႈန္းမ်ားေနပါတယ္။
ယူႏိုက္တက္ဟာ စက္တင္ဘာလ ၁၉ရက္ေန႔က အက္စ္တာနာကို လူငယ္တုိက္စစ္မွဴး ဂရင္း၀ုဒ္ရဲ႕ဂုိးေၾကာင့္ ၁-၀ ဂိုးနဲ႔အႏုိင္ရခဲ့ၿပီးေနာက္ ၂ပြဲဆက္အႏိုင္ရဖို႔ ေမွ်ာ္လင့္ေနၿပီး နည္းျပဆုိးလ္ရွားကလည္း ၁၉၈၉ ေနာက္ပိုင္း အဆုိးရြားဆုံးရာသီအစနဲ႔ရင္ဆုိင္ေနရပါတယ္။
ယူႏုိက္တက္ဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၇အၿပီးမွာ ၉မွတ္သာရရွိထားၿပီး ၾကာသပေတးညပဲြၿပီးရင္ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ တနဂၤေႏြေန႔မွာ နယူးကာဆယ္အသင္းနဲ႔ အေ၀းကြင္းပြဲကစားရမွာျဖစ္ပါတယ္။